Sales Hotline : 09448001653       Download App



နည်းပညာတက္ကသိုလ်များရှိကျောင်းသား/သူများ ပညာသင်ဆုလျှောက်ထားနိုင်ပြီ

** Unicode **

နည်းပညာတက္ကသိုလ်များရှိကျောင်းသား/သူများအတွက် (The Honda Young Engineer and Scientist Program Awarding) Honda Y.E.S Award-2020 ပညာသင်ဆုကို ဇူလိုင်လတွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်းသိရပါတယ်။

၎င်းဆုကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (မန္တလေး)တို့မှ ပဉ္ဒမနှစ် (သို့) နောက်ဆုံးနှစ်ပညာသင်ကြားလျက် ရှိသောကျောင်းသား/သူများလျှောက်ထားနိုင်ကြောင်းသိရပါတယ်။

လျှောက်လွှာများကို သက်ဆိုင်ရာတက္ကသိုလ်များတွင်သာ လျှောက်ထားရမည်ဖြစ်ပြီး ပဏာမအဆင့်ရွေးချယ်ခြင်းကို သက်ဆိုင်ရာတက္ကသိုလ်များက ပြုလုပ်မည်ဖြစ်ပါတယ်။

လျှောက်ထားရန်ကျောင်းသား/သူများကို ၎င်းတို့တက္ကသိုလ်မှ ပါမောက္ခချုပ်များမှ ရွေးချယ်ပေးမည်ဖြစ်ပါတယ်။

တက္ကသိုလ်တစ်ခုလျှင် (၁၀) ယောက်ရွေးချယ်ပေးမည်ဖြစ်ပါတယ်။

၎င်းမှတစ်ဆင့် ပညာသင်ဆုကိုဆက်လက်၍ ဖြေဆိုရမည်ဖြစ်ပါတယ်။

ရရှိသော ကျောင်းသား/သူများကို အမေရိကန်ဒေါ်လာ (၃၀၀၀) ပေးအပ်မည်ဟု မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှတာဝန်ရှိသူတစ်ဦးပြောကြားချက်အရသိရပါတယ်။

ထိုသို့ရွေးချယ်ခြင်းအတွက် ဒုတိယအဆင့်အနေဖြင့် စာစီစာကုံးကို မြန်မာဘာသာငြဖ့် ဖြေဆိုရမည်ဖြစ်ပြီး မန္တလေးနည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (မန္တလေး) တို့မှ ကျောင်းသား/သူများသည် နည်းပညာတကဎ္ကသိုလ် (မန္တလေး) တွင်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ်များမှ ကျောင်းသား/သူများသည် (MAJA) ရုံးခန်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်းသိရပါတယ်။

တတိယအဆင့်အနေဖြင့် စာစီစာကုံးကို အင်္ဂလိပ်ဘာသာဖြင့်ဖြေဆိုရမည်ဖြစ်ပြီး နောက်ဆုံးအဆင့် လူတွေ့စစ်ဆေးခြင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရမည်ဖြစ်ပါတယ်။

Read More:>>>  စစ်ကိုင်းရှိသမဝါယတက္ကသိုလ်မှ အချိန်ပိုင်းသင်တန်းသားခေါ်ယူခြင်း

၎င်းပညာသင်ဆုကို Honda Foundation နှင့် MAJA တို့ပူးပေါင်းပေးအပ်မည်ဖြစ်ပါတယ်။

Honda Y.E.S Award 2019 မှပညာသင်ဆုရရှိခဲ့သော ကျောင်းသား/သူများကို ဖေဖော်ဝါရီလ (၉) ရက်တွင် Park Royal Hotel တွင် ဆုပေးအပ်ခဲ့ကြောင်းသိရပါတယ်။

Credit: မြဝတီ

 

** Zawgyi **


၎င်းဆုကို ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (မန္တလေး)တို့မှ ပဥ္ဒမနှစ် (သို့) နောက်ဆုံးနှစ်ပညာသင်ကြားလျက် ရှိသောကျောင်းသား/သူများလျှောက်ထားနိုင်ကြောင်းသိရပါတယ်။


လျှောက်ထားရန်ကျောင်းသား/သူများကို ၄င်းတို့တက္ကသိုလ်မှ ပါမောက္ခချုပ်များမှ ရွေးချယ်ပေးမည်ဖြစ်ပါတယ်။






Read More:>>>  စစ်ကိုင်းရှိသမဝါယတက္ကသိုလ်မှ အချိန်ပိုင်းသင်တန်းသားခေါ်ယူခြင်း



Credit: မြဝတီ

News Tips International Local Latest Post Read 1472 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176