Sales Hotline : 09448001653       Download App



**ဆယ်တန်းကျောင်းသား/သူများ စာကျက်ကိုချိန်သီးသန့်ထုတ်ထားသင့်**

**ဆယ်တန်းကျောင်းသား/သူများ စာကျက်ကိုချိန်သီးသန့်ထုတ်ထားသင့်**

**Unicode**

 

ယနေ့ခေတ်မှာ ပညာရေးစနစ်ဘယ်လောက်ပဲတိုးတက်ပြောင်းလဲနေပါစေ မိဘတိုင်း/ ကျောင်းသားတိုင်း အတွေးထဲမှာ နေရာယူထားတဲ့ အရာတစ်ခုပြောဆိုရင် ကျောင်းတွေမှာ စာဘယ်လောက်ပဲ သင်ခဲ့သင်ခဲ့ ကျူရှင်ထားမှ ကိုယ့်သားသမီးတွေ စာရမယ်၊ Guide ဆရာတစ်ဦးလောက်တော့ ဌားကိုဌားရမယ်၊ ဘော်ဒါလေးမာျး ထားလိုက်ရင် ငါ့သားသမီးတွေ စာပိုရမယ်၊ အဲ့ဒီလို အတွေးမျိုးစုံက ဝင်ရောက်နေရာယူထားစမြဲပါ။

အမှန်မှာ အဲ့ဒီလို"လုံးဝ"မဟုတ်တဲ့ အချက်တစ်ချက်ရှိနေပါတယ်။ ဘယ်ကျောင်းပဲတက်တက်၊ ဘယ်လောက်ပဲကောင်းတဲ့ ဆရာသမားကိုဌားပြီး Guide ပဲသင်သင်၊ နာမည်ကြီး ဘော်ဒါတွေ ကိုယ်ပိုင်အထက်တန်းကျောင်းတွေပဲထားထား အားလုံးသိနေတဲ့အတိုင်း မိဘ/ ဆရာ/ ကျောင်းသား (၃) ဦးပူးပေါင်းမှသာ အောင်မြင်မှုရရှိနိုင်တာပါ။

အဲ့ဒီလို မိဘ/ ဆရာ/ ကျောင်းသား (၃) ဦးထဲမှာမှ အဓိက အကျဆုံးတရားခံမှာ ကျောင်းသားဖြစ်ပါတယ်။ မိမိကိုယ်တိုင် ကြိုးစားမှ ရနိုင်တယ်ဆိုတဲ့ အသိဝင်နေဖို့ အင်မတန်အရေးကြီးပါတယ်။ မိဘကဘယ်လောက်ပဲ ပံ့ပိုးမှုကောင်းနေပါစေ၊ ဆရာသမားရဲ့ သင်ပြမှုကောင်းနေပါစေ၊ ကိုယ်တိုင်ကြိုးစားအားထုတ်မှု မရှိရင်လိုရာပန်းတိုင်ကို ရောက်အောင်သွားနိုင်မှာ မဟုတ်ပါဘူး။

ကျောင်းသားအများစုက ကျောင်းမှာစာသင်လာတယ်။ ကျူရှင်မှာ စာသင်လာတယ်၊ Guide ဆရာက စာတွေရှင်းပြ၊ တွက်ပြ၊ ဝိုင်းလုပ်တယ်၊ ဘော်ဒါနေတဲ့ ကလေးတွေအချိန်နဲ့ အိပ်၊ စား၊ စာလုပ်ရတယ်။ ဒါကသူတို့ရဲ့ တနေ့တာ သင်သမျှစာကို ငါတို့စာလုပ်လုပ်ပြီးပြီလို့ ထင်မှတ်နေတတ်ကြတယ်။

အမှန်တကယ်ပြန်လည်သုံးသပ်ကြည့်ပါ။ လုံးဝကိုမှားယွင်းနေပါတယ်။ ဘယ်လိုကျောင်းတွေ၊ Guide ဆရာတွေ၊ ဘော်ဒါတွေ ဘယ်လိုပဲ အချိန်အခါနဲ့ သင်ခဲ့ပြီးပါစေအုံး မိမိရဲ့ ကိုယ်ပိုင်စာလုပ်ချိန်၊ စာကျက်ချိန်ကို သီးသန့်ထုတ်ကို ထုတ်ထားရပါမယ်။


ဥပမာ- သာမန်အခြေခံမိသားစုက ပေါက်ဖွားလာတဲ့ သားသမီးတစ်ဦးဟာဆိုရင် ပုံမှန်အရ မိုးလင်းရင်ကျောင်းသွားမယ်၊ ပြန်လာမယ်၊ ကျူရှင်သွားမယ်၊ ပြန်လာမယ်၊ သူတို့အတွေးမှာ ကျောင်းမှာ၊ ကျူရှင်မှာ ငါစာလုပ်ခဲ့ပြီးပြပေါ့။

ဒီစာကို ငါတကယ်ရ/မရကို မဆန်းစစ်သင့်ဘူးလားဆိုတဲ့ အတွေးမျိုး အယောက် (၁၀၀) မှာ (၁) ယောက်တွေးတာ အင်မတန်ရှားနေတယ်။ အဲ့ဒီလိုအတွေးမျိုးကို စတင်ပြောင်းလဲလိုက်ပါ။ ငါ့ရဲ့ကိုယ်ပိုင်စာလုပ်ချိန် ရှိကိုရှိရမယ်ဆိုတဲ့ စိတ်ကိုခေါင်းထဲရိုက်ထည့်လိုက်ပါ။ ငါသည် ဆယ်တန်းဆိုတဲ့ ပညာအရည်အချင်းကို ရကိုရ ရမယ်၊ အောင်ကိုအောင်ရမယ်၊ ဘယ်လိုအမှတ်ပဲ ရရ ငါအောင်ရမယ်၊ အဲ့ဒီလိုအေတွေးကို တွေးပါ၊ လိုက်လံကျင့်သုံးပါ၊ အမှန်တကယ်သင်အောင်မြင်ပါလိမ့်မယ်။

များသောအားဖြင့် အထက်တန်းကျောင်းသားတွေအတွက် စာကျက်ချိန်က တရက်ကို (၆) နာရီပါ၊ (၆) နာရီလဲကိုလဲ ဘယ်သူမှ စာမလုပ်ပါဘူး၊ အချိန်လဲအဲ့ဒီလောက်မရနိုင်ဘူး၊ အများစုကျောင်းသားတွေက ပုံမှန်လောက်ပဲစာလုပ်တယ်။

ဥပမာ- ကျက်စာတစ်ခုကို ကျက်ကြည့်လိုက်ပါ ဦးနှောက်က (၁) နာရီလောက်ကျက်လိုက်ပြီဆိုတာနဲ့ စာထပ်မကျက်နိုင်တော့ဘူး ဖတ်တာလောက်ပဲရတော့မယ်။ အလွတ်မကျက်နိုင်တော့ဘူး ပူထူနေပြီ၊ အဲ့ဒီလိုအချျိန်ဆို ခနနားနေလိုက်ပါ၊ ဆက်တိုက်မလုပ်ပါနဲ့၊ ဘယ်လိုကျောင်းမျိုးမှ သင်ခန်းစာတစ်ခန်းကို တစ်ရက်ထဲအပြီးသင်လိုက်တာမရှိပါဘူး၊ သက်ဆိုင်ရာ သီအိုရီနဲ့ ကိုက်ညီတဲ့စာတွေ၊ Formula နဲ့ ကိုက်ညီတဲ့ တွက်စာမျိုး Choice ပြီး ပိုင်းဖြတ်ပြီး သင်ကြားပေးတာပါ။ အများကြီးသင်တာမျိုးမဟုတ်ပါဘူး၊ ကျက်စာလဲ ဒီလိုမျိုးပါပဲ။

ကိုယ်ကသာ တစ်နေ့စာကို လေ့ကျင့်မယ်၊ တွက်ချက်မယ်၊ ကျက်မှတ်မယ်၊ ပြီးရင် ကိုယ်တိုင်ပြန်းပြီးမေးကြည့်မယ်၊ တကယ်ရနေတာလား/ မရတာလား၊ မေးခွန်းဟောင်းတွေနဲ့လေ့ကျင့်မယ်၊ မေးခွန်းပုံစုံ ဘယ်လိုပုံစံပြောင်းလဲပြီး မေးတတ်လည်း လေ့လာမယ်ဆိုရင် အဆင်ပြေမှုရရှိလာပါလိမ့်မယ်။ ကိုယ်ရဲ့တစ်နေ့တာကို ကိုယ်တိုင်ပဲ ပိုင်းခြားထားလိုက်ပါ။

တစ်နေ့စာ တစ်နေ့ပြီးမယ်ဆိုရင်၊ တစ်ပတ်စာကို ပေါင်းပြီးလုပ်ကြည့်လိုက်ပါ။ တစ်ပတ်စာလုံးသင်လာတဲ့စာ ကအဆင်ပြေနေမယ်ဆို တစ်လစာ ကိုပေါင်းပြီးလုပ်ကြည့်လိုက်ပါ။ အဆင်ပြေလား၊ လိုအပ်ချက်ရှိလားသိလာနိုင်ပါတယ်။ လိုအပ်ရင် ပြန်လည်လေ့လာကျက်မှတ်မယ်၊ အဲ့ဒီလိုသာ သင်ပုံမှန်လုပ်သွားပါ သင်အောင်မြင်မှု ရရှိလာမှာ (၇၅%) လောက်သေချာနေပါပြီ။

ဦးနှောက်ထဲ စာမြန်မြန်ရောက်စေချင်တယ်ဆိုရင်တော့ တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်မျိုးကို ရွေးချယ်ပြီး စာလုပ်ကြည့်ပါ၊ မနက်စောစောထနိုင်ရင် ပိုကောင်းပါတယ်။ညနက်ပိုင်းကျက်တဲ့ ကျောင်းသားတွေလည်းရှိတယ်။ အဓိက ကကိုယ်တိုင်ပါပဲ၊ ကျောင်းစာအတွက် အချိန်ရအောင်ထုတ်ထားကြပါလို့ အကြံပေးလိုပါတယ်။

** ကိုယ်တိုင်လုပ်မှ ရနိုင်တယ်ဆိုရင် ကိုယ်တိုင်ပဲလုပ်ဆောင်လိုက်ပါ။** 

** ရေဗူးပေါက်တာမလိုချင်ဘူး၊ သင်ဘာနဲပဲခပ်ခပ်ရေပါလာဖို့ပဲ လိုပါတယ်။**

** စာကျက်ရင် စာမခက်ပါ။ **

(မိမိ၏ အထက်တန်းကျောင်းသူ ဘဝ၏ အဖြစ်အပျက်များနှင့်ကြုံတွေ့ခဲ့ရသောအတွေ့အကြုံများကို အခြေခံ၍ အတွေးအခေါ် အနည်းငယ်ဖြင့် ပေါင်းစပ်ရေးသားခဲ့ခြင်း ဖြစ်ပါသည်။)

Authoress: Phyoe Thazin Shwe

 

**Zawgyi**

ယေန႔ေခတ္မွာ ပညာေရးစနစ္ဘယ္ေလာက္ပဲတိုးတက္ေျပာင္းလဲေနပါေစ မိဘတိုင္း/ ေက်ာင္းသားတိုင္း အေတြးထဲမွာ ေနရာယူထားတဲ့ အရာတစ္ခုေျပာဆိုရင္ ေက်ာင္းေတြမွာ စာဘယ္ေလာက္ပဲ သင္ခဲ့သင္ခဲ့ က်ဴရွင္ထားမွ ကိုယ့္သားသမီးေတြ စာရမယ္၊ Guide ဆရာတစ္ဦးေလာက္ေတာ့ ဌားကိုဌားရမယ္၊ ေဘာ္ဒါေလးမာ်း ထားလုိက္ရင္ ငါ့သားသမီးေတြ စာပိုရမယ္၊ အဲ့ဒီလို အေတြးမ်ိဳးစံုက ဝင္ေရာက္ေနရာယူထားစၿမဲပါ။

 

အမွန္မွာ အဲ့ဒီလို"လံုးဝ"မဟုတ္တဲ့ အခ်က္တစ္ခ်က္ရွိေနပါတယ္။ ဘယ္ေက်ာင္းပဲတက္တက္၊ ဘယ္ေလာက္ပဲေကာင္းတဲ့ ဆရာသမားကိုဌားၿပီး Guide ပဲသင္သင္၊ နာမည္ႀကီး ေဘာ္ဒါေတြ ကိုယ္ပိုင္အထက္တန္းေက်ာင္းေတြပဲထားထား အားလံုးသိေနတဲ့အတိုင္း မိဘ/ ဆရာ/ ေက်ာင္းသား () ဦးပူးေပါင္းမွသာ ေအာင္ျမင္မႈရရွိႏိုင္တာပါ။

 

အဲ့ဒီလို မိဘ/ ဆရာ/ ေက်ာင္းသား () ဦးထဲမွာမွ အဓိက အက်ဆံုးတရားခံမွာ ေက်ာင္းသားျဖစ္ပါတယ္။ မိမိကိုယ္တိုင္ ႀကိဳးစားမွ ရႏိုင္တယ္ဆိုတဲ့ အသိဝင္ေနဖို႔ အင္မတန္အေရးႀကီးပါတယ္။ မိဘကဘယ္ေလာက္ပဲ ပံ့ပိုးမႈေကာင္းေနပါေစ၊ ဆရာသမားရဲ႕ သင္ျပမႈေကာင္းေနပါေစ၊ ကိုယ္တိုင္ႀကိဳးစားအားထုတ္မႈ မရွိရင္လိုရာပန္းတိုင္ကို ေရာက္ေအာင္သြားႏိုင္မွာ မဟုတ္ပါဘူး။

 

Marketing & Sales (89) Marketing & Sales ႏွင့္ပတ္သက္ျပီး သင္တန္း (89) ခုရွာရန္ႏွိပ္ပါ။

 

ေက်ာင္းသားအမ်ားစုက ေက်ာင္းမွာစာသင္လာတယ္။ က်ဴရွင္မွာ စာသင္လာတယ္၊ Guide ဆရာက စာေတြရွင္းျပ၊ တြက္ျပ၊ ဝိုင္းလုပ္တယ္၊ ေဘာ္ဒါေနတဲ့ ကေလးေတြအခ်ိန္နဲ႔ အိပ္၊ စား၊ စာလုပ္ရတယ္။ ဒါကသူတို႔ရဲ႕ တေန႔တာ သင္သမ်ွစာကို ငါတို႔စာလုပ္လုပ္ၿပီးၿပီလို႔ ထင္မွတ္ေနတတ္ၾကတယ္။

 

အမွန္တကယ္ျပန္လည္သံုးသပ္ၾကည့္ပါ။ လံုးဝကိုမွားယြင္းေနပါတယ္။ ဘယ္လိုေက်ာင္းေတြ၊ Guide ဆရာေတြ၊ ေဘာ္ဒါေတြ ဘယ္လိုပဲ အခ်ိန္အခါနဲ႔ သင္ခဲ့ၿပီးပါေစအံုး မိမိရဲ႕ ကိုယ္ပိုင္စာလုပ္ခ်ိန္၊ စာက်က္ခ်ိန္ကို သီးသန္႔ထုတ္ကို ထုတ္ထားရပါမယ္။

 

Secretarial Skills (5) Secretarial Skills ႏွင့္ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။

 

ဥပမာ- သာမန္အေျခခံမိသားစုက ေပါက္ဖြားလာတဲ႔ သားသမီးတစ္ဦးဟာဆိုရင္ ပံုမွန္အရ မိုးလင္းရင္ေက်ာင္းသြားမယ္၊ ျပန္လာမယ္၊ က်ဴရွင္သြားမယ္၊ ျပန္လာမယ္၊ သူတို႔အေတြးမွာ ေက်ာင္းမွာ၊ က်ဴရွင္မွာ ငါစာလုပ္ခဲ့ၿပီးၿပေပါ့။

 

ဒီစာကို ငါတကယ္ရ/မရကို မဆန္းစစ္သင့္ဘူးလားဆိုတဲ့ အေတြးမ်ိဳး အေယာက္ (၁၀၀) မွာ () ေယာက္ေတြးတာ အင္မတန္ရွားေနတယ္။ အဲ့ဒီလုိအေတြးမ်ိဳးကို စတင္ေျပာင္းလဲလိုက္ပါ။ ငါ့ရဲ႕ကိုယ္ပိုင္စာလုပ္ခ်ိန္ ရွိကိုရွိရမယ္ဆိုတဲ့ စိတ္ကိုေခါင္းထဲရိုက္ထည့္လိုက္ပါ။ ငါသည္ ဆယ္တန္းဆိုတဲ့ ပညာအရည္အခ်င္းကို ရကိုရ ရမယ္၊ ေအာင္ကိုေအာင္ရမယ္၊ ဘယ္လိုအမွတ္ပဲ ရရ ငါေအာင္ရမယ္၊ အဲ့ဒီလိုအေေတြးကို ေတြးပါ၊ လိုက္လံက်င့္သံုးပါ၊ အမွန္တကယ္သင္ေအာင္ျမင္ပါလိမ့္မယ္။

 

မ်ားေသာအားျဖင့္ အထက္တန္းေက်ာင္းသားေတြအတြက္ စာက်က္ခ်ိန္က တရက္ကို () နာရီပါ၊ () နာရီလဲကိုလဲ ဘယ္သူမွ စာမလုပ္ပါဘူး၊ အခ်ိန္လဲအဲ့ဒီေလာက္မရႏုိင္ဘူး၊ အမ်ားစုေက်ာင္းသားေတြက ပံုမွန္ေလာက္ပဲစာလုပ္တယ္။

 

ဥပမာ- က်က္စာတစ္ခုကို က်က္ၾကည့္လိုက္ပါ ဦးေႏွာက္က () နာရီေလာက္က်က္လိုက္ၿပီဆိုတာနဲ႔ စာထပ္မက်က္ႏိုင္ေတာ့ဘူး ဖတ္တာေလာက္ပဲရေတာ့မယ္။ အလြတ္မက်က္ႏိုင္ေတာ့ဘူး ပူထူေနၿပီ၊ အဲ့ဒီလိုအခ်ိ်န္ဆို ခနနားေနလိုက္ပါ၊ ဆက္တိုက္မလုပ္ပါနဲ႔၊ ဘယ္လိုေက်ာင္းမ်ိဳးမွ သင္ခန္းစာတစ္ခန္းကို တစ္ရက္ထဲအၿပီးသင္လိုက္တာမရွိပါဘူး၊ သက္ဆိုင္ရာ သီအိုရီနဲ႔ ကိုက္ညီတဲ့စာေတြ၊ Formula နဲ႔ ကိုက္ညီတဲ့ တြက္စာမ်ိဳး Choice ၿပီး ပိုင္းျဖတ္ၿပီး သင္ၾကားေပးတာပါ။ အမ်ားႀကီးသင္တာမ်ိဳးမဟုတ္ပါဘူး၊ က်က္စာလဲ ဒီလိုမ်ိဳးပါပဲ။

 

ကိုယ္ကသာ တစ္ေန႔စာကို ေလ့က်င့္မယ္၊ တြက္ခ်က္မယ္၊ က်က္မွတ္မယ္၊ ၿပီးရင္ ကိုယ္တိုင္ျပန္းၿပီးေမးၾကည့္မယ္၊ တကယ္ရေနတာလား/ မရတာလား၊ ေမးခြန္းေဟာင္းေတြနဲ႔ေလ့က်င့္မယ္၊ ေမးခြန္းပံုစံု ဘယ္လုိပံုစံေျပာင္းလဲၿပီး ေမးတတ္လည္း ေလ့လာမယ္ဆိုရင္ အဆင္ေျပမႈရရွိလာပါလိမ့္မယ္။ ကိုယ္ရဲ႕တစ္ေန႔တာကို ကိုယ္တိုင္ပဲ ပိုင္းျခားထားလိုက္ပါ။

 

တစ္ေန႔စာ တစ္ေန႔ၿပီးမယ္ဆိုရင္၊ တစ္ပတ္စာကို ေပါင္းၿပီးလုပ္ၾကည့္လိုက္ပါ။ တစ္ပတ္စာလံုးသင္လာတဲ့စာ ကအဆင္ေျပေနမယ္ဆို တစ္လစာ ကိုေပါင္းၿပီးလုပ္ၾကည့္လိုက္ပါ။ အဆင္ေျပလား၊ လိုအပ္ခ်က္ရွိလားသိလာႏိုင္ပါတယ္။ လိုအပ္ရင္ ျပန္လည္ေလ့လာက်က္မွတ္မယ္၊ အဲ့ဒီလိုသာ သင္ပံုမွန္လုပ္သြားပါ သင္ေအာင္ျမင္မႈ ရရွိလာမွာ (၇၅%) ေလာက္ေသခ်ာေနပါၿပီ။

 

Read More:>>> တပ္မေတာ္ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံ အင္ဂ်င္နီယာသင္တန္းသားမ်ား ေခၚယူျခင္း

 

ဦးေႏွာက္ထဲ စာျမန္ျမန္ေရာက္ေစခ်င္တယ္ဆိုရင္ေတာ့ တိတ္ဆိတ္ၿငိမ္သက္တဲ့အခ်ိန္မ်ိဳးကို ေရြးခ်ယ္ၿပီး စာလုပ္ၾကည့္ပါ၊ မနက္ေစာေစာထႏိုင္ရင္ ပိုေကာင္းပါတယ္။ညနက္ပိုင္းက်က္တဲ့ ေက်ာင္းသားေတြလည္းရွိတယ္။ အဓိက ကကိုယ္တိုင္ပါပဲ၊ ေက်ာင္းစာအတြက္ အခ်ိန္ရေအာင္ထုတ္ထားၾကပါလို႔ အႀကံေပးလုိပါတယ္။

 

** ကိုယ္တိုင္လုပ္မွ ရႏုိင္တယ္ဆိုရင္ ကိုယ္တိုင္ပဲလုပ္ေဆာင္လိုက္ပါ။**

** ေရဗူးေပါက္တာမလိုခ်င္ဘူး၊ သင္ဘာနဲပဲခပ္ခပ္ေရပါလာဖို႔ပဲ လိုပါတယ္။**

** စာက်က္ရင္ စာမခက္ပါ။ **

R 10

 

(မိမိ၏ အထက္တန္းေက်ာင္းသူ ဘဝ၏ အျဖစ္အပ်က္မ်ားႏွင့္ႀကံဳေတြ႔ခဲ့ရေသာအေတြ႔အႀကံဳမ်ားကို အေျခခံ၍ အေတြးအေခၚ အနည္းငယ္ျဖင့္ ေပါင္းစပ္ေရးသားခဲ့ျခင္း ျဖစ္ပါသည္။)

 

Authoress: Phyoe Thazin Shwe

 

Tips Read 5055 times