မြန်မာ့ပညာရေးလမ်းညွှန်(EDGE) မှကြီးမှူးကျင်းပမည့် ❝Confidence in Education to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် လုပ်ငန်းတိုင်းအတွက်အရေးကြီးသကဲ့သို့ လူငယ်များ၏စိတ်ဝင်စားမှုကိုခံနေရသော လူ့စွမ်အားအရင်းအမြစ်ကဏ္ဍ (HR Industry)အတွက် ဆရာ ဦးမင်းတလဉာဏ်နှင့် ဆရာမဒေါ်ရွှေရည်ဝင်းလဲ့တို့မှ ဟောပြောဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။
ဦးမင်းတလဉာဏ်ဟာဆိုရင် Ball Corporation ရဲ့ Subsidiary ဖြစ်တဲ့ Ball Asia Pacific (Yangon) Metal Container Limited မှာ Country Manager တစ်ယောက်ဖြစ်ပါတယ်။ Ball Corporation Myanmar ကို ၂၀၁၄ အစောပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာကော်ပိုရေးရှင်းများ၊ နိုင်ငံရပ်ခြားဒေသများနဲ့ ပြည်တွင်းကုမ္ပဏီများမှာ စီနီယာရာထူးနဲ့ (၂၄)နှစ်ကြာလုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။ သင်္ချာမေဂျာဖြင့် B.Sc. ဘွဲ့ရဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Development Studies ဖြင့် Master ဘွဲ့ရရှိထားသူဖြစ်ပါတယ်။
ဒေါ်ရွှေရည်ဝင်းလဲ့သည် HR ပိုင်းနှင့်ပတ်သက်ပြီး ခိုင်မာပြည့်ဝသည့်အတွေ့အကြုံများပိုင်ဆိုင်ထားသူ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သကဲ့သို့ ကုမ္ပဏီအဖွဲ့အစည်းတိုးတက်မှုအတွက်လည်း အဖက်ဖက်မှ အထူးပင်စိတ်အားထက်သန်သည့်သူတစ်ယောက်ဖြစ်ပါသည်။ လက်ရှိတွင် PTTEP စီးပွားရေးကော်ပိုရေးရှင်းကြီး၏အခြေစိုက်ရာ ထိုင်းနိုင်ငံရှိရုံးချုပ်တွင် Head of Human Resources အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ ဒီမတိုင်ခင် (၂၅) နှစ်တာကာလတစ်လျှောက်တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများစွာနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး အတွေ့အကြုံကောင်းများစွာကို ရရှိထားခဲ့သူဖြစ်ပါသည်။
ခုခေတ်အချိန်အခါတွင် အလုပ်အကိုင်ရာထူးကောင်းကောင်းအကြောင်းပြောကြသောအခါ HR(Human Resource) ဆိုသည့် ရာထူးအခွင့်အလမ်းအကြောင်းက မပါမဖြစ် ဖြစ်ပါသည်။ HR Industry သည် စိတ်ဝင်စားစရာကောင်းသည့် အလုပ်အကိုင်တစ်ခုဖြစ်သကဲ့သို့ လစာလည်းကောင်းသောကြောင့် အောင်မြင်ထူးချွန်သည့် HR တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုချင်သူများအတွက် အကြံဥာဏ်နဲ့လမ်းညွှန်မှုများရစေမည့် ❝Confidence to Get a Job and Career Seminar & Fair❞ ကို သြဂုတ်လ(၁၀)ရက်နေ့တွင် ကျင်းပပေးသွားတော့မည်ဖြစ်ပါသည်။
Read More>>>> ❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝IT Industry❞ အတွက်ဟောပြောမည့်သူများ
သို့ဖြစ်ပါ၍ HR Industry နှင့်ပတ်သက်သည့်သိလိုသမျှကို Comment တွင် မေးထားနိုင်ပြီး ထိုမေးခွန်းများ၏အဖြေကို ဟောပြောပွဲမှာ ထည့်သွင်းဖြေကြားပေးသွားမှာဖြစ်သကဲ့သို့ EDGE ပရိသတ်များအတွက် ဗီဒီယိုမှတ်တမ်းများပြန်လည်တင်ဆက်ပေးသွားမှာဖြစ်လို့ အနယ်နယ်အရပ်ရပ်မှ HR ပိုင်းကိုစိတ်ဝင်စားလုပ်ကိုင်နေသူအားလုံး မေးခွန်းများကို အခုပဲမန့်ခဲ့နိုင်ပါပြီ။
===========================
နေ့ရက်။ ။ သြဂုတ်လ (၁၀)ရက်၊ ၂၀၁၉။ (စနေနေ့)
အချိန်။ ။ နံနက် (၉း၀၀)နာရီ မှ ညနေ (၄း၀၀)နာရီ အထိ။
နေရာ။ ။ UMFCCI’s Main Hall (Level-2)၊ အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
အောက်ပါလင့်ခ်လေးကိုဝင်၍ Going နှိပ်ထားပြီး ပွဲအစီအစဉ်အသေးစိတ်များကိုသိရှိနိုင်ပါပြီ။