Sales Hotline : 09448001653       Download App



ဩစတေးလျ နိုင်ငံရှိ တက္ကသိုလ်များသို့ပြန်နိုင်ရန် စင်ကာပူ နိုင်ငံမှ ကျောင်းသားများမျှော်လင့် 

ဩစတေးလျ တောင်ပိုင်းပြည်နယ်သည် နိုင်ငံတကာမှ ကျောင်းသားများအတွက် ပြည်ဝင်ခွင့်ကို ပြန်လည်ဖွင့်ပေးတော့မည် ဟူသောသတင်းနှင့်အတူ စင်ကာပူ နိုင်ငံမှ ကျောင်းသားများသည်လည်း မကြာမီတွင် ၎င်းတို့၏ အဆင့်မြင့်ပညာရေးအတွက် ဩစတေးလျနိုင်ငံသို့ ပြန်လာနိုင်ရန် မျှော်လင့်နေသည်။

ပြီးခဲ့သည့် အပတ်က ဩစတေးလျနိုင်ငံ၏ ကုန်သွယ်ရေး၊ ခရီးသွားလာရေး နှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီး Simon Birmingham မှ နိုင်ငံတကာကျောင်းသားအယောက် (၃၀၀) ခန့် အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ ဂျပန် နှင့် စင်ကာပူ တို့မှ ကျောင်းသားများကို အားနည်းလျက်ရှိသော ပညာရေးနယ်ပယ်အတွက် ကနေဦး အနေဖြင့် ပြန်လည်ခေါ်ဆောင်ရန် ဆောင်ရွက်လျက်ရှိသည်။

ပညာရေး နယ်ပယ်သည် ကမ္ဘာ့ကပ်ကြီးမတိုင်မီ ၀င်ငွေဒေါ်လာဘီလီယံ ၂၀ ကျော် ရှိပြီး ကျောက်မီးသွေး နှင့် သံရိုင်းတင်ပို့ပြီးလျှင် တတိယ ဝင်ငွေအများဆုံး နယ်ပယ်ဖြစ်သည်။

ဝန်ကြီးမှ အဆိုပါ ကနေဦးဆောင်ရွက်မှုကို ဩစတေးလျရှိ အာဏာပိုင်များအား နိုင်ငံတစ်ဝှမ်းတွင် အသုံးချနိုင်မှုရှိမရှိကို စမ်းသပ်ခွင့်ပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။ လာမည့်လမှစ၍ အဆင့်မြင့်ပညာရေး ကျောင်းသားများသည် Coronavirus ပျံ့နှံ့မှုကို ထိရောက်စွာ တားဆီးနိုင်သည့်မြို့တစ်မြို့ ဖြစ်သည့် အဒယ်လိတ် (Adelaide) သို့ စင်ကာပူမှ လာရောက်နိင်ပြီဖြစ်သည်။ အကယ်၍ ဒီကျောင်းသားများအနေဖြင့် Covid-19 စစ်ဆေးခြင်း သို့မဟုတ် အဒယ်လိတ် (Adelaide) မထွက်ခွာမီ စင်ကာပူတွင် quarantine အချိန်ကာလ လိုအပ်ချက်နှင့် ပတ်သက်၍ ဩစတေးလျမှ မည်သည့်ညွှန်ကြားချက်များ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိချေ။ သို့သော် ၎င်းတို့သည် မြို့တော်သို့ ရောက်သောအခါ တက္ကသိုလ်မှ ဆောင်ရွက်ပေးထားသော ဟိုတယ်များတွင် ၁၄ရက်ကြာ သီးသန့်နေထိုင်ရမည်ဖြစ်သည်။

Adelaide University ၏ သွားဘက်ဆိုင်ရာ သင်တန်းမှာ စင်ကာပူနိုင်ငံသားများ အများဆုံး လျှောက်လွှာတင်သည့် သင်တန်း များထဲမှ တစ်ခုဖြစ်သည်။ ဩစတေးလျတက္ကသိုလ်များတွင် စင်ကာပူနိုင်ငံသားများ မည်မျှ စာရင်းသွင်းထားသည်ကို မသိရသေးသော်လည်း ၂၀၁၆ ခုနှစ် နောက်ဆုံး အစီရင်ခံစာအရ ကျောင်းသား ၈၀၀၀ ခန့်ရှိသည်ဟု သိရသည်။

ရောဂါပိုးများသည် ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့လာသောအခါ နိုင်ငံတကာမှ ကျောင်းသားများသည်ဩစတေးလျမှ ထွက်ခွာသွားကြသည်။ မျှော်လင့်ချက် အနည်းငယ်ဖြင့် ပြည်ဝင်ခွင့်ကို ပိတ်ဆို့ထားခြင်းက ၎င်းတို့၏ ကျောင်းများသို့ပြန်သွားနိုင်ရေးမှာ အလွန်ခက်ခဲကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။

ဩစတေးလျ အနောက်ပိုင်းတက္ကသိုလ်မှ ဇီဝဆေးပညာ သိပ္ပံဘာသာရပ်တွင် မဟာသိပ္ပံပညာကို သင်ကြားနေသည့် Ms Hazel Tanက သူမသည် ပါ့သ်(Perth)တွင် ဆက်လက်နေထိုင်ရန်ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော သူမသည် ပါ့သ် မှ ထွက်ခွာသွားခဲ့လျှင် ပါ့သ်သို့ ပြန်လာခွင့် မရှိသည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အချို့သော မျက်နှာချင်းဆိုင် တွေ့ဆုံမှုများ မပြုလုပ်မီ ပြီးခဲ့သည့်လမှ စတင်၍ လုံခြုံစိတ်ချရသော နေရာတွင် ရှိစေရန် သင်ခန်းစာများကို အွန်လိုင်း သို့ပြောင်းရွေ့ခဲ့သည်။

အသက် ၂၂ နှစ်အရွယ်ရှိသူ သူမက စင်ကာပူ ကို ပြန်ဖို့ ဆုံးဖြတ်ချက်ချထားပေမယ့် ဩစတေးလျကို ပြန်ခွင့်မရတဲ့ သူငယ်ချင်း အနည်းဆုံးငါးယောက်ရှိတယ်သည် ဟုဆိုသည်။ အနောက်တိုင်း ဩစတေးလျနိုင်ငံက မိမိနေရပ်သို့ ပြန်လိုပါက ပြန်နိုင်ပြီး အကယ်၍ သင့်တွင် ကျောင်းသားဗီဇာရှိနေရင်တောင် ၎င်းတို့ နိုင်ငံပြန်လာခွင့်ကို အာမခံနိုင်မည် မဟုတ်ကြောင်းကို နယ်စပ်ဂိတ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။

တက္ကသိုလ်မှ ၎င်းတို့ ကျောင်းတွင် မရှိသူများအတွက် အွန်လိုင်းသင်ခန်းစာများ သင်ကြားပို့ချမည်ဟု ကတိပြုခဲ့သော်လည်း သူမအနေဖြင့် လူကိုယ်တိုင် သင်ကြားရသည့် သင်ခန်းစာများနှင့် ကွာခြားမှုရှိနိုင်သည်ဟု အသက် ၁၉နှစ် အရွယ် အင်ဂျင်နီယာ ကျောင်းသူ Ms Celine Choo မှဆိုသည်။ သူမသည် စင်ကာပူ နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ဆစ်ဒနီမြို့ရှိ New South Wales University တွင် ပညာသင်ကြားနေသူဖြစ်သည်။ သူမသည် လာမည့်နှစ်တွင် ပြန်လာခွင့်ပြုပါက သူမသည် အစောဆုံး ဖြစ်သည်ဟု သူမက တွေးထားသည်။ “ကျွန်မတို့ကို ပြန်ခွင့်ပြုခဲ့ရင်တောင် တက္ကသိုလ်က အဲဒီလိုလုပ်ဖို့ လိုလိမ့်မယ်။ လူတိုင်းက ချက်ချင်းပြန်လာပြီး စနစ်ကိုအလွန်အကျွံမတင်ကြဘူး” ဟု မတ်လတွင် နေရပ်သို့ ပြန်ပြီး အွန်လိုင်းအတန်းများတွင် တက်တက်ကြွကြွ ပါဝင်နေသူ Ms Choo မှ ပြောသည်။

အကယ်၍ ကျောင်းသားများ အနေဖြင့် ပြန်လည် ခွင့်ပြုပါက ဘွဲ့လွန်အစီအစဉ်များကို ဦးစားပေးမည် ဟု သူမ၏ တက္ကသိုလ်မှ ရရှိသော အီးမေးလ်အရ သိရသည်။ သူမသည် ဩစတေးလျရှိ Covid-19 အခြေအနေ နှင့် ဗစ်တိုးရီးယားပြည်နယ် အပြင်ဘက်တွင် ဖြစ်ပွားနေသော ရောဂါကူးစက်မှုများကို စောင့်ကြည့်နေရာ ထိုအခြေအနေများသည် စင်ကာပူ နိုင်ငံနှင့် ဆင်တူသည် ဆိုသည်။ "အကယ်၍ ကျွန်မ ပြန်သွားနိုင်မယ်ဆိုရင် ကျွန်မ သေချာပေါက် ပြန်မှာပါ။ မကြာခင်မှာ ဒီရွေးချယ်မှု ဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ "ဟု သူမက ဆိုသည်။

တစ်ချိန်တည်းမှာပင် The Sunday Times မှလည်း နိုင်ငံခြားသား ကျောင်းသားများကို စင်ကာပူ နိုင်ငံတွင်းသို ပြန်ဝင်ခွင့်ပြုရန် ကြိုးစားနေကြောင်း သိရသည်။ စီးပွားရေး၊ သံတမန်ရေး နှင့် အခြားမရှိမဖြစ် လိုအပ်သော ခရီးသွားလာရေး အတွက် နိုင်ငံများနှင့် စိမ်းလန်း စိုပြေရေးလမ်းကြောင်း တည်ဆောက်ရန် ပိုမိုကျယ်ပြန့်သော အစီအမံများနှင့် အတူ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

စင်ကာပူ နှင့် မလေးရှား တို့သည် မရှိမဖြစ် လိုအပ်သော စီးပွားရေး နှင့် တရားဝင်ခရီးများ ပြန်လည် စတင်ခဲ့သည်။ စက်တင်ဘာ ၁ ရက်မှ စ၍ သမ္မတသည် ဘရူနိုင်း နှင့် နယူးဇီလန်သို့ ခရီးသွားခွင့်ပြုမည်သာမက နိုင်ငံရပ်ခြားသို့ ပြန်သွားမည့် ကျောင်းသားများကိုလည်း သွားခွင့်ပြုတော့မည်ဖြစ်သည်။

သောကြာနေ့က ပညာရေး၀န်ကြီး Lawrence Wong သည် ကျောင်းမှ ရွေးချယ်ခွင့်အနေဖြင့် အဝေးသင် ပညာရေးကို ကမ်းလှမ်းခြင်း မရှိသည့် တက္ကသိုလ်များရှိ ကျောင်းသားများကို ခရီးသွားခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။

"နိုင်ငံခြားပညာရေး အဖွဲ့အစည်း အတော်များများဟာ မကြာခင်မှာပဲ သူတို့သက်တမ်းကို ပြန်စနေကြပြီ။ စင်ကာပူ အခြေစိုက် ကျောင်းသားများသည် အချိန်ပြည့် ကျောင်းသားများ ဖြစ်ကြပြီး ထိုအမျိုးမျိုးသော အဖွဲ့အစည်းများရှိ ကျောင်းသို့ပြန်ရန်လိုအပ်သည်" ဟု Mr Wong ကပြောကြားခဲ့သည်။

ဩစတေးလျ ပြင်ပရှိတက္ကသိုလ်များတွင် စာရင်းသွင်းထားသော စင်ကာပူ ကျောင်းသားများ သည် လုံခြုံရေး အကြားအပေးအယူများ၊ ငွေးရေးကြေးရေး ကုန်ကျစရိတ်များ နှင့် ၎င်းတို့ပညာရေးကို နောက်အဆင့်သို့ မဆက်နိုင်ခြင်းက ၎င်းတို့အတွက် အခက်အခဲဖြစ်စေလျက်ရှိပါသည်။

လာမည့်လတွင် University College London ၌ နောက်ဆုံးနှစ်ကို စတင်မည့် အသက် ၂၀ အရွယ်ရှိ Ms Grace Chew က သူမသည် လန်ဒန်သို့ ပြန်သွားမည်လား သို့မဟုတ် အိမ်တွင်းသင်ကြားမှုကို ဆက်လုပ်မည်လားကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။ သို့သော် လူကိုယ်တိုင် သင်နိုင်သည့် သင်ခန်းစာများကို မျှော်လင့်လျက်ရှိပါသည်။ ပြည်သူ့ ကျန်းမာရေး နှင့် ဘေးကင်းရေးသည် အရေးအကြီးဆုံး ဖြစ်သည်။ ၎င်းတို့ မရှိပါက သူမအနေဖြင့် လွယ်ကူစွာ လေ့လာသင်ယူနိုင်မည် မဟုတ်ကြောင်း ပြောခဲ့သည်။ တက္ကသိုလ်က တိကျသေချာတဲ့ အကွာအဝေးတိုင်းတာမှုတွေကို လိုက်နာဖို့ အတတ်နိုင်ဆုံး လုပ်နေတယ်လို့ယုံကြည်တယ်။ ဒါကြောင့် သူမအနေဖြင့် အရမ်းကျေးဇူးတင်ကြောင်း ဆိုသည်။

ဥပဒေပညာကို သင်ကြားနေသည့် ကျောင်းသူတစ်ဦးမှလည်း သူမတို့၏ အနှောင့်အယှက်ဖြစ်စေတယ် ဟု ပြောခဲ့သည်။ သူမမျှော်လင့်သည်မှာ လန်ဒန်တွင် ဩစတေးလျ တောင်ပိုင်း လေယာဉ်မှူးများ ကဲ့သို့သော လေယာဉ်မှူးများသည် အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ ပြန်လာရေးကို လွယ်ကူစေရန် စတင်မည့်အကြောင်းပင် ဖြစ်သည်။ သူမက "လန်ဒန်မှာ နေထိုင်ခြင်းက စျေးကြီးတယ်၊ ဒါကြောင့် (သီးခြားနေထိုင်ခြင်း အတွက် ငွေကာ) မိပါက တကယ်ကိုများစွာအထောက်အကူပြုလိမ့်မယ်" ဟု ဆိုသည်။

လက်ရှိတွင် ယူနိုက်တက်စတိတ်၊ ဗြိတိန် နှင့် ဩစတေးလျရှိ တက္ကသိုလ်များတွင် စာရင်းသွင်းထားသည့် စင်ကာပူ ကျောင်းသား ၁၉၀၀၀ ခန့်ရှိသည်။

BY Myanmar Education Guide - EDGE 

Ref: The Straits Time

Latest Post News Read 750 times