ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဖွင့်လှစ်မည့် ဥပဒေပညာသင်တန်း (၂) ခု

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် မူပိုင်ခွင့်ဥပဒေ ဒီပလိုမာသင်တန်းတို့ကို ဒီဇင်ဘာလတွင် စတင် ဖွင့်လှစ်မည်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများ အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်သည်။ 

ဖွင့်လှစ်မည့်သင်တန်း (၂) ခု

  • ဥပဒေပညာ ဘွဲ့လွန်ဒီပလိုမာ (Post Graduate Diploma in Law - PGDL) သင်တန်း
  • မူပိုင်ခွင့်ဥပဒေ ဒီပလိုမာ (Diploma in Intellectual Property Law - DIPL) သင်တန်း

PGDL သင်တန်းကို ဥပဒေဘွဲ့မှအပ အခြားဘွဲ့တစ်ခုခု ရရှိပြီးသူများ လျှောက်ထားနိုင်သည်။ သင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။

သင်ကြားမည့်ပုံစံမှာ Blended Learning ဖြစ်၍ အွန်လိုင်းသင်ခန်းစာများဖြင့် သင်ကြားရမည်ဖြစ်ပြီး ကျောင်းသို့ သွားရောက်တက်ရမည့် အခါမျိုးလည်း ရှိနိုင်သည်။ 

သင်တန်းဝင်ခွင့်ကို လာမည့် နိုဝင်ဘာ (၂၄) ရက်နေ့၊ နံနက် (၉) နာရီမှ စပြီး https://lawhrd.yude.edu.mm/ မှတဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားနိုင်သည်။

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက ဝင်ခွင့်လျှောက်လွှာ ပိတ်မည်ဖြစ်သည်။ အွန်လိုင်းဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား ဝင်ခွင့်ရရှိကြောင်း အီးမေးလ်ဖြင့် အကြောင်းကြားပါမည်။

ဝင်ခွင့်ရရှိသူများသည် ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ရုံးဖွင့်ရက် ရုံးချိန်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ကျောင်းအပ်နှံ၍ User Name နှင့် Password ကို အီးမေးလ်မှတဆင့် ရရှိပါမည်။

DIPL သင်တန်းကို စီးပွားရေးကဏ္ဍတွင် အရေးပါသော မူပိုင်ခွင့်နှင့် ပတ်သက်၍ အကျိုးခံစားခွင့်များ၊ ဥပဒေအရ အကာအကွယ်များအား သိရှိနားလည်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါသင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်သည်။

သင်တန်းကာလမှာ (၁) နှစ်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်ပါမည်။ Blended Learning ဖြစ်၍ အွန်လိုင်းသင်ခန်းစာများဖြင့် သင်ကြားရမည်ဖြစ်ပြီး ကျောင်းသို့ သွားရောက်တက်ရမည့် အခါမျိုးလည်း ရှိနိုင်သည်။ 

သင်တန်းဝင်ခွင့်ကို လာမည့် နိုဝင်ဘာ (၂၆) ရက်နေ့၊ နံနက် (၉) နာရီမှ စပြီး https://hrdlawreg.yude.edu.mm/ မှတဆင့် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်ပြီး လျှောက်ထားနိုင်သည်။

သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက ဝင်ခွင့်လျှောက်လွှာ ပိတ်မည်ဖြစ်သည်။ အွန်လိုင်းဝင်ခွင့်အောင်မြင်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများအား ဝင်ခွင့်ရရှိကြောင်း အီးမေးလ်ဖြင့် အကြောင်းကြားပါမည်။

PGDL နှင့် DIPL သင်တန်းတို့အတွက် အွန်လိုင်းလျှောက်လွှာတွင် ဖြည့်စွက်ရမည့်အချက်များ

1. Personal Information

Name - အမည်

DOB - မွေးနေ့          

Gender - ကျား/မ

Nationality /Race - လူမျိုး/ဘာသာ

NRIC - မှတ်ပုံတင်နံပါတ်

Choose file တွင် - NRIC Front image + NRIC back image (၁) ပုံစီ တင်ရန်

Department - Department of Law

Course Type - PGDL (သို့) DIPL

Occupation - အလုပ်အကိုင်နှင့်ဌာန

Email - သင်တန်းကာလတွင် အသုံးပြုမည့် အီးမေးလ်လိပ်စာ

Phone - သင်တန်းသား၏ဖုန်းနံပါတ်

Address - လိပ်စာအပြည့်အစုံ

Choose picture - ပတ်စပို့ပုံကို upload လုပ်ရန်

2. Parent Information

Father Name - အဖအမည်

Phone - ဖုန်းနံပါတ်

Father Occupation - အဖအလုပ်အကိုင်

Address - လိပ်စာ

3. Academic qualification

Major - ဘွဲ့ရရှိသောဘာသာရပ်

Degree - ဘွဲ့အမည်

University - ဘွဲ့ရရှိသောတက္ကသိုလ်

Choose file တွင် ဘွဲ့လက်မှတ်ကို အရှေ့ (၁) ပုံ၊ အနောက် (၁) ပုံစီ တင်ရန်

*** လျှောက်လွှာတွင် ဖြည့်ရမည့်အချက်များကို English လိုသာ ဖြည့်စွက်ရမည်။***

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဖုန်း ၀၉-၆၈၀၈၉၉၈၅၉၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅၁၆၄ တို့ကို ဆက်သွယ်၍ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန၊ သထုံလမ်းတွင် လူကိုယ်တိုင် သွားရောက်၍ဖြစ်စေ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်သည်။

================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP
  

Latest Post Local News University / College Vocational Read 256 times