ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာ လေ့ကျင့်ဖို့ Free Movie Website များ

အင်္ဂလိပ်စာက ဘာသာရပ်တစ်ခုမဟုတ်ဘဲ ဘာသာစကားတစ်ခုဖြစ်တဲ့အတွက် ရုပ်ရှင်တွေ၊ သီချင်းတွေကနေတဆင့် Native Speaker တွေရဲ့ ပြောဆိုပုံတွေကို လေ့လာမယ်ဆိုရင် ပိုပြီး ထိရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ရုပ်ရှင်ကြည့်ရင်း သင့်အင်္ဂလိပ်စာ စွမ်းရည်ကို မြှင့်တင်ဖို့ အခမဲ့ ကြည့်လို့ရမယ့် Movie Website (၁၀) ခုကို ဖော်ပြပေးထားပါတယ်။ 

၁။ HD Today

HD Today မှာ အင်္ဂလိပ်ကားအပြင် နိုင်ငံတကာက ဇာတ်ကားအစုံကို အင်္ဂလိပ်စာတန်းထိုးနဲ့ဖြစ်စေ စာတန်းထိုး ဖြုတ်ပြီးဖြစ်စေ အခမဲ့ ကြည့်နိုင်ပါတယ်။ အချစ်၊ အလွမ်း၊ သရဲ၊ ဟာသ စတဲ့ ရုပ်ရှင်အမျိုးအစား အစုံအလင်ကိုလည်း ရွေးချယ်နိုင်ပါတယ်။

> https://hdtoday.gg/watch-movie/

၂။ My Flixer

သူကလည်း HD Today လိုပဲ အင်္ဂလိပ်ဇာတ်ကားတွေအပြင် တီဗီရှိုးတွေကိုပါ အခမဲ့ ကြည့်လို့ရတဲ့ နာမည်ကြီး Movie Website တစ်ခု ဖြစ်ပါတယ်။ ဗီဒီယိုပေါင်း (၃) သိန်းကျော် ရွေးချယ်စရာရှိပြီး ကိုယ်ကြည့်ချင်တာကို Play နှိပ်ပြီး HD quality ကြည့်လို့ရပါတယ်။

> https://myflixerz.to/home

၃။ Hura Watch

သူ့မှာ ရုပ်ရှင်၊ စီးရီး၊ တီဗီရှိုးတွေအပြင်  အန်နီမေးရှင်းတွေကိုလည်း အင်္ဂလိပ်စာတန်းထိုးနဲ့ အခမဲ့ ကြည့်လိုရပါတယ်။ တချို့ Website တွေဆိုရင် နောက်ဆုံးထွက် ဇာတ်ကားတွေကို အခမဲ့ ကြည့်ခွင့်မပေးတာမျိုး ရှိပေမဲ့ Hura မှာတော့ နောက်ဆုံးထွက် ဇာတ်ကားတွေထိပါ အခမဲ့ ကြည့်ရင်း အင်္ဂလိပ်စာ လေ့လာနိုင်ပါတယ်။

> https://hurawatchzz.tv/home

၄။ M4ufree

အင်္ဂလိပ်တစ်မျိုးဘဲမဟုတ်ဘဲ နိုင်ငံတကာက ဇာတ်ကားအဟောင်းတွေကနေ ၂၀၂၅ ခုနှစ်ထွက်တွေအထိ အခမဲ့ ကြည့်နိုင်ပါတယ်။ M4ufree က ရုပ်ရှင်ချစ်သူတွေအတွက် ရတနာသိုက်ကြီးဖြစ်သလို ရုပ်ရှင်တွေကနေတဆင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာချင်တဲ့သူတွေအတွက်လည်း အသုံးဝင်ပါတယ်။

> https://ww1.m4ufree.lat/home

၅။ ev01.to

အပေါ်က ပြောထားတဲ့ Website တွေလိုပါပဲ ရွေးချယ်စရာ ရုပ်ရှင်အမျိုးအစားတွေ သောင်းကျော်ရှိပါတယ်။ နိုင်ငံတကာက ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင် (သို့) တီဗီရှိုးတွေကို ရွေးချယ်ပြီး စာတန်းထိုးနဲ့ ဖြစ်စေ၊ စာတန်းထိုး ဖြုတ်ပြီးဖြစ်စေ ကြည့်ရင်း အင်္ဂလိပ်စာကို လေ့လာလို့ ရပါတယ်။

> https://ev01.to/

၆။ Ororo.Tv 

ဒါလေးကတော့ ကြည့်စရာ ရုပ်ရှင်အမျိုးအစားတွေ (၁၀၀) လောက်ပဲ ရှိပေမဲ့ အင်္ဂလိပ်စာ လေ့လာဖို့တော့ အသုံးဝင်ပါတယ်။ သူ့ဆီက ရုပ်ရှင်တွေကို ဘာသာစကားတစ်မျိုးထက် ပိုပြီး စာတန်းထိုးခိုင်းလို့ ရပါတယ်။ ရုပ်ရှင်ကြည့်ရင်း ကိုယ်မသိတဲ့ စကာလုံးတွေ ပါလာရင်လည်း ရပ်စရာမလိုဘဲ အဲ့စာလုံးကို ထောက်လိုက်တာနဲ့ ရှင်းပြပေးပါတယ်။ ကိုယ်မသိတဲ့ စကားလုံးတွေကိုလည်း တစ်နေရာတည်းမှာ စုပြီး  သိမ်းထားလို့ ရပါတယ်။

> https://ororo.tv/

၇။ Sflix

အင်္ဂလိပ်ဇာတ်ကားတွေကြည့်ရင်း အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် Netflix မဟုတ်တဲ့ Sflix ကိုလည်း ချန်ခဲ့လို့ မရပါဘူး။ အွန်လိုင်းကနေ Server ချိန်ပြီး တန်းကြည့်လို့ရသလို ဒေါင်းလုတ် လုပ်ပြီးမှ လိုင်းပိတ်ပြီး အေးဆေး ပြန်ကြည့် လေ့ကျင့်မယ်ဆိုလည်း ရပါတယ်။

> https://sflix.ps/

၈။ Popcornflix

အက်ရှင်၊ ရိုမန့်၊ ဒရမ်မာ၊ ဟာသ ရသစုံလင်လှတဲ့ ဇာတ်ကားမျိုးစုံကို အခမဲ့ ကြည့်ပြီး အင်္ဂလိပ်စာ လေ့ကျင့်မယ်ဆိုရင် Popcornflix ကိုလည်း အသုံးပြုလို့ ရပါတယ်။ နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်ကားတွေထိ တင်ထားပေးတာဖြစ်တဲ့အတွက် စိတ်အပန်းဖြေရင်း အင်္ဂလိပ် ဘာသာစကားကိုပါ လေ့လာလို့ရပါတယ်။

> https://www.youtube.com/@Popcornflix

၉။ Soap2Day

Soap2Day မှာ ရုပ်ရှင်တွေ၊ တီဗီရှိုးတွေ၊ အားကစားပွဲတွေကို ဘယ်နေရာကမဆို အင်္ဂလိပ်စာတန်းထိုးနဲ့ အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ ရွေးချယ်စရာ ရုပ်ရှင်အမျိုးအစား စုံစုံလင်လင် ပါဝင်တဲ့အတွက် ကိုယ်နှစ်သက်ရာ ရုပ်ရှင်ကို ရွေးပြီး ကြည့်လို့ရသလို AI ကနေလည်း အကြံပြုချက်တောင်းလို့ ရပါတယ်။

> https://ww25.soap2day.day/

၁၀။ Fmovies

စာတန်းထိုးမပါဘဲ အင်္ဂလိပ်ဇာတ်ကားတွေနဲ့ တီဗီစီးရီးတွေကို အခမဲ့ ကြည့်ပြီး Listening လေ့ကျင့်ချင်တယ်ဆိုရင် Fmovies ရှိပါတယ်။ ဗီဒီယိုတွေကို လိုင်းဖွင့်ပြီး ကြည့်လို့ရသလို ဒေါင်းလုတ် လုပ်ပြီးမှ ကြည့်မယ်ဆိုလည်း ရပါတယ်။ 

> https://ww4.fmovies.co/home/

ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာလေ့လာမယ်ဆိုရင် မှတ်စုစာအုပ်လေးပါ အနားမှာ ထားထားပါ။ ဘာသာပြန်ရင်းနဲ့ မသိတဲ့ စကားလုံးတွေ ရှိလာရင် တစ်ခါတည်း အဓိပ္ပါယ်မှတ်ပြီး လက်တွေ့ဘ၀မှာ ပြန်လည် အသုံးချပါ။

စာတန်းထိုးနဲ့ ကြည့်နေရင်း သူတို့ ပြောသလိုမျိုး အနောက်က လိုက်ပြောကြည့်ရင်း မိမိ အင်္ဂလိပ်စာ အသံထွက်ကို လေ့ကျင့်နိုင်သလို တကယ့် Native Speaker တွေ သုံးတဲ့ အသုံးအနှုန်းတွေ၊ စာကြောင်းတွေကိုလည်း လိုက်မှတ်ထားပါ။

Listening အတွက်ကတော့ စာတန်းထိုးမပါဘဲ နားထောင်ပြီး အရင် လေ့ကျင့်ပါ။ ပြီးမှ ကိုယ်ကြားတာ မှန်/မမှန် စာတန်းထိုးကို ပြန်ဖွင့်ပြီး တိုက်စစ်ကြည့်ပါ။ ဒီလို အင်္ဂလိပ်ကားတွေ များများကြည့်ရင်းနဲ့ပဲ အပြောစွမ်းရည်နဲ့ အကြားစွမ်းရည်တို့က တဖြည်းဖြည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ 

Latest Post Vocational Read 31 times