Sales Hotline : 09448001653       Download App



အလယ်တန်းနှင့်မူလတန်း ဆရာအတတ်စာပေးစာယူသင်တန်း၊ တက်ရောက်ရန်အတွက်

** Unicode **

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ဆရာအတတ်ပညာ လက်မှတ်မရှိသေးသော အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်နှင့် မူလတန်းပြများအား သင်တန်းပေးနိုင်ရေးအတွက် ဆောင်ရွက်ရန်ရှိပါကြောင်း သိရပါတယ်။

သို့ဖြစ်၍ မြို့နယ်ပညာရေးမှူးများသည် မိမိတို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းဆရာအတတ် စာပေးစာယူသင်တန်း တက်ရောက်ရန် ကျန်ရှိနေသေးသော အလယ်တန်းပြများ၊ ဘွဲ့ရမူလတန်းကျောင်းအုပ်ကြီးများစာရင်းနှင့် မူလတန်းဆရာ အတတ်စာပေးစာယူသင်တန်းတက်ရောက်ရန် ကျန်ရှိနေသေးသော မူလတန်းပြများစာရင်းကို ပူးတွဲပါပုံစံများအတိုင်း Excel Pyidaungsu Font-12 ဖြင့် မြို့နယ်စာရင်းပြုစု၍ Hard Copy, Soft (၁) စုံကို (၇-၇-၂၀၂၀) ရက်နေ့အရောက် ခရိုင်ပညာရေးမှူးရုံးသို့ မပျက်မကွက်ပေးပို့ရန်၊ လက်မှတ်မဲ့များ မကျန်ရှိစေရေးနှင့် မြို့နယ်ပညာရေးမှူးများက အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါတယ်။

** Zawgyi **

အလယ်တန်းမူလတန်း ဆရာအတတ်စာပေးစာယူသင်တန်း၊ တက်ရောက်ရန် ဆရာ/ဆရာမ ဦးရေစာရင်းပေးပို့ရန် ဖြစ်ပါတယ်။



Credit: Educational News Updates

Latest Post News Tips News Tips Read 8435 times