Sales Hotline : 09448001653       Download App



ကျောင်းများ ပြန်ဖွင့်ပါက ကျောင်းသုံးပစ္စည်းများ အခမဲ့ထုတ်ပေးမည်

ကျောင်းပြန်ဖွင့်ပါက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသားတစ်ဦးလျှင် ဗလာ စာအုပ်တစ်ဒါဇင်၊ ခဲတံနှစ် ချောင်း၊ ဘောပင်နှစ်ချောင်းနှုန်း ပေးရန် သတ်မှတ်ထားပြီး အဆိုပါ ကျောင်းသုံးပစ္စည်းများကို မြို့နယ်ပညာရေးမှူး ရုံးများက ကျောင်းအုပ်ကြီးများအား ဇန်နဝါရီ ဒုတိယပတ်တွင် စတင်ထုတ် ပေးမည်ဖြစ်သည်။ 

‘‘အခမဲ့ပေးမယ့် ဗလာစာအုပ်၊ ခဲတံတွေ ဒီရက်ထဲ ထုတ်ပေးဖို့ရှိတယ်။ ကျောင်းဘယ်နေ့ဖွင့် မယ်ဆိုတဲ့ ညွှန်ကြားချက်တော့မရှိ သေးပေမယ့် ကျောင်းဖွင့်ဖို့  ကြိုပြင်ဆင်ထားဖို့ ပြောထားတာရှိတယ်။ ကျောင်းဖွင့်ပြီဆိုရင် ကျောင်းသားတွေကို အခမဲ့ပေးမယ့် ပစ္စည်းတွေ ကျောင်းတွေမှာ ရောက်နေအောင် ကြိုပြင်ဆင်တဲ့သဘောပေါ့’’ဟု မကွေးတိုင်းဒေသကြီးမှ ဒုတိယမြို့နယ်ပညာရေးမှူးတစ် ဦးက ပြောသည်။ 

ဆက်စပ်ဖတ်ရှုရန် >>> အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားရှိရန်ကိစ္စ

 အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားရန် မြို့နယ်ပညာ ရေးမှူးရုံးအချို့က အခြေခံပညာ ကျောင်းအုပ်ကြီးများအား ဇန်န ဝါရီ ၅ ရက်က ညွှန်ကြားထား သည်။

 အခြေခံပညာကျောင်းများ ပြန်ဖွင့်ရေးအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက စီမံချက် ရေးဆွဲကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ယခင် ညွှန်ကြားထားသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ တွင် COVID-19 ကာကွယ်မှု နည်းလမ်းများနှင့်အညီ ပြင်ဆင်ရမည့်အချက် ၈၀ ချက်အတိုင်း ကြိုတင်ပြင်ဆင်ထားရန် မြို့နယ် ပညာရေးမှူးရုံးအချို့က ညွှန်ကြားချက်ထုတ်ပြန်သည်။ 

ဆက်စပ်ဖတ်ရှုရန် >>> အခြေခံပညာကျောင်းများ A အဆင့်ရဖို့ အချက်ပေါင်းရှစ်ဆယ်

အခြေခံပညာကျောင်းများ ပြန်ဖွင့်မည့်ရက်ကို မဆုံးဖြတ်ရသေးဘဲ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းသွားမှုအပေါ် မူတည် ကာ COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုလျှင် ကျောင်းများ ပြန်ဖွင့်နိုင်ရေးအတွက် အဆင်သင့်ပြင်ဆင်ထားမည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။ 

‘‘ဖွင့်ခွင့်ရတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားဖို့ပါ။ ကြိုတင်ပြင်ဆင်ထားပြီး အဆင်သင့်ဖြစ်နေပြီဆိုရင်၊ ဖွင့်ခွင့်ပြုပြီဆိုတဲ့ ညွှန်ကြား ချက်ရတာနဲ့ သွားစစ်ရင် ကျောင်း အကုန်လုံး (A) အဆင့်ရရင် အချိန်တိုအတွင်း ကျောင်းတွေ အကုန် ဖွင့်နိုင်အောင် ကြိုတင်ပြင်ဆင် ထားဖို့ပါ’’ဟု ဦးကိုလေးဝင်းကဆိုသည်။ 

ယခု ၂၀၂၀-၂၁ ပညာသင် နှစ်တွင် ကပ်ရောဂါကြောင့် အခြေခံပညာ အတန်းများအနက် အထက်တန်းအဆင့် အတန်းနှစ် တန်းကိုသာ ဇူလိုင် ၂၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး တစ်လကျော် အကြာ သြဂုတ် ၂၇ ရက်မှစကာ ပြန်ပိတ်ခဲ့သည်။ အခြားအတန်း များကို ယခုပညာသင်နှစ်တွင် လုံးဝမဖွင့်လှစ်ရသေးပေ။

စက္ကူနှင့် စာရေးကိရိယာပစ္စည်း ဆိုင်ရာများနှင့် ပတ်သက်ပြီး ဆိုင်ပေါင်း (၁၆၄၇) ခုကို ရှာဖွေလိုပါက >>> Click Here <<<

Source: 7Day News 

By Myanmar Education Guide (EDGE) 

News Read 10014 times