Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားရှိရန်ကိစ္စ

အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်ကိစ္စ

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအဆင်သင့် ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက စီမံချက်များရေးဆွဲကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် ရည်ညွှန်းချက်ပါ အစည်းအဝေးမှ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ညွှန်ကြားလာပါသည်။

သို့ဖြစ်ပါ၍ ကျောင်းအုပ်ကြီးများ / တာဝန်ခံကျောင်းအုပ်များသည် မိမိတို့ကျောင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယခင်ညွှန်ကြားချက်များနှင့် အညီ ( အချက် ၈၀ ပါ ) ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားသည့် (A,B,C) အဆင့်များအနက် (A)အဆင့်ရရှိမှသာ ကျောင်းဖွင့်လှစ် ရရှိမည်ဖြစ်သဖြင့် ကျောင်းဖွင့်နိုင်ရေးအတွက် ယနေ့မှစ၍ ကြိုတင်ပြင်ဆင်ထားရန် ထပ်ဆင့်အသိမပေ။ အကြောင်း ကြားပါသည်။

By Myanmar Education Guide (EDGE) 
 

Government School Latest Post News Read 2496 times