Sales Hotline : 09448001653       Download App



ဆရာ/ဆရာမများ လိုက်နာရမည့်စည်းကမ်းချက်များ

** Unicode **

** ကျောင်းတက်ချိန်ထက် (၁၅) မိနစ်စောရောက်ရမည်။ ကျောင်းဆင်းချိန်ပြီး (၁၅) မိနစ်နောက်ကျပြန်ရမည်။

** ပညာရေးဌာနမှ သတ်မှတ်ထားသော အင်္ကျ ီအဖြူပြောင်နှင့် လုံချည်အစိမ်းပြောင်ကိုသာဝတ်ဆင်ရမည်။ ဆရာမများ ဆံထုံးထုံးရမည်။ ညှပ်ဖိနပ်ပါးစီးရမည်။

** သင်ခန်းစာများကို လပိုင်းမာတိကာနှင့်အညီ ပြီးပြည့်စုံအောင် သင်ကြားပေးရမည်။ စာသင်ကြားနေစဉ်အတွင်း မည်သည့်အရာပေါ်တွင်မှ ထိုင်၍မသင်ရ။ မတ်တပ်ရပ်၍ စသင်ခန်းတစ်ခန်းလုံး လွှမ်းခြုံအောင်သင်ကြားပေးရမည်။ သင်ကြားရေးနှင့် မသက်ဆိုင်သော အကြောင်းအရာ၊ စကားများကို ကြာရှည်စွာမပြောရ။

** ကျောင်းသား/သူများအပေါ် ဆက်ဆံပြောဆိုရာတွင် ယဉ်ကျေးသောစကားလုံး၊ အသုံးနှုန်းများကိုသာ အသုံးပြုရမည်။ ပြင်းထန်စွာအပြစ်ပေးခြင်း၊ ပြောဆိုခြင်း၊ ရိုက်နှက်ခြင်းများ၊ မပြုလုပ်ရ။ ကျောင်းစည်းကမ်းကို နားလည်လိုက်နာ တတ်အောင်သင်ကြားပေးရမည်။

** ပြက္ခဒိန်နှစ်အတိုင်း ရှောင်တခင် ခွင့် (၁၀) ရက်သတ်မှတ်ထားပါသည်။ မိမိအချိန်အစားထိုးဝင်ရောက်သော ဘာသာရပ်များကို ခွင့်ယူသူ ဆရာ/ဆရာမများက ပြန်လည်သင်ကြားပေးရမည်။

** မည်သည့်နေရာတွင်မှ ကျူရှင်သင်ကြားခြင်း မပြုရ။ ပညာရေးဌာန၏ ခွင့်ပြုချက်မရပဲ အခကြေးငွေကောက်ခံခြင်း၊ စာရွက်စာတမ်း၊ စာအုပ်နှင့် အခြားပစ္စည်းများရောက်ချခြင်း မပြုရပါ။

Middle School (240) အလယ်တန်းကျောင်းများ နှင့်ပတ်သက်ပြီး  (၂၄၀) ခုရှာရန်နှိပ်ပါ။

** အလုပ်ခွင်အတွင်း ဖုန်းမသုံးရ။ ကွမ်းမစားရ၊ ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ။

** ပညာရေးဝန်ထမ်းအချင်းချင်း လေးစားမှု့ ရှိခြင်း၊ ယဉ်ကျေးစွာပြောဆိုဆက်ဆံရမည်။ ပညာရေးနှင့်ပတ်သက်သော အခြားလုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရမည်။


** ကျောင်းနှင့်သက်ဆိုင်သော အကြောင်းအရာများ၊ ပြဿနာများကို ဖြေရှင်းရာတွင် ကျောင်းတွင်းအစည်းအဝေးများတွင်သာ အပြုသဘောဆောင်၍ တင်ပြဖြေရှင်းရမည်။

** ပညာရေးဌာန၏ လျှိ့ဝှက်အမိန့်နှင့် တာဝန်ပေးအပ်ခြင်းများ၊ ပညာရေး၏ ဂုဏ်သိက္ခာ၊ ကျောင်း၏ ဂုဏ်သိက္ခာ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာ အပြုအမူများကို ထိခိုက်စေသော အရေးအသားများကို Internet,Facebook များပေါ်တွင် ဖော်ပြခြင်းမပြုရ။ ပြင်ပအဖွဲ့အစည်းများတွင် ပါဝင်ခြင်း၊ ဆောင်ရွက်ခြင်း မပြုလုပ်ရ။

Credit: Teacher’s Voice

Photo: Google

** Zawgyi **

** ေက်ာင္းတက္ခ်ိန္ထက္ (၁၅) မိနစ္ေစာေရာက္ရမည္။ ေက်ာင္းဆင္းခ်ိန္ၿပီး (၁၅) မိနစ္ေနာက္က်ျပန္ရမည္။

** ပညာေရးဌာနမွ သတ္မွတ္ထားေသာ အက်ၤ ီအျဖဴေျပာင္ႏွင့္ လုံခ်ည္အစိမ္းေျပာင္ကိုသာဝတ္ဆင္ရမည္။ ဆရာမမ်ား ဆံထံုးထံုးရမည္။ ညွပ္ဖိနပ္ပါးစီးရမည္။

** သင္ခန္းစာမ်ားကို လပိုင္းမာတိကာႏွင့္အညီ ၿပီးျပည့္စံုေအာင္ သင္ၾကားေပးရမည္။ စာသင္ၾကားေနစဥ္အတြင္း မည္သည့္အရာေပၚတြင္မွ ထိုင္၍မသင္ရ။ မတ္တပ္ရပ္၍ စသင္ခန္းတစ္ခန္းလံုး လႊမ္းၿခံဳေအာင္သင္ၾကားေပးရမည္။ သင္ၾကားေရးႏွင့္ မသက္ဆိုင္ေသာ အေၾကာင္းအရာ၊ စကားမ်ားကို ၾကာရွည္စြာမေျပာရ။

** ေက်ာင္းသား/သူမ်ားအေပၚ ဆက္ဆံေျပာဆိုရာတြင္ ယဥ္ေက်းေသာစကားလံုး၊ အသံုးႏႈန္းမ်ားကိုသာ အသံုးျပဳရမည္။ ျပင္းထန္စြာအျပစ္ေပးျခင္း၊ ေျပာဆိုျခင္း၊ ရိုက္ႏွက္ျခင္းမ်ား၊ မျပဳလုပ္ရ။ ေက်ာင္းစည္းကမ္းကို နားလည္လိုက္နာ တတ္ေအာင္သင္ၾကားေပးရမည္။

** ျပကၡဒိန္ႏွစ္အတိုင္း ေရွာင္တခင္ ခြင့္ (၁၀) ရက္သတ္မွတ္ထားပါသည္။ မိမိအခ်ိန္အစားထုိးဝင္ေရာက္ေသာ ဘာသာရပ္မ်ားကို ခြင့္ယူသူ ဆရာ/ဆရာမမ်ားက ျပန္လည္သင္ၾကားေပးရမည္။

** မည္သည့္ေနရာတြင္မွ က်ဴရွင္သင္ၾကားျခင္း မျပဳရ။ ပညာေရးဌာန၏ ခြင့္ျပဳခ်က္မရပဲ အခေၾကးေငြေကာက္ခံျခင္း၊ စာရြက္စာတမ္း၊ စာအုပ္ႏွင့္ အျခားပစၥည္းမ်ားေရာက္ခ်ျခင္း မျပဳရပါ။

Middle School (240) အလယ္တန္းေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး  (၂၄၀) ခုရွာရန္ႏွိပ္ပါ။

** အလုပ္ခြင္အတြင္း ဖုန္းမသံုးရ။ ကြမ္းမစားရ၊ ေဆးလိပ္မေသာက္ရ၊ အရက္မေသာက္ရ။

** ပညာေရးဝန္ထမ္းအခ်င္းခ်င္း ေလးစားမႈ႔ ရွိျခင္း၊ ယဥ္ေက်းစြာေျပာဆိုဆက္ဆံရမည္။ ပညာေရးႏွင့္ပတ္သက္ေသာ အျခားလုပ္ငန္းတာဝန္မ်ားကို ေက်ပြန္ေအာင္ထမ္းေဆာင္ရမည္။


** ေက်ာင္းႏွင့္သက္ဆိုင္ေသာ အေၾကာင္းအရာမ်ား၊ ျပႆနာမ်ားကို ေျဖရွင္းရာတြင္ ေက်ာင္းတြင္းအစည္းအေဝးမ်ားတြင္သာ အျပဳသေဘာေဆာင္၍ တင္ျပေျဖရွင္းရမည္။

** ပညာေရးဌာန၏ လ်ွိ႕ဝွက္အမိန္႔ႏွင့္ တာဝန္ေပးအပ္ျခင္းမ်ား၊ ပညာေရး၏ ဂုဏ္သိကၡာ၊ ေက်ာင္း၏ ဂုဏ္သိကၡာ၊ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္၏ ဂုဏ္သိကၡာ အျပဳအမူမ်ားကို ထိခိုက္ေစေသာ အေရးအသားမ်ားကို Internet,Facebook မ်ားေပၚတြင္ ေဖာ္ျပျခင္းမျပဳရ။ ျပင္ပအဖြဲ႔အစည္းမ်ားတြင္ ပါဝင္ျခင္း၊ ေဆာင္ရြက္ျခင္း မျပဳလုပ္ရ။

Credit: Teacher’s Voice

Photo: Google

 

Latest Post News News Tips Tips Read 44366 times