Sales Hotline : 09448001653       Download App



စာမေးပွဲခန်းထဲမှာ ကြောက်စိတ်တွေ ကင်းဝေးစေဖို့

စာမေးပွဲခန်းထဲမှာ ကြောက်စိတ်တွေ ကင်းဝေးစေဖို့

ကဲ ဒီနေ့ မတ်လ ၆ ရက်နေ့မှာဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို စတင်ဖြေဆိုနေပါပြီနော်။

၂၀၁၉ ခုနှစ်၊ တက္ကသိုလ်​ဝင်​စာ​မေးပွဲကြီးကို မတ်​လ ၆ ရက်​မှ ၁၅ ရက်​​နေ့ အထိ ဖြေဆိုရမည် ဖြစ်ပါတယ်။

စာမေးပွဲခန်းထဲ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ စိတ်ထဲမှာ ကြောက်စိတ်တွေ များလာပါလိမ့်မည်။

ဒီလိုအချိန်မှာ ကိုယ့်ကိုသက်တောင့်သက်သာ ဖြစ်အောင်နေပါ။ အိမ်သာထဲကို ၀င်ပြီးသွားပြီလား၊ အပြင်မှာ အရမ်းပူနေ လား၊ အေးနေလားဆိုတဲ့ ခံစားချက်တွေမဖြစ်အောင် အ၀တ်အစားကို သက်သာအောင် ၀တ်ထားပါ။

အသက်ပြင်းပြင်းရှူပြီး၊ စိတ်တင်းကျပ်နေတာတွေ လျော့အောင်သက်ပြင်းတွေချပါ။ ထိုင်ပြီးခန မျက်လုံးမှိတ်ထားပါ။ ပြီးတော့မှ စာမေးပွဲ အဖြေလွှာကို လှန်ပါ။

ဒီလိုအချိန်မှာ လူတွေဟာ စိတ်တင်းကျပ်နေတတ်ပါတယ်။ ပြီးတော့ ရင်ခုန်သံတွေ မြန်နေမယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့က အရေးအကြီးဆုံးပါပဲ။

အချိန်ယူပြီး မေးခွန်းတွေ အားလုံးနဲ့ လမ်းညွှန်ချက်တွေ အားလုံးကို ဖတ်ဖို့လိုအပ်ပါသည်။ အနည်းဆုံးနှစ်ကြိမ် လောက်ဖတ်ပြီး၊ မေးခွန်းဘာမေးထားတယ်ဆိုတာကို နားလည်အောင်လုပ်ဖို့လိုပါတယ်။ မေးခွန်းတိုင်းကို အဆုံးသတ်ထိ ဖတ်စေချင်ပါတယ်။ ခနလေးဖတ်လိုက်တာနဲ့ ငါကျက်ထားတဲ့ အပိုဒ်ဆိုပြီးတော့ တန်း ချမရေးလိုက်ပါနဲ့။

READ - တက္ကသိုလ်ဝင်စာမေးပွဲကြီးရက်တွေမှာ စာကျက်ချိန်အတွင်း အိပ်မငိုက်အောင် ပြုလုပ်သင့်တဲ့ ပုံစံများ

ကိုယ့်အထပ်ထပ် လုပ်ထားတဲ့စာနဲ့ ပတ်သက်တဲ့မေးခွန်းကို ထုတ်ပြီး ဖြေပါ။ အရမ်းကြီးမလောပါနဲ့။

အချိန် ကောင်းကောင်းယူပြီး၊ ကောင်းကောင်းဖြေဆိုပါ။ ဘယ်မေးခွန်းကို ဖြေရမလဲဆိုတာ ဝေခွဲမရဖြစ်နေရင်၊ ကိုယ့်အတွက်အလွယ်ဆုံးဖြစ်မယ့် မေးခွန်းကို ရွေးပြီး၊ ကျန်တာတွေကို နောက်မှဖြေဆိုပါ။

အဖြေတွေကို စနစ်တကျပြင်ဆင်ပါ။ ပြင်ဆင်ဖို့အတွက် အချိန်၅မိနစ်ခန့်ယူပါ။

ကိုယ် Plan နေတဲ့အချိန်မှာ အခြားလူတွေ ဘာလုပ်နေတယ် ဆိုတာကို ဂရုမစိုက်ပါနဲ့။ လွယ်တော့ မလွယ်ပါဘူး။ ဒါပေမယ့်အထောက်အကူ ပြုပါတယ်။

လွယ်တဲ့မေးခွန်း၊ ခက်တဲ့မေးခွန်း ဘယ်မေးခွန်းကို စတင်ချင်ပါလဲ။ လွယ်တာကို စဖြေရင် မိမိကိုယ်ကို ယုံကြည် ချက်တက်စေပြီး၊ relax ဖြစ်စေပါတယ်။ ခက်တာကို ဖြေမယ်ဆိုရင်၊ နောက်ပိုင်းအပုဒ်တွေ ပိုမို လွယ်ပြီး၊ အကောင်းဆုံး ဖြေနိုင်မယ်လို့ ယုံကြည်မှုဖြစ်စေပါတယ်။

အချိန်စီမံခန့်ခွဲမှုကို ဂရုစိုက်ပါ။ ဒါမှနောက်ဆုံး မေးခွန်မှာဖြေဖို့ အချိန်လောက်မှာပါ။ အချိန်မလောက်ဘူး ဆိုရင်၊ အဖြေကို အကြမ်းချရေးပါ။ တစ်ခုခုတော့ ရေးထားလိုက်ပါ။

ကိုယ့်ကို ဂရုစိုက်ပါ။

အရမ်းကြီး ပြည့်စုံတာကို ရှောင်ရှားပါ။ စာလုံးပေါင်းစစ်တာ၊ စကားလုံးအထားအသိုစစ်တယ်ဆိုတာ ကောင်း ပေမယ့်၊ အရမ်းကြီး ပြည့်စုံဖို့မလိုပါဘူး။

အရမ်းကြီးကိုစိတ်ရူပ်လာတယ်ဆိုရင်၊ စာရေးတာရပ်လိုက်ပါ။ ဘောပင်ကိုချပြီး၊ အသက်ကိုဖြည်းဖြည်းချင်းရှုပါ။ မျက်လုံးကို ခနမှိတ်လိုက်ပါ။ ပြီးရင် ခေါင်းကို ခုံပေါ်မှီလိုက်ပါ။ လက်ကို အညောင်းဆန့်ပါ။ ခေါင်းကိုဖြည်းဖြည်း ချင်းလှည့်ပြီး၊ ကိုယ့်ကိုအားပေးတဲ့ စကားလုံးကိုပြောပါ။ ကောင်းတာလေးကို ခနတွေးပေးပါ။

နေမကောင်းသလို ခံစားနေရရင်၊ စာမေးပွဲအခန်းစောင့်ကို ပြောပြီး အပြင်ခနထွက်သွားပါ။ ပြီးမှ ပြန်ဝင်လာပါ။

ဒီတော့ ယခုနှစ် မှာ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတိုင်း အခက်ခဲမရှိ ဖြေဆိုအောင်မြင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

အားလုံး ကံကောင်းကြပါစေ။

READ - ဆယ်တန်းအောင်ဖို့ သိထားရမည့် အချက် (၆) ချက်

Tips Read 1878 times