Sales Hotline : 09448001653       Download App



ဖေဖော်ဝါရီလအတွင်းထုတ်ပေးမည့် တက္ကသိုလ်ဝင်တန်းဝင်ခွင့်ဖြေဆိုမည့်ကတ်ပြားများ

** Unicode **

ယခုနှစ် ၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၁၁) ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၁၉ စက်တင်ဘာ (၃၀) ရက်အထိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်သွင်းခွင့်ပြုခဲ့ရာ ဖြေဆိုရန်စာရင်းပေးသွင်းသူ စုစုပေါင်း (၉၇၀၇၅၉) ဦးရှိပါတယ်။

စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းသူသည် နဝမတန်းအောင်မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ်ကြီးများနှင့် မြို့နယ်ပညာရေးမှူးများက ထောက်ခံလက်မှတ်ထိုး၍ တင်သွင်းရပြီး လျှောက်လွှာတင်သူများသည် နဝမတန်း အောင်မြင်ခြင်း ရှိ/မရှိ၊ လျှောက်လွှာပါ အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ စိစစ်ခြင်းများပြုလုပ်ရပါတယ်။

ထိုသို့ ဝင်ခွင့်ဖြေဆိုရန်တင်သွင်းထားသည်များကို ပြန်လည်စိစစ်၍ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလအတွင်း ထုတ်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးမှ ပြောကြားထားပါတယ်။

တက္ကသိုလ်ဝင်စားမေးပွဲဖြေဆိုမည့် သူများသည် ဘာသာတွဲအလိုက် အစိမ်းရောင် ဖြေဆိုခွင့်ကတ်ပြား၊ ပန်းရောင်ဖြေဆိုခွင့်ကတ်ပြားများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးမည်ဖြစ်၍ စာမေးပွဲဖြေဆိုမည့် ပထမဆုံးရက်တွင် ၎င်းကတ်ပြားကို စာမေးပွဲခန်းအတွင်းသို့ တစ်ခါတည်းယူဆောင်လာရမည်ဖြစ်ပါတယ်။

ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင်အခြေခံပညာကျောင်းများ၊ အထက်တန်းကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဖြေဆိုခွင့် လျှောက်ထားသော ကျောင်းသား/သူများသည် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ လည်းကောင်း၊ ပြင်ပဖြေဆိုမည့်သူများသည် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှလည်းကောင်း ဖြေဆိုခွင့်ကတ်ပြားများထုတ်ယူရမည်ဖြစ်ပါတယ်။

Read More:>>>>  ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းသင္တန္းဌာန (ရန္ကုန္) တြင္ ဖြင့္လွစ္မည့္သင္တန္းမ်ား
(www.edge.com.mm)

** Zawgyi **

ယခုႏွစ္ ၂၀၂၀ျပည့္ႏွစ္တကၠသုိလ္ဝင္တန္းစာေမးပြဲကို မတ္လ(၁၁) ရက္ေန႔မွ (၂၀)ရက္ေန႔အထိ က်င္းပမည္ျဖစ္ပါတယ္။

တကၠသိုလ္ဝင္ခြင့္စာေမးပြဲေျဖဆိုခြင့္ေလ်ွာက္လႊာမ်ားကို ၂၀၁၉ စက္တင္ဘာ (၃၀) ရက္အထိ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ တင္သြင္းခြင့္ျပဳခဲ့ရာ ေျဖဆိုရန္စာရင္းေပးသြင္းသူ စုစုေပါင္း (၉၇၀၇၅၉) ဦးရွိပါတယ္။

စာေမးပြဲေျဖဆိုခြင့္ေလ်ွာက္လႊာတင္သြင္းသူသည္ နဝမတန္းေအာင္ျမင္ၿပီးျဖစ္ေၾကာင္း ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ ၿမိဳ႕နယ္ပညာေရးမွဴးမ်ားက ေထာက္ခံလက္မွတ္ထိုး၍ တင္သြင္းရၿပီး ေလ်ွာက္လႊာတင္သူမ်ားသည္ နဝမတန္း ေအာင္ျမင္ျခင္း ရွိ/မရွိ၊ ေလ်ွာက္လႊာပါ အခ်က္အလက္မ်ား မွန္ကန္မႈ ရွိ/မရွိ စိစစ္ျခင္းမ်ားျပဳလုပ္ရပါတယ္။

ထိုသို႔ ဝင္ခြင့္ေျဖဆိုရန္တင္သြင္းထားသည္မ်ားကို ျပန္လည္စိစစ္၍ တကၠသုိလ္ဝင္ခြင့္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ားကို ေဖေဖာ္ဝါရီလအတြင္း ထုတ္ေပးမည္ဟု ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးတစ္ဦးမွ ေျပာၾကားထားပါတယ္။

တကၠသုိလ္ဝင္စားေမးပြဲေျဖဆိုမည့္ သူမ်ားသည္ ဘာသာတြဲအလိုက္ အစိမ္းေရာင္ ေျဖဆုိခြင့္ကတ္ျပား၊ ပန္းေရာင္ေျဖဆိုခြင့္ကတ္ျပားမ်ားကို ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ေပးမည္ျဖစ္၍ စာေမးပြဲေျဖဆိုမည့္ ပထမဆံုးရက္တြင္ ၄င္းကတ္ျပားကို စာေမးပြဲခန္းအတြင္းသို႔ တစ္ခါတည္းယူေဆာင္လာရမည္ျဖစ္ပါတယ္။

ေျဖဆိုခြင့္ကတ္ျပားမ်ား ထုတ္ယူရာတြင္အေျခခံပညာေက်ာင္းမ်ား၊ အထက္တန္းေက်ာင္းခြဲမ်ား၊ တြဲဖက္ေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ားမွ ေျဖဆိုခြင့္ ေလ်ွာက္ထားေသာ ေက်ာင္းသား/သူမ်ားသည္ သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးမ်ားထံမွ လည္းေကာင္း၊ ျပင္ပေျဖဆိုမည့္သူမ်ားသည္ မိမိတို႔ေျဖဆိုရမည့္ စာစစ္ဌာနႀကီးၾကပ္ေရးမွဴးမ်ားထံမွလည္းေကာင္း ေျဖဆိုခြင့္ကတ္ျပားမ်ားထုတ္ယူရမည္ျဖစ္ပါတယ္။

Read More:>>>>  ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းသင္တန္းဌာန (ရန္ကုန္) တြင္ ဖြင့္လွစ္မည့္သင္တန္းမ်ား
(www.edge.com.mm)

 

News Tips Latest Post Read 2119 times