အွန်လိုင်းမှ တက်ရောက်နိုင်မယ့် စီးပွားရေးဒီပလိုမာသင်တန်း

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာနက ဦးစီးပြီး Post Graduate Diploma in Business (PGDB) စီးပွားရေးပညာ ဒီပလိုမာသင်တန်းကို အွန်လိုင်းဖြင့် သင်ကြားပို့ချမည်ဖြစ်သည်။

သတ်မှတ်အရည်အချင်း

အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းကို -

  • အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ
  • သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများအပြင် ပြင်ပ ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထားနိုင်သည်။

ပေးအပ်ချီးမြှင့်မည့်ဘွဲ့

Post Graduate Diploma in Business (PGDB) - စီးပွားရေးပညာဘွဲ့လွန်ဒီပလိုမာလက်မှတ်

သင်တန်းကာလ

သင်တန်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၉) ရက်တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၀) လ ကြာမြင့်ပါမည်။

Advertisement : Lumbini Academy 

အွန်လိုင်းလျှောက်လွှာတင်ခြင်း

သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://ecohrd.yude.edu.mm မှတဆင့် ဇူလိုင် (၂၁) ရက်နေ့ နံနက် (၉) နာရီမှ စ၍ လျှောက်ထားနိုင်သည်။

အွန်လိုင်းလျှောက်ထားခြင်း နမူနာပုံစံ >> https://ecohrd.yude.edu.mm/

လိုအပ်သည့် စာရွက်စာတမ်းများ

  • လိုင်စင်ဓာတ်ပုံ၊
  • နိုင်ငံသားစိစစ်ရေးကတ်ပြား၊
  • တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်နှင့်
  • ဘွဲ့လက်မှတ်အထောက်အထားများ ပူးတွဲတင်ပြရမည်။

လျှောက်လွှာပိတ်ရက်

လျှောက်လွှာပိတ်ရက်ကို ဩဂုတ် (၃) ရက်နေ့အဖြစ် သတ်မှတ်ထားသော်လည်း သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက လျှောက်လွှာဖောင်ပိတ်မည်ဖြစ်သည်။

သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး အွန်လိုင်းလျှောက်ထားမှု အောင်မြင်သူများကို အီးမေးလ်မှတဆင့် အကြောင်းကြားပေးသွားမည်ဖြစ်သည်။   

သင်ကြားပေးမည့်ဘာသာရပ်များ

**Semester (1) တွင် သင်ကြားမည့် Core Course များမှာ**

- DB-1101 : General Management
- DB-1102 : Macroeconomics Environment
- DB-1103 : Business Statistics
- DB-1104 : Legal Framework for Business
- DB-1105 : Management Accounting and Financial Management

**Semester (2) တွင် သင်ကြားမည့် Core Course များမှာ**

- DB-1106 : Marketing Management
- DB-1107 : Production and Operations Management
- DB-1108 : Human Resource Management
- DB-1109 : International Business Management
- DB-1110 : Project Paper

သင်တန်းကုန်ကျစရိတ်

ခန့်မှန်းခြေ - (၆) သိန်းကျပ်

သင်ကြားမှုပုံစံ

ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ Power point သင်ခန်းစာတွေကနေတဆင့် အချိန်မရွေး လေ့လာနိုင်မှာဖြစ်ပြီး သင်တန်းကာလအတွင်း ကျောင်းတွင် တက်ရောက်ရမည့် Face to Face အတန်းများ (၄) ကြိမ်လောက် ရှိနိုင်သည်။ Face to Face အတန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သင်ကြားပေးလေ့ရှိသည်။

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် 01-7525824, 09652278200 သို့ ဖြစ်စေ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ သထုံလမ်းတွင်ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 6714 times