Sales Hotline : 09448001653       Download App



ဆိပ်ဖြူမြို့နယ်၌ အခြေခံပညာကျောင်း (၁၂) ကျောင်း အဆင့်တိုးမြင့်ဖွင့်လှစ်ခွင့်ရရှိ

** Unicode **

မေကွးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၁၂) ကျောင်း အဆင့်တိုးမြင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်းဆိပ်ဖြူမြို့နယ် ပညာရေးမှုး ရုံးမှ သိရပါတယ်။

အဆိုပါ အဆင့်တိုးမြင့်ခွင့်ရရှိသည့်ကျောင်းများမှာ ပင်းတလဲကျေးရွာနှင့်ရှောက်ပင်အင်းကျေးရွာတို့မှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နှစ်ကျောင်းအားအခြေခံပညားကျောင်းအဖြစ်လည်းကောင်း၊ သပြေကျေးရွာနှင့် ကပစ (၂၁) အတွင်းရှိ ကျောင်းနှစ်ကျောင်းအားအခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း၊ ဖက်တဲကျေးရွာနှင့် ရွာသာကုန်းကျေးရွာတို့မှ အခြေခံပညာမူလတန်းလွန်ကျောင်း နှစ်ကျောင်းအား အခြေခံပညာအလယ ်တန ်းကျောင ်း(ခ ွဲ)များအဖြစ်လည ်းကောင ်း၊ဇီးတော်ပင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းအားအခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ်လည်းကောင်း၊  ချတောက်ကျေးရွာ၊ ဖက်ကနားတဲတိုက်၊သစ္စည်းတဲတိုက်ကျေးရွာတို့မှ အခြေခံပညာမူလတန်းကျောင်း(ခွဲ)သုံးကျောင်းအားအခြေခံပညာမူလတန်းကျောင်းအဖြစ်လည်းကောင်း၊ ရေလယ်သောင်ကျေးရွာနှင့် အိုင်ကြီးကျေးရွာတို့တွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ)နှစ်ကျောင်း အဖြစ်လည်းကောင်း စုစုပေါင်း (၁၂) ကျောင်းအား အဆင့်တိုးမြင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ယခုကဲ့သို့ပညာရေးက ပြုပြင်ပြောင်းလဲမှု့များ ခေတ်နှင့်အညီကျောင်းများ အဆင့်တိုးမြင့်ဖွင့်လှစ်ပေးခြင်းကြောင့် ယင်းကျေးရွာအနီးရှိကျေးရွာများမှ ကျောင်းသား ကျောင်းသူများအနေဖြင့်ပညာသင်ကြားရန်အခက်အခဲမရှိတော့ဘဲ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာကိုအဆင်ပြေစွာလေ့လာဆည်းပူးခွင့် ရရှိတော့မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။


Ref :ကြေးမုံ
 

** Zawgyi **





Ref :ကြေးမုံ
 

Government School Latest Post News Tips Read 1169 times