Sales Hotline : 09448001653       Download App



ယခုနှစ် (PPTT) ကို သင်တန်းကာလကို (၁၀) လသို့တိုးဖွင့်လှစ်

** Unicode **

မူလတန်းပြအဖြစ် ခန့်အပ်မည့် လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) ကိုယခင်က ပညာသင်ကာလ (၆) သတ်မှတ်ခဲ့သော်လည်း ယခုနှစ်ကစကာ ပညာသင်ကာလကို (၁၀) လအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ယခင်နှစ်များက PPTT သင်တန်းကို ပညာရေးကောလိပ်များတွင် နှစ်စဉ် ဧပြီတွင်စတင်ဖွင့်လှစ်ပြီး စာတွေ့ (၄)လ၊ လက်တွေ့တန်းပြ (၂) တက်ရပါတယ်။

သင်တန်းကာ (၆) ပြီးပါက သက်ဆိုင်ရာမြို့နယ်များရှိ လစ်လပ်နေရာများတွင် မူလတန်းပြီးဆရာ၊ ဆရာမတန်းပြဆရာ/ဆရာမအဖြစ်ခန့်အပ်ပါတယ်။

ယခုနှစ်တွင် PPTT သင်တန်းကို သင်တန်းကာလ (၆) လမှ (၁၀)  သို့တိုးမြှင့်လိုက်ပြီ စာတွေ့ (၄)လ၊ လက်တွေ့တန်းပြ (၄) လ၊ Assignment (Project Based) (၂) လ တက်ရောက်ရမည်ဖြစ်ပါတယ်။

သင်တန်း၏ ပထမပိုင်းစာတွေ့ (၂) လကို ဧပြီ၊ မေလတွင် တက်ရမည်ဖြစ်ပြီး ဇွန်လမှစက်တင်ဘာလအထိ လက်တွေ့တန်းပြ(၄) ဆင်းရမည်ဖြစ်ပါတယ်။ သင်တန်း ဒုတိယပိုင်း စာတွေ့ (၂) လုက်ု အောက်တိုဘာ၊ နိုဝင်ဘာတွင် တက်ရမည်ဖြစ်ပြီး ဒီဇင်ဘာမှ (၂၀၂၁) ဇန်နဝါရီလအထိ Assignment (Project Based) ပြုလုပ်ရမည်ဟုသတ်မှတ်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် PPTT သင်တန်းဝင်ခွင့်ကို ဖေဖော်ဝါရီ (၁၁) ရက်အထိ လျှောက်ထားခွင့်ပြုပြီး ပညာရေးကောလိပ်များတွင် ဧပြီ (၁) ရက်မှ သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်ပါတယ်။

Read More:>>>  ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဖွင့်မည့်Heterosis Breeding Principles and Practices သင်တန်း

မတ်လ (၃၁) ရက်တွင်အသက် (၃၀) နှစ်ထက်မကြီးသည့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများနှင့် ဝန်ထမ်းဖြစ်ပါက (၃၅) နှစ်ထက်မကြီးသူများအား သက်ဆိုင်ရာ ဌာနဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားခွင့်ပြုပြီး သင်တန်းဝင်ခွင့်အတွက် အင်္ဂလိပ်စာနှင့် ပညာရေးဆိုင်ရာ ဗဟုသုတ ရေးဖြေစာမေးပွဲဖြေဆိုရပါမည်။
(Credit: 7Day News)

** Zawgyi **







Read More:>>>  ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဖွင့်မည့်Heterosis Breeding Principles and Practices သင်တန်း

(Credit: 7Day News)

News Tips Latest Post Read 1794 times