၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) တွင် အောက်ဖော်ပြပါ ဘွဲ့သင်တန်း (၅) ခုအား ဩဂုတ်လ (၂၆) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ထိ အွန်လိုင်းမှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားနိုင်သည့် ဘွဲ့သင်တန်းများ
Related Article : မန္တလာတက္ကသိုလ်မှ BTHM သင်တန်း လျှောက်ထားခြင်း
> https://www.edge.com.mm/article/-bthm.html
အဆိုပါ ဘွဲ့သင်တန်းများဖြစ်သော BBM ၊ BA (EPP) ၊ BA (Journalism) ၊ BTHM နှင့် BEF သင်တန်းများကို (၄) နှစ် အချိန်ပြည့် တက်ရောက်ရပါမည်။ BBM အတွက် (၂၀၀) ဦး၊ BA (EPP) အတွက် (၁၂၀) ဦး ၊ BA (Journalism) အတွက် (၁၂၀) ဦး၊ BTHM အတွက် (၂၀၀) ဦး နှင့် BEF အတွက် (၂၀၀) ဦးတို့ကို ဝင်ခွင့်လက်ခံသွားပါမည်။
အောက်ဖော်ပြပါ အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သို့ ဝင်ခွင့်လျှောက်ထားသူများသည် Online စနစ်ဖြင့် www.nmdc.edu.mm မှတစ်ဆင့် တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။ လျှောက်ထားမည့်သူများသည် မိမိ၏ ကိုယ်ပိုင် E-mail Account ဖြင့် လျှောက်ထားရမည်ဖြစ်သည်။
ကျောင်းတွင် လာရောက်လျှောက်ထားလိုပါက ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ လေးထပ်စာသင်ဆောင်တွင် ရုံးချိန်အတွင်း သွားရောက် လျှောက်ထားနိုင်သည်။
လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲတင်ပြရမည်။
တက္ကသိုလ်ဝင်ခွင့်ကို သတ်မှတ်လူဦးရေအပေါ်မူတည်၍ လျှောက်ထားသူများ၏ တက္ကသိုလ်ဝင်တန်း စုစုပေါင်းရမှတ် အများ၊ အနည်းအလိုက် စီစစ်ရွေးချယ်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခြင်း မခံရပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း အရံလျှောက်ထားရန် လိုအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ၀၁၈-၂၉၂၅၆၆ နှင့် ၀၉-၄၄၂၅၈၈၄ဝ၇ သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။