မန္တလာတက္ကသိုလ်တွင် Bachelor of Tourism and Hospitality Management (BTHM) ဘွဲ့သင်တန်းကို ဩဂုတ်လ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၃) ရက်နေ့အထိ လျှောက်ထားနိုင်ပြီဖြစ်သည်။
အဆိုပါဘွဲ့သင်တန်းကို (၄) နှစ် တက်ရောက်ရမည်ဖြစ်ပြီး အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။
သတ်မှတ်လျှောက်လွှာပုံစံကို အောက်တိုဘာ (၃) ရက်နေ့အထိ မန္တလာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် ထုတ်ယူ၍ တိုက်ရိုက်လျှောက်ထားနိုင်သည်။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည်။
သင်တန်းသားဦးရေ (၂၅၀) ဦးသာ ဝင်ခွင့်လက်ခံသွားမည်ဖြစ်ပြီး အင်္ဂလိပ်စာဘာသာရပ်တွင် အမှတ်များသူများကို ဦးစားပေးရွေးချယ်ပါမည်။
ဝင်ခွင့်ရရှိသူများစာရင်းနှင့် ကျောင်းဝင်မှတ်ပုံတင်ရမည့်ရက်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် လျာထားပြီး ရက်အတိအကျကို မန္တလာတက္ကသိုလ်တွင် ကြေညာထားပါမည်။
ဝင်ခွင့်ရရှိသူများသည် ကျောင်းအပ်နှံသည့်အခါ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို မပျက်မကွက် ယူဆောင်သွားရမည်။
အသေးစိတ်သိရှိလိုပါက မန္တလာတက္ကသိုလ် ကျောင်းသားရေးရာဌာန ဖုန်း-၀၉၉၈၄၇၇၆၆၇၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။
Related Article : အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်တွင် ဝင်ခွင့်လျှောက်ထားခြင်း
> https://www.edge.com.mm/article/nmdc-68ad36687ace4.html
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။