အလယ်တန်းဆရာ၊ ဆရာတို့အတွက် သင်ကြားနည်းဆိုင်ရာ အသိပညာနဲ့ ဘာသာရပ်ဆိုင်ရာအသိပညာတို့ကို ပေါင်းစပ်လေ့လာသင်ယူခွင့် ရရှိနိုင်ဖို့ Myanmar Teacher Platform မှာ အခမဲ့ သင်ကြားပို့ချထားတဲ့ သင်တန်းများအကြောင်း မျှဝေပေးချင်ပါတယ်။
အလယ်တန်းအဆင့် ဘာသာရပ်များတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ လူမှုရေး၊ သိပ္ပံတို့အပြင် ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီ၀ဗေဒ၊ ဘောဂဗေဒ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘ၀တွက်တာ၊ ICT တို့ကိုလည်း ရွေးချယ် လေ့လာနိုင်ပါတယ်။
ဒီသင်တန်းတွေ တက်ရောက်တဲ့အခါ -
သင်တန်းတွေက အခမဲ့ဖြစ်တဲ့အပြင် ကိုယ်ပိုင်အားလပ်ချိန်မှာ ကိုယ်ပိုင်နှုန်းနဲ့ သင်ယူလေ့လာနိုင်မှာဖြစ်တဲ့အတွက် အလုပ်များတဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း အဆင်ပြေစေပါတယ်။
ဒါ့အပြင် သင်ခန်းစာမှ ရရှိလာတဲ့ အသိပညာတွေကို မိမိစာသင်ခန်းထဲမှာ လက်တွေ့ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာတွေကို မြန်မာလို ပြင်ဆင်ပေးထားတဲ့အတွက် ဘာသာစကားအခက်အခဲလည်း ရှိနိုင်မှာ မဟုတ်ပါဘူး။
သင်တန်းမှာ ပါဝင်တဲ့ မော်ဂျူးတွေအာလုံး လေ့လာပြီး ဉာဏ်စမ်းမေးခွန်းတွေ ဖြေဆိုပြီးရင် သင်တန်းပြီးစီးကြောင်းအောင်လက်မှတ် (Certicate) ကိုပါ ရရှိဦးမှာပါ။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
သင်တန်းတက်ရောက်မယ်ဆိုရင် Myanmar Teacher Platform မှာ အကောင့်တစ်ခု ဖွင့်ထားဖို့ လိုပါတယ်။ ပြီးရင် မိမိအကောင့်ကို Login ဝင်ပြီး အောက်က ကိုယ်တက်လိုတဲ့ သင်တန်းကို ရွေးချယ်ကာ "Take This Course" လေးကို နှိပ်ပြီးတာနဲ့ စတင် လေ့လာလို့ရပါပြီ။
မြန်မာစာ - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyaaletan-myanmasa-thinkyakhyin
အင်္ဂလိပ်စာ -
သင်္ချာ - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyaaletan-thinkhyaa-thinkyakhyin
သိပ္ပံ - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyaaletan-thippan-thinkyakhyin
ICT - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyaaletan-ict-thinkyakhyin
ဒေသဆိုင်ရာသင်ရိုး - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyaaletan-dethsaaingyaathinyaonywhantan-thinkyakhyin
စာရိတ္တနှင့်ပြည်သူ့နီတိ - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyaaletan-sayaittnhngatpyithuniti-thinkyakhyin
==============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။