မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြန်လည်ကျင်းပသည့် ဇွန်လ (၁၆) ရက်နေ့၊ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၆၂,၈၂၄) ဦး ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲအား နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ (၂၉) ခရိုင်၊ (၅၈) မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၁၉၅) ခုဖြင့် ဖွင့်လှစ်ကျင်းပလျက်ရှိသည်။
မန္တလေးငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကချင်တို့မှ ကျောင်းသားဦးရေ (၆၂,၉၅၄) နှင့် နေပြည်တော်မှ ကျောင်းသားများ၏ အဖြေလွှာများ ပျက်စီးခဲ့သည်။
သို့ရာတွင် စာမေးပွဲပြန်လည်ဖြေဆိုရန် စုစုပေါင်း (၆၃,၆၇၃) ဦး စာရင်းပေးသွင်းကြပြီး မြန်မာစာနေ့တွင် (၆၂,၈၂၄) ဦး ဝင်ရောက်ဖြေဆိုကာ ပျက်ကွက်သူ (၈၄၉) ယောက်ရှိသည့်အတွက် ဖြေဆိုရာခိုင်နှုန်း (၉၈.၆၇)% ရှိသည်။
ထိုတက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ (၁၆) ရက်နေ့မှ (၂၁) ရက်နေ့အထိ ပိတ်ရက်မရှိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာစာကိုလာရောက်ဖြေဆိုသလို နောက်ထပ်ကျန်ရှိသည့်ဘာသာရပ်များကိုလည်း လာရောက်ဖြေဆိုရန် တိုက်တွန်းအားပေးထားသည်။
ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားရေးစခန်းများ ဖွင့်လှစ်ပြီး အနီးကပ် သင်ကြားပို့ချခဲ့သည့်အပြင် စုစုပေါင်းငွေကျပ်ဘီလီယံ (၂၀) ကိုလည်း နိုင်ငံတော်က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၅၀,၀၀၀) ဝန်းကျင်ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းအရ သိရသည်။
Related Article : ငလျင်ကြောင့် စာမေးပွဲပြန်ဖြေရမည့်ကိစ္စရပ်များအတွက် နိုင်ငံတော်က ငွေကျပ် (၂၀) ဘီလီယံထောက်ပံ့
>> https://www.edge.com.mm/article/supported-20-billion-kyats-for-g12-students-and-teachers.html
====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။