Sales Hotline : 09448001653       Download App



နိုင်ငံတကာထိပ်တန်း တက္ကသိုလ်များအကြောင်း တစ်ဦးချင်းဆွေးနွေးပွဲပြုလုပ်မည်

နိုင်ငံတကာထိပ်တန်း တက္ကသိုလ်များအကြောင်း တစ်ဦးချင်းဆွေးနွေးပွဲပြုလုပ်မည်

IGCSE ဖြေဆိုခဲ့ပြီး Grading အနည်းအများပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မည့် နိုင်ငံတကာထိပ်တန်းတက္ကသိုလ်များအကြောင်း တစ်ဦးချင်းဆွေးနွေးပွဲကို သြဂုတ် (၁၇)ရက်၊ နံနက် (၁၀) နာရီမှ() နာရီ AT&S ပညာရေး ဝန်ဆောင်မှုများကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

 

IGCSE ဖြေဆိုပြီးသူများ Grading အနည်းအများပေါ်မူတည်၍ လျှောက်ထားတက်ရောက်နိုင်မည့်နိုင်ငံ၊ တက္ကသိုလ်နှင့် ဘာသာရပ်များ၊ IGCSE O Level ပြီးဆုံးထားပြီး A Level ဆက်လက်တက်ရောက်နိုင်မည့်လမ်းကြောင်းများ၊ University Foundation ProgramInternational Student Pathway Program များအကြောင်း၊ IGCSE ကျောင်းသားများအတွက် တက္ကသိုလ်ရွေးချယ်ရာတွင် IGCSE A Level နှင့် University Foundation Program များ၏ အားနည်းချက်၊ အားသားချက်များ၊ အမေရိကန်တက္ကသိုလ်များသို့ တက်ရောက်ရာတွင်လည်း SAT/ACT မလိုဘဲ တက္ကသိုလ်ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်မည့် International Year One Program များ၊ အမေရိကန်ကောလိပ်များမှ တစ်ဆင့်တက်ရောက်နိုင်မည့် ပညာရေးလမ်းကြောင်းများ၊ နိုင်ငံတကာတက္ကသိုလ်များသို့တက်ရောက်ရာတွင် နိုင်ငံအလိုက်သိရှိထားသင့်တဲ့ သတင်းအချက်အလက်များ၊ ပညာသင်ဆုလျှောက်ထားနိုင်မည့် လိုအပ်ချက်များ၊ ပြင်ဆင်ထားသင့်တာတွေကို ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။

 

Read More:>>> ဒွါဒဿမတန်း ပြီးမြောက်သူများ ပုံမှန်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမည်

 

ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် AT&S ဖုန်းနံပါတ် ၀၁-၆၅၂၃၂၀၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၇၇၇၂၂၃၂၂၅ သို့ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

 

Source: Internet

 

Education Read 683 times