ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade 5၊ Grade 9၊ Grade 10၊ Grade 11 နဲ့ Grade 12 တက်ရောက်မယ့် ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်နှစ် (၁) နှစ်စာအတွက် အခမဲ့ ထောက်ပံ့ပေးသွားမယ့် ပညာသင်ဆု အစီအစဉ် ရှိပါတယ်။
ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်းဟာ နေပြည်တော်မှာ International School နဲ့ Private School (၂) ကျောင်း ရှိပြီး ရန်ကုန်မှာတော့ မေလ (၁၀) ရက်နေ့ကမှ ဖွင့်ပွဲကျင်းပပြီး ပထမဆုံး ကျောင်းခွဲသစ်ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ပညာသင်ဆု လျှောက်ထားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေက မေလ (၁၆) ရက်နေ့မှာ ကျောင်းကို သွားပြီး English နဲ့ Mathematics ဘာသာရပ်နှစ်ခုကို ဖြေဆိုရမှာပါ။
Grade 5 နဲ့ Grade 9 တွေက မနက် (၉) နာရီကနေ (၁၀) နာရီအထိ တစ်ချိန်၊ နေ့လည် (၁၁) နာရီကနေ (၁၂) နာရီထိ တစ်ချိန် ဖြေဆိုရပါမယ်။ Grade 10၊ 11 နဲ့ 12 တွေက မနက် (၉) နာရီကနေ (၁၀) နာရီခွဲအထိ တစ်ချိန်၊ နေ့လည် (၁၁) နာရီကနေ (၁၂) နာရီခွဲအထိ တစ်ချိန် ဖြေဆိုရပါမယ်။
စာမေးပွဲဖြေဆိုပြီးတဲ့ကြားက နားနေချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေအတွက် (Snack + Drink ) တွေကို ကျောင်းကနေ အခမဲ့ ကျွေးမွေးဧည့်ခံသွားမှာ ဖြစ်ပါတယ်။
အောင်စာရင်းကိုတော့ မေလ (၂၅) ရက်နေ့မှာ ဇမ္ဗူအောင် ကိုယ်ပိုင်အထက်တန်းကျောင်း Facebook Page ကနေတစ်ဆင့် ကြေညာပေးသွားမယ်လို့ သိရပါတယ်။
ပညာသင်ဆု လျှောက်ထားမှုကို မေလ (၁၄) ရက်နေ့ ညနေ (၅) နာရီအထိ လက်ခံသွားမှာဖြစ်ပြီး ရန်ကုန်မြို့အပြင် တခြားရပ်ဝေး နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူတွေလည်း လျှောက်လို့ရပါတယ်။
လျှောက်လွှာ > https://docs.google.com/forms/d/e/1FAIpQLScrk5kzmAVbtUK-
(လက်ရှိ နယ်ဝေးကို ရောက်နေတယ်ဆိုရင် အထက်မှာ ပေးထားတဲ့ Google Registration Form မှတဆင့် စာရင်းသွင်း လျှောက်ထားနိုင်သလို Viber နံပါတ် (09-401454840) မှာလည်း နာမည်စာရင်းပေးပြီး လျှောက်ထားနိုင်ပါတယ်။)
ကျောင်းကို ယူဆောင်သွားရမယ့် လိုအပ်တဲ့ အချက်အလက်တွေကတော့ -
အကျိုးခံစားခွင့်
ကျောင်းလခ၊ ကျောင်းဝတ်စုံနဲ့ ဖတ်စာအုပ်တွေ အားလုံးကို (၁၀၀)% အခမဲ့ ထောက်ပံ့ပေးမယ့်အပြင် ဘယ်ဖောင်ကြေး၊ စာရွက်စာတမ်းကြေးမှ ပေးသွင်းစရာမလိုဘဲ အခမဲ့ လျှောက်ထားနိုင်ပါတယ်။
ကျောင်းနဲ့ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက 09 - 401 454 836 ၊ 09 - 401 454 837 ၊ 09 - 401 454 840 ကို ဆက်သွယ်နိုင်ပါတယ်။ လိပ်စာကတော့ အမှတ် (၅၁)၊ အေ/အေ၊ လေးထောင့်ကန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ကျိုက္ကဆံ စူပါဝမ်း မျက်စောင်းထိုး၊ လိမ္မော်ရောင် အဆောက်အဦး) ဖြစ်ပါတယ်။
=======================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။