Sales Hotline : 09448001653       Download App



ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ သင်ခန်းစာဆွေးနွေးပို့ချ

** Unicode **

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် (၈)နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပ သည့် ရုံးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁/၂၀၂၀)တွင် သင်ခန်းစာဆွေးနွေးပို့ချသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(NESP)(၂၀၁၆-၂၀၂၁)တွင် ဦးစားပေးလုပ်ငန်း ၁၂ ရပ်သတ်မှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်း ပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့် တိုးမြှင့် သင်ယူခွင့် များရရှိရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းအရွယ်ကလေးတိုင်း မူလတန်းပညာပြီးမြောက် အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့် မသန်စွမ်း ကလေးငယ်များ၊ ဆင်းရဲ နွမ်းပါးသည့်ကလေးများ၊ ဝေးလံခေါင်ဖျား ဒေသရှိကလေးများ စသည့် ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

မူလတန်းတိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာ စကားသင်ရိုးညွှန်းတမ်းပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများအတွက် တိုင်းရင်းသားဒေသခံဆရာများ ဖြည့်ဆည်းခန့်ထားခြင်း အပါအဝင် တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးလျက် ရှိပါကြောင်း၊ ကျောင်းများတွင် သင့်လျော်သော ဆရာ ကျောင်းသား အချိုးရရှိစေရန် အခက်အခဲရှိသော ဒေသများ၊ ဝေးလံသောဒေသများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဆရာများ၏ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များမြင့်မားလာစေရန် နှစ်စဉ်ကျောင်းသုံး ဖတ်စာအုပ်အသစ်များအတွက် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြဆရာများအားလုံးကို သင်တန်းပေးဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်းပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းနေ သည့် ဒေသများရှိ ကျောင်းများ၏လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

ပညာအရည်အချင်းနည်းပါးသူများ၏ လူမှုဘဝတိုးတက်ကောင်းမွန်စေရန် အခြေခံပညာ အလယ် တန်း၊ အထက်တန်းတန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်းအစီအစဉ်များဖြင့် ဆက်လက်ပညာ ဆည်းပူး နိုင်သော အခွင့်အလမ်းများဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား မိဘများနှင့် ရပ်ရွာ အသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာ ငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက် သော ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာကြီးကြပ်မှု လုပ်ငန်းအစီအစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့၏လုပ်ငန်း များ သာတူညီမျှ အောင်မြင်မှုရှိစေရန် စိတ်ရှည်သည်းခံပြီး အတူတကွပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

Read More:>>>  ဧၿပီလေက်ာင္းဖြင့္ခ်ိန္အမီ ေလ်ွာက္ထားနိုင္မည့္ ဘြဲ႔သင္တန္းမ်ား

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ထောက်မြို့နယ်ပညာရေးမှူး၊ ဒုကြီးကြပ်ရေးမှူး၊ ဒုတိယဦးစီးမှူး သင်တန်းသား သင်တန်းသူ(၂၈၄) ဦးတက်ရောက်လျက်ရှိပြီး သင်တန်း ကာလမှာ ဖေဖော်ဝါရီလ (၂)ရက်မှ ဖေဖော်ဝါရီလ(၂၆)ရက်နေ့အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည်။ 

Logistics (24) ႏွင့္ပတ္သက္ၿပီး သင္တန္း (၂၄) ခု ရွာရန္ႏွိပ္ပါ။

(Educational Information Department)

** Zawgyi **

ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးသည္ ယေန႔နံနက္ (၈)နာရီ တြင္ ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ ပညာေရးစီမံခန္႔ခြဲမႈသင္တန္းေက်ာင္း၌ ဖြင့္လွစ္က်င္းပ သည့္ ႐ုံးဝန္ထမ္းမ်ား စီမံခန္႔ခြဲမႈသင္တန္းအမွတ္စဥ္(၁/၂၀၂၀)တြင္ သင္ခန္းစာေဆြးေႏြးပို႔ခ်သည္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ပညာေရးက႑ႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြးေျပာၾကား ရာတြင္ ပညာေရးဝန္ႀကီးဌာနအေနျဖင့္ ပညာေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အမ်ိဳးသားပညာေရး မဟာဗ်ဴဟာစီမံကိန္း(NESP)(၂၀၁၆-၂၀၂၁)တြင္ ဦးစားေပးလုပ္ငန္း ၁၂ ရပ္သတ္မွတ္၍ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ယင္းသို႔အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ေရွးဦးကေလးသူငယ္ ျပဳစုပ်ိဳးေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ ႏိုင္ငံသားတိုင္း အနည္းဆုံး မူလတန္း ပညာကို သင္ယူၿပီးေျမာက္ၿပီး အလယ္တန္းပညာႏွင့္ အထက္တန္းပညာကို အဆင့္ဆင့္ တိုးျမႇင့္ သင္ယူခြင့္ မ်ားရရွိရန္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ မူလတန္းအ႐ြယ္ကေလးတိုင္း မူလတန္းပညာၿပီးေျမာက္ ေအာင္ျမင္ျခင္းႏွင့္ မူလတန္းပညာသင္ယူရန္ အခက္အခဲရွိေနသည့္ မသန္စြမ္း ကေလးငယ္မ်ား၊ ဆင္းရဲ ႏြမ္းပါးသည့္ကေလးမ်ား၊ ေဝးလံေခါင္ဖ်ား ေဒသရွိကေလးမ်ား စသည့္ ကေလးမ်ားအတြက္ အေလးထားသည့္ ပညာေရးအစီအစဥ္မ်ားကို ပိုမိုေကာင္းမြန္ေစရန္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း။

မူလတန္းတိုင္းရင္းသား ကေလးငယ္မ်ားအတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ား၏ ႀကီးၾကပ္မႈျဖင့္ တိုင္းရင္းသားဘာသာ စကားသင္႐ိုးၫႊန္းတမ္းျပဳစုေရးဆြဲျခင္းႏွင့္ သင္ၾကားျခင္းမ်ားအတြက္ တိုင္းရင္းသားေဒသခံဆရာမ်ား ျဖည့္ဆည္းခန႔္ထားျခင္း အပါအဝင္ တိုင္းရင္းသားဘာသာစကားႏွင့္ ယဥ္ေက်းမႈကို ျမႇင့္တင္ေပးလ်က္ ရွိပါေၾကာင္း၊ ေက်ာင္းမ်ားတြင္ သင့္ေလ်ာ္ေသာ ဆရာ ေက်ာင္းသား အခ်ိဳးရရွိေစရန္ အခက္အခဲရွိေသာ ေဒသမ်ား၊ ေဝးလံေသာေဒသမ်ားကို ဦးစားေပးေဆာင္႐ြက္လ်က္ရွိၿပီး ဆရာမ်ား၏ဘာသာရပ္ကြၽမ္းက်င္မႈႏွင့္ သင္ၾကားပို႔ခ်မႈ စြမ္းရည္မ်ားျမင့္မားလာေစရန္ ႏွစ္စဥ္ေက်ာင္းသုံး ဖတ္စာအုပ္အသစ္မ်ားအတြက္ မူလတန္းျပ၊ အလယ္တန္းျပ၊ အထက္တန္းျပဆရာမ်ားအားလုံးကို သင္တန္းေပးေဆာင္႐ြက္ျခင္း၊ အေျခခံပညာေရးကို လူတိုင္းပိုမိုလက္လွမ္းမီႏိုင္ရန္ ဖြံ႕ၿဖိဳးမႈအားနည္းေန သည့္ ေဒသမ်ားရွိ ေက်ာင္းမ်ား၏လိုအပ္ခ်က္မ်ားကို ဦးစားေပးျဖည့္ဆည္းေဆာင္႐ြက္ေပးလ်က္ရွိပါ ေၾကာင္း။

ပညာအရည္အခ်င္းနည္းပါးသူမ်ား၏ လူမႈဘဝတိုးတက္ေကာင္းမြန္ေစရန္ အေျခခံပညာ အလယ္ တန္း၊ အထက္တန္းတန္းညႇိအစီအစဥ္မ်ားႏွင့္ သက္ေမြးမႈသင္တန္းအစီအစဥ္မ်ားျဖင့္ ဆက္လက္ပညာ ဆည္းပူး ႏိုင္ေသာ အခြင့္အလမ္းမ်ားေဖာ္ေဆာင္ေပးလ်က္ရွိပါေၾကာင္း၊ ေက်ာင္းသား မိဘမ်ားႏွင့္ ရပ္႐ြာ အသိုက္အဝန္းကို ဝန္ထုပ္ဝန္ပိုး မျဖစ္ေစေသာ ထိေရာက္သည့္ ပညာေရးဝန္ေဆာင္မႈျဖစ္ေစရန္ ေဆာင္ ႐ြက္လ်က္ရွိၿပီး ႏိုင္ငံေတာ္အစိုးရ၊ ပုဂၢလိကက႑ႏွင့္ ျပည္တြင္းျပည္ပမွ ရရွိသည့္ ပညာေရးဆိုင္ရာ ဘ႑ာ ေငြမ်ားကို အက်ိဳးရွိထိေရာက္စြာ ခြဲေဝသုံးစြဲႏိုင္ရန္ႏွင့္ ပြင့္လင္းျမင္သာမႈရွိေစရန္အတြက္လည္း အေလးထား ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ တိက်မွန္ကန္သည့္ သတင္းအခ်က္အလက္မ်ားကို အေျခခံ၍ ထိေရာက္ ေသာ ပညာေရးျပဳျပင္ေျပာင္းလဲမႈ၊ စီမံခန႔္ခြဲမႈႏွင့္ ေလ့လာႀကီးၾကပ္မႈ လုပ္ငန္းအစီအစဥ္မ်ားကို အေကာင္ အထည္ေဖာ္ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း၊ သင္တန္းသား သင္တန္းသူမ်ားအေနျဖင့္ မိမိတို႔၏လုပ္ငန္း မ်ား သာတူညီမွ် ေအာင္ျမင္မႈရွိေစရန္ စိတ္ရွည္သည္းခံၿပီး အတူတကြပူးေပါင္းေဆာင္႐ြက္ေပးၾကေစလိုေၾကာင္း ေျပာၾကားသည္။

Read More:>>>  ဧၿပီလေက်ာင္းဖြင့္ခ်ိန္အမီ ေလ်ွာက္ထားနိုင္မည့္ ဘြဲ႔သင္တန္းမ်ား

အဆိုပါ သင္တန္းသို႔ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ လက္ေထာက္ၿမိဳ႕နယ္ပညာေရးမႉး၊ ဒုႀကီးၾကပ္ေရးမႉး၊ ဒုတိယဦးစီးမႉး သင္တန္းသား သင္တန္းသူ(၂၈၄) ဦးတက္ေရာက္လ်က္ရွိၿပီး သင္တန္း ကာလမွာ ေဖေဖာ္ဝါရီလ (၂)ရက္မွ ေဖေဖာ္ဝါရီလ(၂၆)ရက္ေန႔အထိ ဖြင့္လွစ္ပို႔ခ်လ်က္ရွိသည္။ 

Logistics (24) ႏွင့္ပတ္သက္ၿပီး သင္တန္း (၂၄) ခု ရွာရန္ႏွိပ္ပါ။

(Educational Information Department)

News Tips Latest Post Read 2307 times