Sales Hotline : 09448001653       Download App



ကျောင်းတက်ချိန် ပုံစံငါးမျိုးဖြင့် ဖွင့်လှစ်မည်

** Unicode **

အခြေခံပညာကျောင်း များကို ကျောင်းတစ်ကျောင်းစီ၏ အခြေအနေပေါ် မူတည်ကာ ကျောင်းတက်ချိန် ပုံစံငါးမျိုးဖြင့် ဖွင့်လှစ်မည်ဟု အခြေခံပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အခြေခံပညာအထက်တန်းအဆင့် အတန်းနှစ်တန်းကို ဇူလိုင် (၂၁) ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး Social Distancing(ခပ်ခွာခွာနေထိုင်ခြင်း) လိုက်နာရန်အတွက် ကျောင်းတက်ချိန်ကို ပုံစံငါးမျိုးဖြင့် သတ်မှတ်ဖွင့်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

၁။ ပုံမှန် ဖွင့်လှစ်နိုင်မည့် ကျောင်းများ၊
၂။ တစ်ပတ်ခြားတက် နိုင်မည့်ကျောင်းများ၊
၃။ ကျောင်းချိန် နှစ်သုတ်တက်(2 Shifts)ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊
၄။ ကျောင်းချိန် နှစ်သုတ်တက်၍ တစ်ပတ်ခြား ဖွင့်လှစ်နိုင်မည့်ကျောင်းများ၊
၅။ အ ခက်အခဲရှိသော ကျောင်းများဟူ ၍
ကျောင်းအခြေအနေပေါ်မူ တည်ကာကျောင်းတက်ချိန် ပုံစံ ငါးမျိုးဖြင့် ဖွင့်မည်ဖြစ်ပါတယ်။

‘‘ကျောင်းသားနည်းတဲ့ ကျောင်းတွေကတော့ ပုံမှန်အ တိုင်းပဲဖြစ်မယ်။ များတဲ့ကျောင်းကတော့ တစ်ရက်ကို နှစ်သုတ်ခွဲ တက်ရမှာမျိုးရှိမယ်။
ဒါမှမဟုတ် တစ်ပတ်ကို သုံးရက်တက်၊ နှစ်သုတ်ခွဲတက်ရမှာမျိုးရှိမယ်။ ကျောင်းသား ငါးထောင်၊ ခြောက်ထောင်ရှိတဲ့ ကျောင်းကြီးတွေကျတော့ နှစ်သုတ်ခွဲတက်တာတင် မရတော့ တစ်ပတ်ခြားစီတက်ရတာလည်းရှိနိုင်တယ်။
ကျောင်းတွေဆီကနေ သူတို့ဖွင့်နိုင်မယ့်ပုံစံ တင်ခိုင်းထားတယ်။ ပုံစံငါးမျိုး ရှိမယ်’’ဟု ဦးကိုလေးဝင်းက ပြောပါတယ်။

ကျောင်းအလိုက် ဆရာ/ဆရာမဦးရေ၊ ကျောင်းသားဦးရေ၊ ဆရာနှင့်ကျောင်းသားအချိုး၊ စာသင်ခန်းနှင့်ကျောင်းသားအချိုးတို့ပေါ် အခြေခံကာ ကျောင်းတစ်ကျောင်းစီက ကျောင်းဖွင့်နိုင်ရေးစီမံချက်များ ရေးဆွဲကာ တိုင်းဒေ သကြီးပညာရေးမှူးရုံးသို့ တင်ပြ ထားရကြောင်း အင်းစိန်မြို့နယ်မှ အလယ်တန်းကျောင်းအုပ်တစ်ဦး ကဆိုပါတယ်။

‘‘အခုကတော့ အထက်တန်းကို စဖွင့်ဖို့ စီမံချက်တောင်းတာပေါ့။ အထက(၂)ဗဟန်းမှာက (၉) တန်း၊ (၁၀) တန်းက တစ်တန်းမှာလူ (၆၀၀) ဆိုတော့ (၁,၂၀၀) ရှိတယ်။ ဆရာမက (၃၅) ယောက်ပဲရှိတယ်။ အလယ်တန်းကျောင်းအုပ်အနေနဲ့ ပြောင်းရမယ့်ဆရာမတွေ၊ ပင်စင်ယူမယ့်သူလည်း ရှိတော့ ဆရာမဦးရေကတော့ မလုံလောက်ဘူး။
အခုက Social Distancing နဲ့ဆိုတော့ ကျောင်းချိန်ကို ပြောင်းရမယ်။ ဆရာမတွေကတော့ တစ်ပတ်မှာ တစ်ရက်ပဲ နားချိန်ရမှာ’’ဟု အထက (၂)ဗဟန်းမှ မိဘဆရာအသင်းဝင် ဦးကြည်ဝင်းက ပြောပါတယ်။

Primary (721) မူူလတန်းကျောင်းများနှင့် ပတ်သက်ပြီး (84) ခု ရှာရန်နှိပ်ပါ။

အထက်တန်းအဆင့်အတန်းများ ပြန်ဖွင့်သည့်အခြေအနေကို သုံးသပ်ကာ အခြားအတန်းများ ဆက်ဖွင့်ရန် အဆင်ပြေပါက အထက်တန်းအဆင့် ဖွင့်လှစ်အပြီး နှစ်ပတ်အကြာ(သြဂုတ်လ ဒုတိယပတ်)တွင် အလယ်တန်းအဆင့်အတန်းများ ဖွင့်မည်ဖြစ်ပါတယ်။

အလယ်တန်းအဆင့်အတန်းများ ဖွင့်သည့်အခြေအနေ ကောင်းမွန်ပါက နောက်တစ်ပတ်အကြာ(သြဂုတ်လ တတိယပတ်)တွင် မူလတန်းအဆင့်အတန်းများ ဆက်ဖွင့်ရန် ပညာရေးဝန်ကြီး ဌာနက စီစဉ်ထားပါတယ်။

ကျောင်းပြန်ဖွင့်ပါက ကျောင်းအပ်နှံရေးသီတင်းပတ်တွင် နှစ်စဉ် အခမဲ့ပေးနေကျ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ဗလာ စာအုပ်များအပြင် ကျောင်းသား/သူနှင့် ဆရာ/ဆရာမ များအတွက် ပြန်လည်အသုံးပြုနိုင်သည့် နှာခေါင်းစည်း(Reused Mask)နှစ်ခု၊ မျက်နှာအကာ (Face Shield)တစ်ခုစီပေးရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။

ထို့အပြင် ဆရာ၊ မိဘ၊ ကျောင်းသားများ လိုက်နာရမည့် စည်းကမ်းချက်များ သီးခြားထုတ်ပြန်ခြင်း၊ ကျောင်းလာစဉ် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်နိုင်ရန် ကိုယ်အပူ ချိန်တိုင်းကိရိယာများနှင့် လက်ဆေးရေကန်၊ လက်သန့်စင်ဆေး များ၊ ပိုးသတ်ဆေးများ ပံ့ပိုးခြင်း တို့ပြုလုပ်ရန်လည်း ပညာရေးဝန် ကြီးဌာနက စီစဉ်နေပါတယ်။

Credit. 7Day News

 

** Zawgyi **

အေျခခံပညာေက်ာင္း မ်ားကို ေက်ာင္းတစ္ေက်ာင္းစီ၏ အေျခအေနေပၚ မူတည္ကာ ေက်ာင္းတက္ခ်ိန္ ပုံစံငါးမ်ိဳးျဖင့္ ဖြင့္လွစ္မည္ဟု အေျခခံပညာဦးစီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

အေျခခံပညာအထက္တန္းအဆင့္ အတန္းႏွစ္တန္းကို ဇူလိုင္ (၂၁) ရက္တြင္ စတင္ဖြင့္လွစ္မည္ ျဖစ္ၿပီး Social Distancing(ခပ္ခြာခြာေနထိုင္ျခင္း) လိုက္နာရန္အတြက္ ေက်ာင္းတက္ခ်ိန္ကို ပုံစံငါးမ်ိဳးျဖင့္ သတ္မွတ္ဖြင့္ရန္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ထားပါတယ္။

၁။ ပုံမွန္ ဖြင့္လွစ္ႏိုင္မည့္ ေက်ာင္းမ်ား၊
၂။ တစ္ပတ္ျခားတက္ ႏိုင္မည့္ေက်ာင္းမ်ား၊
၃။ ေက်ာင္းခ်ိန္ ႏွစ္သုတ္တက္(2 Shifts)ဖြင့္လွစ္ႏိုင္မည့္ေက်ာင္းမ်ား၊
၄။ ေက်ာင္းခ်ိန္ ႏွစ္သုတ္တက္၍ တစ္ပတ္ျခား ဖြင့္လွစ္ႏိုင္မည့္ေက်ာင္းမ်ား၊
၅။ အ ခက္အခဲရွိေသာ ေက်ာင္းမ်ားဟူ ၍
ေက်ာင္းအေျခအေနေပၚမူ တည္ကာေက်ာင္းတက္ခ်ိန္ ပုံစံ ငါးမ်ိဳးျဖင့္ ဖြင့္မည္ျဖစ္ပါတယ္။

‘‘ေက်ာင္းသားနည္းတဲ့ ေက်ာင္းေတြကေတာ့ ပုံမွန္အ တိုင္းပဲျဖစ္မယ္။ မ်ားတဲ့ေက်ာင္းကေတာ့ တစ္ရက္ကို ႏွစ္သုတ္ခြဲ တက္ရမွာမ်ိဳးရွိမယ္။
ဒါမွမဟုတ္ တစ္ပတ္ကို သုံးရက္တက္၊ ႏွစ္သုတ္ခြဲတက္ရမွာမ်ိဳးရွိမယ္။ ေက်ာင္းသား ငါးေထာင္၊ ေျခာက္ေထာင္ရွိတဲ့ ေက်ာင္းႀကီးေတြက်ေတာ့ ႏွစ္သုတ္ခြဲတက္တာတင္ မရေတာ့ တစ္ပတ္ျခားစီတက္ရတာလည္းရွိႏိုင္တယ္။
ေက်ာင္းေတြဆီကေန သူတို႔ဖြင့္ႏိုင္မယ့္ပုံစံ တင္ခိုင္းထားတယ္။ ပုံစံငါးမ်ိဳး ရွိမယ္’’ဟု ဦးကိုေလးဝင္းက ေျပာပါတယ္။

ေက်ာင္းအလိုက္ ဆရာ/ဆရာမဦးေရ၊ ေက်ာင္းသားဦးေရ၊ ဆရာႏွင့္ေက်ာင္းသားအခ်ိဳး၊ စာသင္ခန္းႏွင့္ေက်ာင္းသားအခ်ိဳးတို႔ေပၚ အေျခခံကာ ေက်ာင္းတစ္ေက်ာင္းစီက ေက်ာင္းဖြင့္ႏိုင္ေရးစီမံခ်က္မ်ား ေရးဆြဲကာ တိုင္းေဒ သႀကီးပညာေရးမႉး႐ုံးသို႔ တင္ျပ ထားရေၾကာင္း အင္းစိန္ၿမိဳ႕နယ္မွ အလယ္တန္းေက်ာင္းအုပ္တစ္ဦး ကဆိုပါတယ္။

‘‘အခုကေတာ့ အထက္တန္းကို စဖြင့္ဖို႔ စီမံခ်က္ေတာင္းတာေပါ့။ အထက(၂)ဗဟန္းမွာက (၉) တန္း၊ (၁၀) တန္းက တစ္တန္းမွာလူ (၆၀၀) ဆိုေတာ့ (၁,၂၀၀) ရွိတယ္။ ဆရာမက (၃၅) ေယာက္ပဲရွိတယ္။ အလယ္တန္းေက်ာင္းအုပ္အေနနဲ႔ ေျပာင္းရမယ့္ဆရာမေတြ၊ ပင္စင္ယူမယ့္သူလည္း ရွိေတာ့ ဆရာမဦးေရကေတာ့ မလုံေလာက္ဘူး။
အခုက Social Distancing နဲ႔ဆိုေတာ့ ေက်ာင္းခ်ိန္ကို ေျပာင္းရမယ္။ ဆရာမေတြကေတာ့ တစ္ပတ္မွာ တစ္ရက္ပဲ နားခ်ိန္ရမွာ’’ဟု အထက (၂)ဗဟန္းမွ မိဘဆရာအသင္းဝင္ ဦးၾကည္ဝင္းက ေျပာပါတယ္။

Primary (721) မူူလတန္းေက်ာင္းမ်ားႏွင့္ ပတ္သက္ျပီး (84) ခု ရွာရန္ႏွိပ္ပါ။

အထက္တန္းအဆင့္အတန္းမ်ား ျပန္ဖြင့္သည့္အေျခအေနကို သုံးသပ္ကာ အျခားအတန္းမ်ား ဆက္ဖြင့္ရန္ အဆင္ေျပပါက အထက္တန္းအဆင့္ ဖြင့္လွစ္အၿပီး ႏွစ္ပတ္အၾကာ(ၾသဂုတ္လ ဒုတိယပတ္)တြင္ အလယ္တန္းအဆင့္အတန္းမ်ား ဖြင့္မည္ျဖစ္ပါတယ္။

အလယ္တန္းအဆင့္အတန္းမ်ား ဖြင့္သည့္အေျခအေန ေကာင္းမြန္ပါက ေနာက္တစ္ပတ္အၾကာ(ၾသဂုတ္လ တတိယပတ္)တြင္ မူလတန္းအဆင့္အတန္းမ်ား ဆက္ဖြင့္ရန္ ပညာေရးဝန္ႀကီး ဌာနက စီစဥ္ထားပါတယ္။

ေက်ာင္းျပန္ဖြင့္ပါက ေက်ာင္းအပ္ႏွံေရးသီတင္းပတ္တြင္ ႏွစ္စဥ္ အခမဲ့ေပးေနက် ေက်ာင္းသုံးျပ႒ာန္းစာအုပ္၊ဗလာ စာအုပ္မ်ားအျပင္ ေက်ာင္းသား/သူႏွင့္ ဆရာ/ဆရာမ မ်ားအတြက္ ျပန္လည္အသုံးျပဳႏိုင္သည့္ ႏွာေခါင္းစည္း(Reused Mask)ႏွစ္ခု၊ မ်က္ႏွာအကာ (Face Shield)တစ္ခုစီေပးရန္ ပညာေရးဝန္ႀကီးဌာနက စီစဥ္ေနပါတယ္။

ထို႔အျပင္ ဆရာ၊ မိဘ၊ ေက်ာင္းသားမ်ား လိုက္နာရမည့္ စည္းကမ္းခ်က္မ်ား သီးျခားထုတ္ျပန္ျခင္း၊ ေက်ာင္းလာစဥ္ ကိုယ္အပူခ်ိန္တိုင္းျခင္း၊ လက္ေဆးျခင္းမ်ား ျပဳလုပ္ႏိုင္ရန္ ကိုယ္အပူ ခ်ိန္တိုင္းကိရိယာမ်ားႏွင့္ လက္ေဆးေရကန္၊ လက္သန႔္စင္ေဆး မ်ား၊ ပိုးသတ္ေဆးမ်ား ပံ့ပိုးျခင္း တို႔ျပဳလုပ္ရန္လည္း ပညာေရးဝန္ ႀကီးဌာနက စီစဥ္ေနပါတယ္။

Credit. 7Day News

 

Tips News Latest Post Read 41486 times