ဩစတေးလျတွင် ပြည်ပကျောင်းသား ၂၇၀,၀၀၀ သာ လက်ခံတော့မည်

 

သြစတြေးလျနိုင်ငံသည် နိုင်ငံတကာမှ ကျောင်းသားများအား ကျောင်းအပ်လက်ခံခြင်းကို ကန့်သတ်လိုက်ကြောင်း ဩဂုတ်လ (၂၇) ရက်၊ အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ နိုင်ငံ၏ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြား ကျောင်းသားပေါင်း ၂၇၀,၀၀၀ သာ လက်ခံမည်ဟု ပြောကြားခဲ့ပါသည်။ 

 

၂၀၂၄ ခုနှစ်အစောပိုင်းမှ နောက်ဆုံးထုတ်ပြန်သော အစိုးရစာရင်းအင်းအရ ဩစတြေးလျတွင် နိုင်ငံတကာ ကျောင်းသား ၇၁၇,၅၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူများ လျော့နည်းသွားစေရန် လာမည့်နှစ်တွင် ကျောင်းသားအရေအတွက် ၂၇၀,၀၀၀ သာ ကျောင်းအပ်လက်ခံမည်ဟု ကန့်သတ်လိုက်ခြင်းဖြစ်သည်။

 

အဆိုပါပြောင်းလဲမှုသည် ပညာရေး လုပ်ငန်းကို မကျေမနပ်ဖြစ်စေခဲ့ပြီး အချို့သော တက္ကသိုလ်များက ၎င်းကို "စီးပွားရေး ဖျက်ဆီးမှု" ဟု သတ်မှတ်ထားသည်။   

 

ဤကန့်သတ်ချက်တွင် အဆင့်မြင့်ပညာသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် လေ့ကျင့်ရေးသင်တန်းများ ပါဝင်သည်။ အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံခြားသို့ အဆင့်မြင့်ပညာ သင်ကြားလိုသော အိန္ဒိယကျောင်းသားများ အထူးသဖြင့် ပန်ဂျပ်မှ ကျောင်းသားအများအပြားကို သက်ရောက်မှုရှိစေရန် ရည်ရွယ်သည်။

 

COVID-အချိန်အခါမှစ၍ တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုများဖြင့် ပြည်ပမှ ဝင်ရောက်လာမည့် နိုင်ငံခြားကျောင်းသားများနှင့် အလုပ်သမားများအတွက် ချမှတ်ခဲ့သော လုပ်ဆောင်ချက်များအား လိုက်နာဆောင်ရွက်လျက်ရှိပါသည်။


ဩစတေးလျ ပညာရေးဝန်ကြီး Jason Clare က အစိုးရသည် အိမ်အငှားဈေးနှုန်းများ မြင့်တက်စေသည့် စံချိန်တင်ပြောင်းရွှေ့နေထိုင်မှုကို ထိန်းချုပ်ရန် ထိုသို့ကန့်သတ်ချက်များ ချမှတ်ရသည်ဟု ဆိုသည်။ 

 

ယခုအခါ သြစတြေးလျတက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများသည် ကပ်ရောဂါမဖြစ်မီကထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေပြီး ပုဂ္ဂလိက အသက်မွေးဝမ်းကျောင်းနှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေကြောင်း ၎င်းက ပြောသည်။

 

အစိုးရတက္ကသိုလ်များတွင် ကျောင်းသားစာရင်းသွင်းမှုသည် ၂၀၂၅ ခုနှစ်တွင် ၁၄၅,၀၀၀ သို့ ပြန်လည်ရောက်ရှိရမည်ဖြစ်ကြောင်းနှင့် ပုဂ္ဂလိကတက္ကသိုလ်များနှင့် တက္ကသိုလ်မဟုတ်သော အဆင့်မြင့်ပညာရေးပေးဆောင်သူများသည် နိုင်ငံတကာမှ ကျောင်းသားသစ် ၃၀,၀၀၀ ကို စာရင်းသွင်းနိုင်မည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းများနှင့် လေ့ကျင့်ရေးကျောင်းများတွင် ၉၅,၀၀၀ သာ လက်ခံရမည်ဖြစ်ကြောင်း Mr Clare က ပြောကြားခဲ့သည်။

 

နိုင်ငံတကာပညာရေးစျေးကွက်ကြောင့် သြစတြေးလျနိုင်ငံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ငွေကြေးအမြောက်အမြား ရရှိခဲ့ပြီး သြစတြေးလျဒေါ်လာ ၃၆.၄ ဘီလီယံခန့်ဖြင့် နိုင်ငံ၏ စတုတ္ထမြောက် နိုင်ငံခြားငွေကြေးအရဆုံး စီးပွားရေးဖြစ်လာခဲ့သည်။

 

နိုင်ငံခြား ကျောင်းသားများစွာရှိသည့် Sydney University ၏ လေ့လာမှုအရ နိုင်ငံခြားကျောင်းသား ကန့်သတ်မှုသည် နိုင်ငံ၏ စီးပွားရေးကို ထိခိုက်နိုင်ကြောင်း အကြံပြုထားသည်။ သြစတြေးလျနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၄.၁ ဘီလီယံနှင့် အလုပ်အကိုင် ၂၂,၀၀၀ ခန့် ဆုံးရှုံးသွားနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။ 

 

Source - BBC 

 

International News Latest Post Read 99 times