နည်းပညာ ထက်မြက်တဲ့ (၂၁) ရာစုက ကျောင်းသားတွေကို စာသင်ကြားရာမှာ ထိထိရောက်ရောက် သင်ကြားနိုင်ဖို့ ဆန်းသစ်တဲ့ သင်ကြားရေးနည်းလမ်းတွေ လိုအပ်ပါတယ်။ ဒါကြောင့် သမားရိုးကျ မဟုတ်ဘဲ လိုချင်တဲ့ ပညာရေးရလဒ်တွေကို မြန်မြန်ဆန်ဆန် ရရှိစေမယ့် ကမ္ဘာတစ်ဝှမ်း အသုံးပြုနေတဲ့ သင်ကြားရေးနည်းလမ်း (၇) ခုကို မျှဝေပေးသွားပါမယ်။
ဆရာတွေအနေနဲ့ ဒီလို မတူညီတဲ့ သင်ကြားရေးနည်းလမ်းတွေကို အသုံးပြုပြီး ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး ထိရောက်တဲ့ သင်ယူမှုကို ပြင်ဆင်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျောင်းတိုင်းမှာ ရှိသင့်တဲ သင်ကြားရေးနည်းလမ်း (၇) ခုကို လေ့လာကြည့်ရအောင်။
၁။ Flipped Classroom
Flipped Classroom ဆိုတာက ကမ္ဘာတစ်ဝှမ်းက ပညာရှင်တွေကြား ရေပန်းစားတဲ့ ခေတ်မီ သင်ကြားရေးနည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ Flipped Classroom ရဲ့ သဘောတရားက ဆရာက Lecture ပေးပြီး အိမ်မှာ အိမ်စာပြန်လုပ်ရတဲ့ သမားရိုးကျ သင်ကြားနည်းကို ပြောင်းပြန်လှန်ထားတဲ့ သင်ကြားနည်းဖြစ်ပါတယ်။
ကျောင်းသားတွေဟာ သင်ခန်းစာ အကြောင်းအရာတွေကို အိမ်မှာ အွန်လိုင်း၊ ဖတ်စာအုပ် (သို့မဟုတ်) တခြားနည်းလမ်းတွေနဲ့ ကိုယ်တိုင် လေ့လာသင်ယူကြရပါတယ်။ တကယ့်အတန်းချိန်မှာတော့ သင်ခန်းစာနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ၊ အဖွဲ့လိုက်ဆွေးနွေးခြင်းတွေ၊ ပြသနာဖြေရှင်းခြင်း၊ တီထွင်ဖန်တီးခြင်း စတဲ့ Classroom Activities တွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အကျိုးကျေးဇူးများ
၂။ Cooperative teaching
Cooperative teaching ဆိုတာ ဆရာတွေက အတန်းတစ်တန်းမှာ ကျောင်းသားတွေကို အုပ်စုငယ်လေးတွေ ဖွဲ့ပေးကာ လူတစ်ဦးချင်းစီကို တာဝန်ခွဲထားပေးတဲ့ သင်ကြားနည်းဖြစ်ပါတယ်။ အဖွဲ့တိုင်းမှာ ပါဝင်သူတိုင်းက အလုပ် (သို့) ပရောဂျက်ကို အချိန်မီ ပြီးမြောက်စေဖို့ အတူတကွ လုပ်ဆောင်ကြရပါတယ်။ အဓိကတော့ ကျောင်းသားတွေကို အချင်းချင်း ကူညီပေးတတ်ဖို့၊ အာရုံစူးစိုက်တတ်ဖို့၊ ပါဝင်လုပ်ဆောင်ဖို့၊ ပိုကောင်းတဲ့ သင်ယူမှု ရရှိဖို့ ရည်ရွယ်ပြီး သင်ကြားပေတဲ့ နည်းလမ်းဖြစ်ပါတယ်။
အကျိုးကျေးဇူးများ
၃။ Problem-Based Learning
Problem-Based Learning (PBL) က ကျောင်းသားတွေကို လက်တွေ့ကမ္ဘာ့ပြသနာတွေနဲ့ပတ်သက်ပြီး ဖြေရှင်းချက်တွေ ထုတ်စေတဲ့ သင်ကြားနည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ပြသနာရဲ့ အဓိကအရင်းအမြစ်ကို ဆွဲထုတ်ပြီး ဖြေရှင်းနည်းကို ရှာပေးရမှာ ဖြစ်ပါတယ်။
ပြသနာဖြေရှင်းတဲ့အခါမှာ ကျောင်းသားတွေ အရင်ဆုံး လုပ်ရမှာက ပြသနာကဘာလဲဆိုတာ နားလည်ထားရပါမယ်။ ပြီးရင် ပြသနာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းထားရပါမယ်။ ဒီအချက်အလက်တွေပေါ် မူတည်ပြီး ပြသနာဖြေရှင်းနိုင်မယ့် နည်းလမ်းအမျိုးမျိုးကို တွေးခေါ်နိုင်ရပါမယ်။ ပြသနာဖြေရှင်းနည်းကို တွေ့ပြီဆိုရင် တခြားသူတွေကို တင်ပြရပါမယ်။
အကျိုးကျေးဇူးများ
၄။ Competency-Based Learning
Competency-Based Learning ကို အရည်အချင်းအခြေခံသင်ယူမှုလို့ ဘာသာပြန်နိုင်ပြီး ကျောင်းသားတွေက အကြောင်းအရာတစ်ခုကို အပြည့်အဝနားလည်ပြီး (သို့မဟုတ်) ကျွမ်းကျင်ပြီးမှသာ ရှေ့ကိုဆက်နိုင်တဲ့ သင်ကြားရေးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆိုလိုတာက ကျောင်းသားတွေက သူတို့ရဲ့ ကိုယ်ပိုင် လေ့လာနိုင်စွမ်းပေါ် မူတည်ပြီး အချိန်မြန်နိုင်သလို အချိန်ပိုယူရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အကျိုးကျေးဇူးများ
၅။ Jigsaw
Peer-teaching အမျိုးအစားဖြစ်တဲ့ Jigsaw ဆိုတာက ကျောင်းသားအချင်းချင်း "သင်ကြားရင်း သင်ယူ" ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ Jigsaw ရဲ့ သင်ကြားနည်းပုံစံက ကျောင်းသားတွေကို အုပ်စုငယ်လေးတွေ ဖွဲ့ပေးထားပြီး အဖွဲ့တစ်ဖွဲ့စီက ခေါင်းစဉ်တစ်ခုရဲ့ မတူညီတဲ့ အပိုင်းတွေကို ရရှိမှာဖြစ်ပါတယ်။
အဖွဲ့ဝင်တိုင်းက ကိုယ်ရတဲ့ အပိုင်းကို တခြားသူတွေကို ကောင်းကောင်းရှင်းပြဖို့ သေသေချာချာ လေ့လာရပါတယ်။ နားလည်သွားပြီဆိုရင် တခြားအဖွဲ့သစ်တွေဆီကို သွားပြီး ကိုယ်ရထားတဲ့အပိုင်းကို ရှင်းပြပေးရပါမယ်။ နောက်ဆုံးမှာတော့ အဖွဲ့ချင်းလဲပြီး ရှင်းပြရှင်းနဲ့ တစ်ဖွဲ့လုံးမှာ အပိုင်းလေးတွေ ပြည့်ပြီး ခေါင်းစဉ်တစ်ခုလုံးကို နားလည်ပြီးသား ဖြစ်သွားမှာပါ။
အကျိုးကျေးဇူးများ
၆။ Visual-Based Learning
စာသင်ကြားတဲ့အခါ ပုံတွေ ထည့်သွင်းပြီး သင်ကြားတာက ကျောင်းသားတွေရဲ့ မှတ်မိနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ကျောင်းသားတွေကို အချိန်ကြာကြာ မှတ်မိစေတဲ့အပြင် စိတ်ဝင်စားမှုနည်းတဲ့ ဘာသာရပ်တွေကိုတောင် စိတ်ဝင်စားအောင် ပုံတွေသုံးပြီး သင်ကြားနိုင်ပါတယ်။
ဒါကြောင့် ဒီသင်ကြားမှုနည်းလမ်းက ကျောင်းသားတွေကို ဆွဲဆောင်နိုင်ပြီး ဘာသာရပ်အပေါ် နားလည်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။ ဥပမာအနေနဲ့ ဗီဒီယို၊ မြေပုံ၊ ဇယား၊ စာရင်း၊ မှတ်စု၊ ဓာတ်ပုံ စတာတွေကို အသုံးပြု သင်ကြားနိုင်ပါတယ်။
အကျိူးကျေးဇူးများ
၇။ Blended Learning
Blended Learning ဆိုတာက In-person Learning နဲ့ Online Learning ကို ပေါင်းစပ်ထားတဲ့ သင်ကြားရေးဖြစ်ပါတယ်။ Blended Learning မှာ Rotate၊ Flex၊ A La Carte၊ Enriched Virtual ဆိုပြီး မတူညီတဲ့ သင်ကြားရေးပုံစံ (၄) မျိုး ထပ်ကွဲပါတယ်။ Blended Learning အကြောင်းကိုတော့ အောက်ကလင့်ခ်မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
>> https://www.edge.com.mm/article/-blended-learning.html
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။