Sales Hotline : 09448001653    



ဇွန်လနှင့်ဇူလိုင်လတို့တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းထုတ်ပြန်ခြင်းနှင့်ကျောင်းများဖွင့်မည်ဟုသိရ

** Unicode **

အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအပါအဝင် အောင်စာရင်းများကို ဇွန်လမကုန်မီ ထုတ်ပြန်မည်ဟုသိရပါတယ်။

အခြေခံပညာကျောင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါတယ်။

“ဗဟိုကော်မတီက ထုတ်ထားတယ်လေ။ အဲဒီထဲမှာပါတယ်လေ။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ။ အဲဒါဆို သေချာပြီလေ။ ဗဟိုကော်မတီက ထုတ်တာဆိုတော့” ဟု ဦးကိုလေးဝင်းက ပြောကြားပါတယ်။

ဇူလိုင်လအတွင်း စာသင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်သောကြောင့် ဆယ်တန်းအပါအဝင် အခြေခံပညာ အတန်းအသီးသီး၏ အောင်စာရင်းများကို ဇွန်လမကုန်ခင်တွင် ထုတ်ပြန်ပေးသွားမည်ဟု ဦးကိုလေးဝင်းက ဆက်လက်ပြောကြားပါတယ်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီက အခြေခံကျောင်းများအား ဇူလိုင်လအတွင်း ဖွင့်လှစ်ရန် ရှိသဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းနှင့် ပြည်နယ်များတွင် Community Based Facility Quarantine ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖြန်းကာ ဇွန် (၁၅) ရက် နောက်ဆုံးထား၍ ပညာရေးဝန်ကြီးထံ ပြန်လွှဲပြောင်းပေးရန် ညွှန်ကြားစာထုတ်ပြန်ထားပါတယ်။

ထို့ကြောင့် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားသော အခြေခံကျောင်းများတွင် လက်ရှိ Quarantine ဝင်နေသူများမှလွဲ၍ ထပ်မံ Quarantine ဝင်ရန် ရောက်ရှိလာသူများကို သက်‌ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဝန်ကြီးဌာနပိုင် အဆောက်အဦးများနှင့် အဆင့်မြင့်ပညာဦးစီးဌာနပိုင် တက္ကသိုလ်များ၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များတွင် နေရာချထားရန် ညွှန်ကြားထားပါတယ်။

နေပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားသော ကျောင်းပေါင်း (၆၀၁၂) ကျောင်းရှိပါတယ်။

Computer Repair (300) ကွန်ပျူတာပြုပြင်ထိန်သိမ်းရေးနှင့် ပတ်သက်ပြီး (၃၀၀) ခုရှာရန်နှိပ်ပါ။

ယခုလို ကမ္ဘာ့ကပ်ဘေးကျရောက်နေသော အချိန်အခါတွင် အချိန်ယူ၍ အရာရာကို သုံးသပ်လုပ်ဆောင်နေရပါတယ်။ ကျောင်းများ ပြန်ဖွင့်ပါကလည်း ကျောင်းသား/သူများ၏ ကျန်းမာရေးသာ အဓိကကျ၍ အခြေအနေများ တည်ငြိမ်မှသာလျှင် အားလုံးအဆင်ပြေနိုင်မည်ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့၏ ဆုံးဖြတ်ချက်ကိုသာ လိုက်နာ၍ လုပ်ဆောင်ကျရမည်ဖြစ်ပါတယ်။ ခိုင်မာသော သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ပေးရန်လိုအပ်ပါတယ်။

သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံပညာကျောင်းများတွင်သော်လည်းကောင်း၊ ပညာရေးမှူးရုံးများတွင်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍သော်လည်းကောင်း မိဘပြည်သူများသည် သတင်းအကြောင်းအရာများကို သိရှိနိုင်ပါတယ်။

Credit: Exam Guide
 

** Zawgyi **

အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လတြင္ ျပန္ဖြင့္မည္ျဖစ္ၿပီး တကၠသိုလ္ဝင္တန္းအပါအဝင္ ေအာင္စာရင္းမ်ားကို ဇြန္လမကုန္မီ ထုတ္ျပန္မည္ဟုသိရပါတယ္။

အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လတြင္ ျပန္ဖြင့္မည္ျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာၾကားပါတယ္။

“ဗဟိုေကာ္မတီက ထုတ္ထားတယ္ေလ။ အဲဒီထဲမွာပါတယ္ေလ။ ဇူလိုင္လမွာ ေက်ာင္းေတြျပန္ဖြင့္ဖို႔ဆိုတာ။ အဲဒါဆို ေသခ်ာၿပီေလ။ ဗဟိုေကာ္မတီက ထုတ္တာဆိုေတာ့” ဟု ဦးကိုေလးဝင္းက ေျပာၾကားပါတယ္။

ဇူလိုင္လအတြင္း စာသင္ေက်ာင္းမ်ား ျပန္ဖြင့္မည္ျဖစ္ေသာေၾကာင့္ ဆယ္တန္းအပါအဝင္ အေျခခံပညာ အတန္းအသီးသီး၏ ေအာင္စာရင္းမ်ားကို ဇြန္လမကုန္ခင္တြင္ ထုတ္ျပန္ေပးသြားမည္ဟု ဦးကိုေလးဝင္းက ဆက္လက္ေျပာၾကားပါတယ္။

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားဗဟိုေကာ္မတီက အေျခခံေက်ာင္းမ်ားအား ဇူလိုင္လအတြင္း ဖြင့္လွစ္ရန္ ရွိသျဖင့္ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ Community Based Facility Quarantine ဖြင့္လွစ္ထားေသာ အေျခခံပညာေက်ာင္းမ်ားကို ပိုးသတ္ေဆးျဖန္းကာ ဇြန္ (၁၅) ရက္ ေနာက္ဆုံးထား၍ ပညာေရးဝန္ႀကီးထံ ျပန္လႊဲေျပာင္းေပးရန္ ၫႊန္ၾကားစာထုတ္ျပန္ထားပါတယ္။

ထို႔ေၾကာင့္ Community Based Facility Quarantine အျဖစ္ ဖြင့္လွစ္ထားေသာ အေျခခံေက်ာင္းမ်ားတြင္ လက္ရွိ Quarantine ဝင္ေနသူမ်ားမွလြဲ၍ ထပ္မံ Quarantine ဝင္ရန္ ေရာက္ရွိလာသူမ်ားကို သက္‌ဆိုင္ရာ ၿမိဳ႕နယ္အသီးသီးရွိ ဝန္ႀကီးဌာနပိုင္ အေဆာက္အဦးမ်ားႏွင့္ အဆင့္ျမင့္ပညာဦးစီးဌာနပိုင္ တကၠသိုလ္မ်ား၊ ေကာလိပ္ႏွင့္ ဒီဂရီေကာလိပ္မ်ားတြင္ ေနရာခ်ထားရန္ ၫႊန္ၾကားထားပါတယ္။

ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ Community Based Facility Quarantine အျဖစ္ ဖြင့္လွစ္ထားေသာ ေက်ာင္းေပါင္း (၆၀၁၂) ေက်ာင္းရွိပါတယ္။

Computer Repair (300) ကြန္ပ်ဴတာျပဳျပင္ထိန္သိမ္းေရးႏွင့္ ပတ္သက္ျပီး (၃၀၀) ခုရွာရန္ႏွိပ္ပါ။

ယခုလို ကမ႓ာ႔ကပ္ေဘးက်ေရာက္ေနေသာ အခ်ိန္အခါတြင္ အခ်ိန္ယူ၍ အရာရာကို သံုးသပ္လုပ္ေဆာင္ေနရပါတယ္။ ေက်ာင္းမ်ား ျပန္ဖြင့္ပါကလည္း ေက်ာင္းသား/သူမ်ား၏ က်န္းမာေရးသာ အဓိကက်၍ အေျခအေနမ်ား တည္ၿငိမ္မွသာလ်ွင္ အားလံုးအဆင္ေျပႏိုင္မည္ျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာနႏွင့္က်န္းမာေရးဝန္ႀကီးဌာနတို႔၏ ဆံုးျဖတ္ခ်က္ကိုသာ လိုက္နာ၍ လုပ္ေဆာင္က်ရမည္ျဖစ္ပါတယ္။ ခိုင္မာေသာ သတင္းထုတ္ျပန္ခ်က္မ်ားကိုသာ ေစာင့္ၾကည့္ေပးရန္လိုအပ္ပါတယ္။

သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ အေျခခံပညာေက်ာင္းမ်ားတြင္ေသာ္လည္းေကာင္း၊ ပညာေရးမွဴးရံုးမ်ားတြင္ေသာ္လည္းေကာင္း၊ ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားကို ေစာင့္ၾကည့္၍ေသာ္လည္းေကာင္း မိဘျပည္သူမ်ားသည္ သတင္းအေၾကာင္းအရာမ်ားကို သိရွိႏိုင္ပါတယ္။


 

Credit: Exam Guide

 

Latest Post News News Tips Tips Read 33451 times