Sales Hotline : 09448001653       Download App



အချိန်တိုတိုအတွင်း စာများများရအောင် ဘယ်လို ကျက်မလဲ

အချိန်တိုတိုအတွင်း စာများများရအောင် ဘယ်လို ကျက်မလဲ

ကျောင်းသားအများစုဟာ အချိန်တိုတိုအတွင်း စာများများရချင်ကြတာတော့ သဘာဝပါပဲ။ ထို့ကြောင့် ကျောင်းသားများအတွက် အထောက်အကူဖြစ်စေမည့် စာမြန်မြန်ရစေရန် နည်းလမ်းများကို အောက်တွင် ဖော်ပြထားပါသည်။

၁. ရည်ရွယ်ချက်ထားပါ။

မည့်သည့်အရာမဆို ရည်ရွယ်ချက်မရှိဘဲ လုပ်ဆောင်ခြင်းထက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းက ပိုမို အောင်မြင်စေပါတယ်။ ထို့အတူ စာကျက်သည့်နေရာမှာလည်း ရည်ရွယ်ချက်ထားရှိပြီး စာကျက်ခြင်းက သင့်၏ စိတ်ကို ပိုမိုလန်းဆန်း တက်ကြွစေကာ အချိန်တိုတိုအတွင်း မြန်မြန်ရစေပါတယ်။

၂. နားလည်အောင် အရင်ဖတ်ပါ။

အချိန်တိုတိုအတွင်း စာများများရချင်ရင်တော့ ပထမဦးစွာ နားလည်အောင် အရင်ဖတ်ဖို့ လိုပါလိမ့်မယ်။ စာ၏ အဓိက ဆိုလိုရင်းကို နားမလည်ဘဲ အတင်းကျက်ခြင်းက သင့်ကို အချိန်ပိုကုန်စေနိုင်သလို မြန်မြန်လည်း မေ့ပျောက်စေနိုင်ပါတယ်။

၃. စာကို အော်ကျက်ပါ။

သုတေသနများအရ အသံတိတ်စာကျက်ခြင်းထက် ကျယ်လောင်စွာ စာကျက်ခြင်းက သင့်ကို စာအရ ပိုမြန်စေပါတယ်။ အသံတိတ်စာကျက်ခြင်းက သင့်စိတ်ထဲမှာပဲ ၀င်နေပြီး အော်ကျက်ခြင်းက သင့်၏ အကြားအာရုံမှတစ်ဆင့် ပို၍ မှတ်မိအောင် ကူညီပေးပါ့လိမ့်မယ်။

၎. စိတ်အာရုံ စူးစိုက်ထားပါ။

စိတ်အာရုံလွင့်ပြီး စာကျက်ခြင်းထက် စိတ်အာရုံစူးစိုက်ပြီး စာကျက်ခြင်းက စာအရ ပိုမြန်ပါတယ်။ ဥပမာအားဖြင့် သင့်ကို အလွယ်တကူ စိတ်အာရုံ ပြန့်လွင့်စေမည့် ပစ္စည်းများ၊ ဖုန်း၊ ဂိမ်းစက်၊ Laptop တို့ကို အဝေးတစ်နေရာမှာ ထားခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

၅. အုပ်စုဖွဲ့၍ စာကျက်ပါ။

တစ်ယောက်ထဲစာကျက်ခြင်းထက် အုပ်စုဖွဲ့၍ စာကျက်ခြင်းက စာမြန်မြန်ရစေဖို့ အထောက်အကူ အများကြီးပြုပါတယ်။ စာကျက်အဖွဲ့အတွင်း သူငယ်ချင်းအချင်းချင်း အပြန်အလှန် ကူညီပြီး စာကျက်ခြင်းက သင့်ကို အများကြီး အထောက်အကူပြုပါလိမ့်မယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Tips Read 6441 times