Sales Hotline : 09448001653       Download App



ဆွီဒင်နိုင်ငံ၏ ပညာရေး သမိုင်းအကြောင်း

 

ဆွီဒင်နိုင်ငံဟာ ဥရောပမြောက်ပိုင်းရှိ စကင်ဒီနေးဗီးယန်းနိုင်ငံ တနိုင်ငံဖြစ်ပြီး နိုင်ငံရဲ့တရားဝင်အမည်မှာ ဆွီဒင်ဘုရင့်နိုင်ငံဖြစ်ပါတယ်။ အနောက်ဘက် နဲ့ မြောက်ဘက်မှာ နော်ဝေနိုင်ငံ ၊ အရှေ့ဘက်မှာ ဖင်လန်နိုင်ငံ တို့နဲ့ နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပြီး အနောက်တောင်ဘက်မှာရှိတဲ့ ဒိန်းမတ်နိုင်ငံကိုတော့ အိုရီဆန်ရေလက်ကြားမှတဆင့် ရေအောက်ဥမင်တံတားဖြင့် ဆက်သွယ်ထားပါတယ်။ ဆွီဒင်နိုင်ငံရဲ့ အကျယ်အဝန်းက စတုရန်းမိုင် ၁၇၃,၈၆၀ ရှိပြီး ကမ္ဘာမှာတော့ ၅၅ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ ရုံးသုံးဘာသာစကားကတော့ ဆွီဒင်ဘာသာ စကားဖြစ်ပါတယ်။

 

၂၀၂၀ ခုနှစ်စာရင်းအရ ဆွီဒင်နိုင်ငံရဲ့ လူဦးရေဟာ ၁၀,၃၆၇,၂၃၂ ဦးရှိပြီး ကမ္ဘာပေါ်မှာတော့ ၈၉ ခုမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဆွီဒင်လူမျိုး Swedes များ အများဆုံးနေထိုင်ကြသော်လည်း လူဦးရေ၏ ၂၀% ခန့်မှာ အခြားနိုင်ငံမှ ပြောင်းရွှေ့လာကြသူများ ဖြစ်ကြပါတယ်။ ပြောင်းရွှေ့နေထိုင်ကြသူတွေထဲမှာ ဆီးရီးယား ၊ အီရတ် နဲ့ ဖင်လန် နိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။ ကိုးကွယ်ယုံကြည်မှု အနေနဲ့ကတော့ ၆၇%ခန့်က ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြပြီး အစ္စလာမ် ၅% ၊ ဘာသာမဲ့ ၂၇% နဲ့ အခြားဘာသာကိုးကွယ်သူ အနည်းငယ် နေထိုင်ကြပါတယ်။

 

ဆွီဒင်နိုင်ငံကို ကောင်စီနယ်မြေ ၂၁ ခု ခွဲကာအုပ်ချုပ်ပြီး အကြီးဆုံး နဲ့ မြို့တော်ကတော့ စတော့ဟုမ်းမြို့ဖြစ်ပါတယ်။ ၁၃ရာစု ကာလကတည်းက တည်ထောင်ခဲ့တဲ့မြို့ဖြစ်ပြီး ဒေသတခုလုံးမှာတော့ နေထိုင်သူ ၂.၃သန်းကျော် ရှိပါတယ်။ ယဉ်ကျေးမှု ၊ စီးပွားရေး နဲ့ နိုင်ငံရေးမြို့တော်ဖြစ်ပြီး နိုင်ငံ ဂျီဒီပီရဲ့ ၃ပုံ၁ပုံကို စတော့ဟုမ်းကနေ ရရှိနေတာဖြစ်ပါတယ်။ နှစ်စဉ် နိုဘယ်ဆုချီးမြှင့်ပွဲတွေ လက်ခံကျင်းပနေတဲ့မြို့ဖြစ်ကာ ကဏ္ဍပေါင်းစုံ ကမ္ဘာ့မြို့ကြီးများစာရင်းမှာ ထိပ်ပိုင်းက ရပ်တည်နေတဲ့မြို့ဖြစ်ပါတယ်။ ဆွီဒင်ရဲ့ အခြားထင်ရှားတဲ့မြို့တွေကတော့ Gothenburg ၊ Malmö နဲ့ Uppsala မြို့တွေဖြစ်ပါတယ်။

 

သမိုင်းကြောင်း

ယနေ့ ဆွီဒင်နိုင်ငံတည်ရှိရာနေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀၀ ခန့်ကတည်းက လူသားတို့ အခြေချနေထိုင်ခဲ့ကြပါတယ်။ အေဒီ ၁ရာစုဝန်းကျင်မှာတော့ ဆွီဒင်လူမျိုးအမည်ကို ရောမသမိုင်းမှတ်တမ်းမှာ ထည့်ရေးခဲ့တာကို စတင်တွေ့ရှိခဲ့ပါတယ်။ အေဒီ ၃ရာစုမှာတော့ နယ်ပယ်ပေါင်းစုံက လူမျိုးပေါင်းစုံဟာ ဆွီဒင်နယ်မြေကို ဝင်ရောက်လာခဲ့ကြပါတယ်။ အေဒီ ၈၀၀ နဲ့ ၁၀၅၀ ကာလမှာတော့ ဗိုက်ကင်းတွေဟာ ဆွီဒင်နိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်ခဲ့ကြပြီး ၉ရာစုမှာတော့ ခရစ်ယာန်ဘာသာ စတင်ရောက်ရှိလာခဲ့ပါတယ်။ အေဒီ ၁၀ ရာစုနှောင်းပိုင်းမှာ အုပ်စိုးခဲ့တဲ့ Eric the Victorious က ပထမဆုံး ဆွီဒင်ဘုရင်ဖြစ်ပါတယ်။

 

၁၄ ရာစုလယ်မှာဖြစ်ပွားခဲ့တဲ့ ပလိပ်ရောဂါကပ်ဆိုးကြီးကို ဆွီဒင်ဟာ အပြင်းအထန်ခံခဲ့ရပြီး ၃နှစ်အတွင်း လူဦးရေရဲ့ ၃ပုံ၁ပုံ လျော့နည်းသွားခဲ့ရပါတယ်။ ၁၄ ရာစု နှောင်းပိုင်းမှာတော့ ဆွီဒင်ဟာ နော်ေ၀ ၊ ဒိန်းမတ် နိုင်ငံများနဲ့ ပူးပေါင်းလိုက်တဲ့အတွက် Kalmar ပြည်ထောင်စု ဆိုပြီးဖြစ်လာပါတယ်။ ၁၇ ရာစု အစောပိုင်းမှာတော့ ဆွီဒင်ဟာ ဥရောပရဲ့ အင်အားကြီးနိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။ ၁၇ ရာစုကနေ ၁၈ ရာစုအတွင်း ဆွီဒင်အင်ပါယာကို ထူထောင်ခဲ့ပြီး ပတ်ဝန်းကျင် နယ်မြေ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုရှားတို့ကို စစ်ရှုံးပြီး ဆွီဒင်ပိုင် နယ်မြေအများအပြား ဆုံးရှုံးခဲ့ရပါတယ်။

 

၁၈၁၄ ခုနှစ်မှာ နော်ဝေနိုင်ငံကို ရရှိခဲ့သော်လည်း ၁၉၀၅ ခုနှစ်မှာတော့ နော်ဝေဟာ ဆွီဒင်ကနေ ပြန်လည်ခွဲထွက်သွားခဲ့ပါတယ်။ ၁၈၅၀ နဲ့ ၁၉၁၀ ကာလအတွင်းမှာ ဆွီဒင်လူမျိုး ၁သန်းခန့်ဟာ အမေရိကန်ကို ပြောင်းရွှေ့အခြေချခဲ့ကြပါတယ်။ ဆွီဒင်ဟာ ပထမ ကမ္ဘာစစ်ရော ဒုတိယ ကမ္ဘာစစ်မှာပါ ကြားနေနိုင်ငံအဖြစ် ဘက်မလိုက်ဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဆွီဒင်ဟာ ငြိမ်းချမ်းပြီး တဖြည်းဖြည်း တိုးတက်လာတဲ့နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ တပြည်ထောင် ပါလီမန် စည်းမျဉ်းခံ ဘုရင်စနစ်ကို ကျင့်သုံးပြီး ဘုရင်က Carl XVI Gustaf ဖြစ်ကာ Stefan Löfven က ဝန်ကြီးချုပ်ဖြစ်ပါတယ်။

ပညာရေး

အသက် ၆နှစ်ကနေ ၁၅နှစ်အထိ မသင်မနေရ ပညာရေးစနစ်ကို ကျင့်သုံးပါတယ်။ အားလုံးအတွက် အခမဲ့မဟုတ်ပဲ ဝင်ငွေအလိုက် ကျောင်းလခကို သတ်မှတ်ထားတာဖြစ်ပြီး ဝင်ငွေနည်းတဲ့ မိသားစုဝင် ကလေးတွေကတော့ အခမဲ့ တက်ရောက်ခွင့် ရရှိပါတယ်။ အစိုးရကျောင်း နဲ့ ပုဂ္ဂလိကကျောင်းတွေကို လွတ်လပ်စွာ ရွေးချယ်တက်ရောက်နိုင်သလို ကျောင်းတကျောင်းတက်နေရင်း အဆင်မပြေပါကလည်း အခြားနှစ်သက်ရာကျောင်းကို အဆင်ပြေစွာ တက်ရောက်နိုင်ပါတယ်။

 

အရွယ်ရောက်ပြီး စာတတ်မြောက်သူ ရာခိုင်နှုန်း ၉၉% ဖြစ်သလို အစိုးရကလည်း ပညာရေးဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၈ဘီလျံကျော်(၂၀၁၇) သုံးစွဲထားတဲ့ ဥရောပရဲ့ ထိပ်တန်းပညာရေး နိုင်ငံတနိုင်ငံ လည်းဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များကို ပိုင်ဆိုင်ထားပြီး ထင်ရှားတဲ့ တက္ကသိုလ်တွေကတော့ လန်းတက္ကသိုလ် ၊ ကေတီအိတ်ချ်နည်းပညာ တက္ကသိုလ် ၊ ချောင်မာစ် တက္ကသိုလ် ၊ အစ်ပ်စလာတက္ကသိုလ် နဲ့ စတော့ဟုမ်းတက္ကသိုလ်တွေပဲ ဖြစ်ပါတယ်။ အစ်ပ်စလာတက္ကသိုလ် ကတော့ နိုင်ငံရဲ့ အစောဆုံး တက္ကသိုလ်ဖြစ်ပြီး အေဒီ ၁၄၄၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Thutazone

Latest Post News Tips Read 2131 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176