Gusto College မှ ပညာသင်ဆု သိန်း (၄၀) ချီးမြှင့်မည်


**Zawgyi**

B.A (Hons) International Business Studies ဘဲြ႔အတြက္ တက္ေရာက္လိုေသာထူးခြ်န္ေက်ာင္းသားမ်ားကို University of Gloucestershire (UK) မွ တိုက္ရိုက္ခ်ီးျမွင့္မည့္ပညာသင္ဆုကို ႏိုဝင္ဘာ (၁၇) ရက္မွ ႏိုဝင္ဘာ (၂၀) ရက္အထိ Gusto University တြင္ ေလွ်ာက္ထားႏိုင္ေၾကာင္းသိရသည္။

အဆိုပါပညာသင္ဆုကိို တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ားႏွင့္ IGCSE ေအာင္ျမင္ၿပီးသူမ်ားေလွ်ာက္ထားႏိုင္ၿပီး B.A (Hons) International Business Studies ဘဲြ႔အတြက္ စာသင္ကာလ (၃) ႏွစ္ ခဲြတက္ေရာက္၍႐ယူႏိုင္သည္။ ပညာသင္ဆုရရွိသော ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနႏွင့္ ေက်ာင္းလခ သိန္း (၄၀) ရရွိမွာျဖစ္သည္။

ပညာသင္ဆုေလွ်ာက္လိုသူမ်ားသည္ အမွတ္ - ၂၈၉ (A)၊ ျပည္လမ္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ Gusto College တြင္ ေလွ်ာက္လႊာေဖာင္လာေရာက္ထုတ္ယူရမည္ျဖစ္ၿပီး ယင္းပညာသင္ဆုေလွ်ာက္ရာတြင္ အမွတ္စာရင္းမိတၱဴ၊ အိမ္ေထာင္စုစာရင္းမိတၱဴတုိ႔ျဖင့္ Gusto College သို႔ လူကိုယ္တိုင္လာေရာက္ေလွ်ာက္ရမည္ျဖစ္ၿပီး [email protected] သို႔လည္းေပးပို႔ေလွ်ာက္ထားႏိုင္ေၾကာင္းသိရသည္။

Source: The Voice Daily

Read more >> မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုအတွက် အဆိုပြုလွှာများခေါ်ယူ

 

**Unicode**

B.A (Hons) International Business Studies ဘွဲ့အတွက် တက်ရောက်လိုသောထူးချွန်ကျောင်းသားများကို University of Gloucestershire (UK) မှ တိုက်ရိုက်ချီးမြှင့်မည့်ပညာသင်ဆုကို နိုဝင်ဘာ (၁၇) ရက်မှ နိုဝင်ဘာ (၂၀) ရက်အထိ Gusto University တွင် လျှောက်ထားနိုင်ကြောင်းသိရသည်။

အဆိုပါပညာသင်ဆုကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့် IGCSE အောင်မြင်ပြီးသူများလျှောက်ထားနိုင်ပြီး B.A (Hons) International Business Studies ဘွဲ့အတွက် စာသင်ကာလ (၃) နှစ် ခွဲတက်ရောက်၍ရယူနိုင်သည်။ ပညာသင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအနေနှင့် ကျောင်းလခ သိန်း (၄၀) ရရှိမှာဖြစ်သည်။

ပညာသင်ဆုလျှောက်လိုသူများသည် အမှတ် - ၂၈၉ (A)၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ Gusto College တွင် လျှောက်လွှာဖောင်လာရောက်ထုတ်ယူရမည်ဖြစ်ပြီး ယင်းပညာသင်ဆုလျှောက်ရာတွင် အမှတ်စာရင်းမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ဖြင့် Gusto College သို့ လူကိုယ်တိုင်လာရောက်လျှောက်ရမည်ဖြစ်ပြီး [email protected] သို့လည်းပေးပို့လျှောက်ထားနိုင်ကြောင်းသိရသည်။

Source: The Voice Daily

Read More >> မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုအတွက် အဆိုပြုလွှာများခေါ်ယူ
 

Latest Post Local News Read 626 times