Sales Hotline : 09448001653       Download App



မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုအတွက် အဆိုပြုလွှာများခေါ်ယူ

ျမန္မာ-ဂ်ပန္အသင္း၏ တကၠသိုလ္ပညာသင္ဆုအတြက္ အဆိုျပဳလႊာမ်ားေခၚယူ

ျမန္မာ-ဂ်ပန္အသင္း (MJA) မွ ၂၀၁၉ ဒီဇင္ဘာ (၁) ရက္မွာစတင္မယ့္  ၂၀၁၉-၂၀၂၀ စာသင္ႏွစ္အတြက္ ျမန္မာ-ဂ်ပန္အသင္းရဲ႕ တကၠသိုလ္ပညာသင္ဆုကိုေပးအပ္သြားမယ္လို႔သိရပါတယ္။

ပညာသင္ဆုကို တကၠသိုလ္ဒုတိယႏွစ္ ေက်ာင္းသား/ ေက်ာင္းသူစုစုေပါင္း (၇၅) ဦးကို တစ္ဦးလွ်င္ က်ပ္ (၅) သိန္းစီေပးအပ္သြားမယ္လို႔သိရပါတယ္။ ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ (YUFL) မွ ဂ်ပန္ဘာသာအဓိက (၁၅) ဦး၊ မႏၱေလးႏိုင္ငံျခားဘာသာတကၠသိုလ္ (MUFL) မွ ဂ်ပန္ဘာသာအဓိက (၁၅) ဦး၊ ပညာေရးတကၠသိုလ္ (ရန္ကုန္) မွ (၁၀) ဦး၊ ပညာေရးတကၠသိုလ္ (စစ္ကိုင္း) မွ (၁၀) ဦး၊ စီးပြားေရးတကၠသိုလ္ (ရန္ကုန္) မွ (၁၀) ဦး၊ နည္းပညာတကၠသိုလ္ (ရန္ကုန္) မွ (၅) ဦး၊ ယဥ္ေက်းမႈတကၠသိုလ္ (ရန္ကုန္) မွ (၅) ဦး၊ သူနာျပဳတကၠသိုလ္ (ရန္ကုန္) မွ (၅) ဦးကို ေရြးခ်ယ္ေပးအပ္သြားမွာျဖစ္ပါတယ္။

အဆိုျပဳလႊာမ်ားကို ျမန္မာ-ဂ်ပန္အသင္းမွ သတ္မွတ္ထားတဲ့အဆိုျပဳလႊာမ်ားကို အသံုးျပဳ၍ ျမန္မာ-ဂ်ပန္အသင္းသို႔ ဒီဇင္ဘာလ (၃၁) ရက္ေနာက္ဆံုးထားကာ ေပးပို႔ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ အဆိုျပဳလႊာမ်ားကို တကၠသိုလ္မ်ားအလိုက္ေပးပို႔ထားရွိၿပီး အေသးစိတ္အခ်က္အလက္ေတြကို တကၠသိုလ္အလိုက္စံုစမ္းဆက္သြယ္ရယူ၍ ေလွ်ာက္ထားႏိုင္မယ္လို႔သိရပါတယ္။

Read More:>>> ပထမႏွစ္သင္တန္း ေက်ာင္းသား/သူမ်ားအား "ရက္”အလိုက္ေက်ာင္းဝင္ခြင့္မ်ားလက္ခံမည့္အထူးျပဳဘာသာရပ္စာရင္းမ်ား

Source: Internet Journal 

 

**Unicode**

မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုအတွက် အဆိုပြုလွှာများခေါ်ယူ

မြန်မာ-ဂျပန်အသင်း (MJA) မှ ၂၀၁၉ ဒီဇင်ဘာ (၁) ရက်မှာစတင်မယ့်  ၂၀၁၉-၂၀၂၀ စာသင်နှစ်အတွက် မြန်မာ-ဂျပန်အသင်းရဲ့ တက္ကသိုလ်ပညာသင်ဆုကိုပေးအပ်သွားမယ်လို့သိရပါတယ်။

ပညာသင်ဆုကို တက္ကသိုလ်ဒုတိယနှစ် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၇၅) ဦးကို တစ်ဦးလျှင် ကျပ် (၅) သိန်းစီပေးအပ်သွားမယ်လို့သိရပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှ ဂျပန်ဘာသာအဓိက (၁၅) ဦး၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL) မှ ဂျပန်ဘာသာအဓိက (၁၅) ဦး၊ ပညာရေးတက္ကသိုလ် (ရန်ကုန်) မှ (၁၀) ဦး၊ ပညာရေးတက္ကသိုလ် (စစ်ကိုင်း) မှ (၁၀) ဦး၊ စီးပွားရေးတက္ကသိုလ် (ရန်ကုန်) မှ (၁၀) ဦး၊ နည်းပညာတက္ကသိုလ် (ရန်ကုန်) မှ (၅) ဦး၊ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) မှ (၅) ဦး၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ (၅) ဦးကို ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။

အဆိုပြုလွှာများကို မြန်မာ-ဂျပန်အသင်းမှ သတ်မှတ်ထားတဲ့အဆိုပြုလွှာများကို အသုံးပြု၍ မြန်မာ-ဂျပန်အသင်းသို့ ဒီဇင်ဘာလ (၃၁) ရက်နောက်ဆုံးထားကာ ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။ အဆိုပြုလွှာများကို တက္ကသိုလ်များအလိုက်ပေးပို့ထားရှိပြီး အသေးစိတ်အချက်အလက်တွေကို တက္ကသိုလ်အလိုက်စုံစမ်းဆက်သွယ်ရယူ၍ လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

Read More:>>> ပထမႏွစ္သင္တန္း ေက်ာင္းသား/သူမ်ားအား "ရက္”အလိုက္ေက်ာင္းဝင္ခြင့္မ်ားလက္ခံမည့္အထူးျပဳဘာသာရပ္စာရင္းမ်ား

Source: Internet Journal 

Latest Post Local Read 1018 times