Grade 10/11/12 ကျောင်းသား/သူတွေအတွက် နွေရာသီ ပညာဒါနအတန်း

Myanmar Management International College ကနေ Grade 10, 11, 12 ကျောင်းသား/သူတွေအတွက် နွေရာသီမှာ တက်ရောက်နိုင်မယ့် ပညာဒါနအတန်းလေးတစ်ခု စီစဉ်ပေးထားပါတယ်။ ဒီသင်တန်းမှာ တက်ရောက်မယ့်ကျောင်းသား၊ ကျောင်းသူတွေကို အင်္ဂလိပ်စာအပြင် လူမှုဆက်ဆံရေးစွမ်းရည်ကိုပါ (၁၀၀%) အခမဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ ဖြတ်သန်းချင်တဲ့ ညီငယ်/ညီမငယ်တွေအတွက် (MMIC) မှ ဖွင့်လှစ်မယ့် "Certificate in English Communication and Interpersonal Skills" သင်တန်းကို မျှဝေပေးလိုက်ပါတယ်။ 

သင်တန်းမှာ ဘာတွေ သင်ပေးမှာလဲ?

  • English (4) skills
  • Personality Development & Communication Skills 
  • Leadership & Time Management 
  • Presentation Skills & Problem Solving 
  • Team Building & Decision Making စတဲ့ ဘာသာရပ်တွေကို သင်ယူရမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ တက်ရောက်နိုင်သလဲ?

  • Grade 10, 11, 12 ဖြေဆိုထားသူများ
  • အသက် (၁၆) နှစ်မှ (၁၈) နှစ်အတွင်းရှိသူများ

သင်တန်းကိုတော့ မတ်လ (၂၃) ရက်နေ့ကနေ စတင် ဖွင့်လှစ်မှာ ဖြစ်လို့ တက်ရောက်လိုတဲ့သူတွေက မတ်လ (၂၁) ရက်နေ့ နောက်ဆုံးထားပြီး မိသားစုဝင်တစ်ဦးနှင့်အတူ လူကိုယ်တိုင် ကျောင်းမှာ သွားအပ်ရပါမယ်။

သင်တန်းကို အပတ်စဉ် တနင်္လာနှင့် အင်္ဂါ နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအထိ (၇) ပတ် တက်ရောက်ရမှာ ဖြစ်ပါတယ်။ အွန်လိုင်းသင်တန်း မဟုတ်တဲ့အတွက် ကျောင်းလိပ်စာ - အမှတ် (၁၀၇၇)၊ ကုန်းဘောင်လမ်း၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့မှာ သွားရောက် တက်ရောက်ရပါမယ်။

သင်တန်းတက်ရောက်မှု ၇၅% ရှိပြီး စာမေးပွဲအောင်မြင်သူတွေကို Myanmar Management International College မှ သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။

လူဦးရေ (၁၀၀) ကိုသာ ဦးရာလူစနစ်နဲ့ လက်ခံမှာဖြစ်တာကြောင့် ကျောင်းမအပ်ခင် လူပြည့်/မပြည့် သိရအောင် ဖုန်းနံပါတ် 09772357113 နှင့် 09758377450 တို့ကို ဆက်သွယ်ပြီးမှ သင်တန်းသွားအပ်ဖို့ အကြံပြုပါတယ်။

===============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Read 2398 times