GED အတွက် ပညာသင်ဆု လျှောက်ထားနိုင်တဲ့ CYLD Program

ပြည်ပမှာ ကျောင်းတက်ဖို့ လိုအပ်တဲ့ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်တွေထဲက တစ်ခုဖြစ်တဲ့ GED ကို အခမဲ့ တက်ရောက်နိုင်မယ့် ပရိုဂရမ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

ပညာရေးတစ်ပိုင်းတစ်စနဲ့မို့ အထက်တန်းအောင်လက်မှတ် မရှိတာမျိုး၊ ကိုယ်လျှောက်မယ့် ကျောင်းဘက်က GED အောင်လက်မှတ် လိုအပ်တာမျိုးဆို BEAM Education Foundation က စီစဉ်တဲ့ Community Youth Leader Development - CYLD Program ကို လျှောက်ထားနိုင်ပါတယ်။

CYLD ဆိုတာ ဘယ်လို Program မျိုးလဲ?

မြန်မာနိုင်ငံက အခက်အခဲကြုံနေရတဲ့ အသက် (၁၆) နှစ်ပြည့်ပြီး လူငယ်တွေကို GED စာမေးပွဲအတွက် ပြင်ဆင်သင်ကြားပေးရုံသာမက Leadership နဲ့ Personal Development Skills တွေကိုပါ လေ့ကျင့်ပေးမယ့် Program ဖြစ်ပါတယ်။ သင်တန်းကာလက (၁၀) လ ကြာမြင့်မှာဖြစ်ပြီး Zoom ကနေတဆင့် သင်ယူရမှာဖြစ်ပါတယ်။ 

ပရိုဂရမ်ပုံစံ

ပရိုဂရမ်ပုံစံက Phase 1 နဲ့ Phase 2 နှစ်ပိုင်းရှိပြီး Phase 1 မှာ နှစ်ပတ်ကြာ Foundational Course ကို သင်ယူရမှာ ဖြစ်ပါတယ်။ Phase 2 မှာတော့ (၉) လကြာ GED ဘာသာရပ် (၄) ခုအပြင် အောက်ပါ Skills တွေကိုပါ သင်ယူရမှာ ဖြစ်ပါတယ်။

  • Personal and Community Leadership Development
  • Higher Education Preparation
  • Civic Engagement
  • Environmental Literacy
  • Socio-Emotional Development

ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

  • အသက် (၁၆) နှစ်နဲ့ အထက်ရှိသူများ
  • နယ်စပ်ဒေသ (သို့) တခြားဒေသမှ စစ်ဘေးရှောင်များ 
  • ငွေကြေးအခက်အခဲရှိသူများ
  • အင်္ဂလိပ်ဘာသာစကား Intermediate Level (B1) ရှိသူများ

လျှောက်ထားရမယ့်ပုံစံ

အောက်ပါ အွန်လိုင်းလျှောက်လွှာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၈) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရပါမယ်။

https://docs.google.com/forms/

ရွေးချယ်ခံရတဲ့ ကျောင်းသား/သူတွေက မတ်လမှာ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါမယ်။ ဝင်ခွင့်စာမေးပွဲက အင်္ဂလိပ်၊ သင်္ချာ၊ သိပ္ပံနဲ့ လူမှုရေးတို့ကို အွန်လိုင်းကတဆင့် ဖြေဆိုရပါမယ်။

ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသား/သူတွေကို ဧပြီနဲ့ မေလတို့မှာ အင်တာဗျူး ခေါ်ဆိုမှာပါ။ နောက်ဆုံးအဆင့် အင်တာဗျူးအောင်ပြီး ပညာသင်ဆုရသွားသူတွေကို ဇွန်နဲ့ ဇူလိုင်လမှာ အကြောင်းပြန်ပေးသွားမှာ ဖြစ်ပါတယ်။ 

အသေးစိတ်ဖတ်ရှုရန်

https://beamedu.org/cyld-program/

==================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Local Local News Read 258 times