G10 နှင့် G11 ပြင်ပဖြေစာမေးပွဲများကို မေလတွင် ကျင်းပမည်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် G10 နှင့် G11 ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို ၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှ (၁၁) ရက်နေ့အထိ တနင်္ဂနွေနေ့မပါ ဖြေဆိုရမည်ဖြစ်ကြောင်း NP News မှတဆင့် သိရသည်။ 

G9 အောင်မြင်ပြီး ကျောင်းဆက်မတက်နိုင်သူများနှင့် G10 ကျထားသူများသည် G10 ကို ပြင်ပဖြေဖြစ်စေ G10 အောင်မြင်ခဲ့ပေမဲ့ ကျောင်းဆက်မတက်ဖြစ်တော့သည့်သူများသည် G11 ကို ပြင်ပဖြေဖြစ်စေ မေလကျင်းပမည့် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။

အဆိုပါ စာမေးပွဲကို ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ ရဲတပ်ဖွဲ့ (သို့မဟုတ်) တပ်မတော်တွင် အမှုထမ်းနေသူများ၊ အကြောင်းအမျိုးမျိုးဖြင့် ကျောင်းပြင်ပရောက်နေသည့် ကျောင်းသားများ ဝင်ရောက်ဖြေဆိုနိုင်သည်။

ဝင်ရောက်ဖြေဆိုမည့်သူများသည် မိမိနောက်ဆုံးတက်ရောက်ခဲ့သည့် ကျောင်း၏ ကျောင်းထွက်လက်မှတ် (မူရင်း/မိတ္တူ)၊ နောက်ဆုံးဖြေဆိုအောင်မြင်ခဲ့သည့် အတန်းအောင်လက်မှတ် (မူရင်း/မိတ္တူ) နှင့် လိုင်စင်ဓာတ်ပုံတို့ဖြင့် စာမေးပွဲ ဖြေဆိုခွင့်အား မြို့နယ်ပညာရေးမှူးရုံးများ၌ လျှောက်ထားနိုင်သည်။

စာမေးပွဲကို မြို့နယ်က စီစဥ်ဖွင့်လှစ်ပေးမည့် သတ်မှတ်စာစစ်ဌာနများတွင် တစ်နေ့တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၁) နာရီအထိ အမှတ် (၁၀၀) ဖိုး ဖြေဆိုရမည်ဖြစ်ပြီး အောင်စာရင်းကို မေလ (၂၅) ရက်နေ့တွင် သိရပါမည်။

ထို့အပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် G12 မှအပ အခြေခံပညာအတန်းများအားလုံး G1 မှ G11 အထိ စာမေးပွဲအောင်စာရင်းများကို မေလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။ 

=======================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Local News Read 16 times