ဇူလိုင် (၉) ရက်အထိ လျှောက်ထားနိုင်တဲ့ Lesson Planning ပညာဒါနအတန်း

မိမိသင်ကြားရေးကို စနစ်တကျဖြစ်စေလိုတဲ့ ဆရာ၊ ဆရာမတွေအတွက် အရေးကြီးတဲ့ Lesson Plan ရေးဆွဲနည်းကို Stafford E-Garden ကနေ (၁၀၀)% အခမဲ့ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းကာလက (၄) ရက်သာဖြစ်ပြီး သင်တန်းအချိန်ကို ညပိုင်းစီစဉ်ပေးထားတဲ့အတွက် အလုပ်များတဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း အဆင်ပြေပါတယ်။ 

Lesson Planning ဆိုတာဘာလဲ?

Lesson Planning ဆိုတာက အတန်းမစခင်မှာ အချိန်သီးသန့် ပေးပြီး ကိုယ်ဘာသင်မယ်၊ ဘယ်သူ့ကို သင်မယ်၊ ဘယ်လိုသင်မယ်၊ ဘာကြောင့်သင်မယ်၊ အချိန်ဘယ်လောက်ယူမလဲဆိုတာကို အစီအစဉ်တကျ ရေးဆွဲခြင်းကို ခေါ်ပါတယ်။

Lesson Planning ရေးဆွဲထားမှ သင့်အနေနဲ့ စာသင်ကြားခြင်းအပေါ် ယုံကြည်မှု ပိုရှိလာမယ့်အပြင် သင့်ကျောင်းသားတွေအတွက်လည်း ထိရောက်မှုရှိတဲ့ သင်ယူမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ 

Lesson Planning အကြောင်း ဖတ်ရှုရန် > https://www.edge.com.mm/article/lesson-plan.html

သင်တန်းအမည်

  • Effective Lesson Planning (Batch 3)

ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • သင်ကြားရေးနယ်ပယ်ကို စတင်ဝင်ရောက်ချင်သူများ
  • Lesson Plan ကို စည်းစနစ်ကျကျ ရေးဆွဲတတ်လိုသူများ
  • သင်ကြားရေးအစီအစဉ်မကျလို့ အခက်တွေ့နေသူများ၊
  • သင်တန်းသစ်တွေမှာ ယုံကြည်မှုအပြည့်နဲ့ သင်ကြားလိုသူများ၊
  • သင်ကြားရေးနယ်ပယ်မှာ Professional ဖြစ်လိုသူများ၊
  • သင်ကြားရေးအချိန်အတွင်း ကျောင်းသားတွေကို နားလည်အောင် သင်ကြားလိုသူများ တက်ရောက်သင့်ပါတယ်။

သင်တန်းမှာ ဘာတွေသင်မလဲ?

  • Introduction to Effective Lesson Planning
  • Preparing a Lesson Plan
  • Teaching-Learning Strategies
  • Assessment for Lesson Planning စတဲ့ (၂၁) ရာစုမှာ အသုံးပြုနေကြတဲ့ သင်ကြားရေးနည်းလမ်းတွေ၊ နိုင်ငံတကာ သင်ကြားရေးအစီအစဉ်ရေးဆွဲနည်းတွေကို သင်ကြားပေးမယ့် ပညာဒါနအတန်းလေးဖြစ်ပါတယ်။

ဘယ်သူသင်ကြားပေးမှာလဲ?

Teacher Trainer တစ်ဦးဖြစ်သလို သင်ကြားရေးနဲ့ပတ်သတ်၍ စာတွေ့လက်တွေ့ အတွေ့အကြုံပေါင်းများစွာနဲ့ သင်တန်းသားပေါင်း (၄,၈၀၀) ကျော်ကို တာဝန်ယူ သင်ကြားခဲ့ပြီးဖြစ်တဲ့ Tr.Rita ကိုယ်တိုင် Zoom မှတစ်ဆင့် တိုက်ရိုက်ဆွေးနွေးသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

> https://www.facebook.com/permalink.php?

သင်တန်းအချိန်

သင်တန်းကို ဇူလိုင် (၁၀) ရက်၊ (၁၁) ရက်၊ (၁၄) ရက်၊ (၁၅) ရက်တို့မှာ ည (၈) နာရီခွဲကနေ (၉) နာရီခွဲအထိ တက်ရောက်ရပါမယ်။ သင်တန်းဘက်က Video Record တွေ ထားရှိ‌ပေးထားမှာဖြစ်လို့ အချိန်မရွေး ပြန်လေ့လာလို့ရနိုင်ပါတယ်။ 

သင်တန်းကြေး

သင်တန်းပြီးဆုံးရင် ဒစ်ဂျစ်တယ်သင်တန်းဆင်းအောင်လက်မှတ်ကိုလည်း ရရှိမှာပါ။ သင်တန်းကြေးက အခမဲ့ဆိုပေမဲ့ သင်တန်းကြေးအောင်လက်မှတ် (၅,၀၀၀) ကျပ်ကိုတော့ ကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ 

သင်တန်းတက်ရောက်ခွင့်ရဖို့ ဘာတွေ လိုအပ်လဲ?

  • အောက်မှာလင့်ခ်ချထားတဲ့ Post ကို သူငယ်ချင်း (၃) ယောက် Tag တွဲပြီး Public Share ရပါမယ်။ 
  • Public Share ထားတဲ့ Screenshot ကို မူရင်း Post အောက်မှာပဲ Comment ပေးရပါမယ်။
  • Stafford E-Garden Page Messenger မှာ Effective Lesson Planning (Batch 3) လို့ ပြောပြီး Registration Form ကို တောင်းယူပြီး ဖြည့်ရပါမယ်။

>> https://www.facebook.com/permalink.php?

Registration Form ကို ဇူလိုင် (၉) ရက်၊ ‌ည (၇) နာရီအထိ ဖြည့်သွင်းလို့ရပြီး ည (၉) နာရီခွဲမှာ Stafford E-Garden Page ကနေ တက်ရောက်ခွင့်ရရှိတဲ့ သင်တန်းသူ၊ သင်တန်းသားစာရင်းကို ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktC

High Latest Post Primary Secondary Vocational Read 405 times