Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေးကွင်းဆင်းစစ်ဆေးမည်

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အခြေခံပညာကျောင်းများ ဖွင့်လှစ်ရေးကွင်းဆင်းစစ်ဆေးမည့် အစီအစဉ်ဖြစ်ပါတယ်။
(၁၇-၇-၂၀၂၀) မှ (၂၀-၇-၂၀၂၀) အထိ (၄) ရက်အတွင်း အပြီးစစ်ဆေးရန်ဖြစ်ပါတယ်။

- အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားထားသည့် ကျောင်းအပ်နှံရေးသီတင်းပတ် လုပ်ငန်းစီမံချက်ပါ မြို့နယ်လုပ်ငန်းကော်မတီကို ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းရန်။

- မြို့နယ်ကျန်းမာရေးဦးစီးမှူး၏ အစီအစဉ်ဖြင့် ကျန်းမာရေးကိုယ်စားလှယ်လိုက်ပါ၍ မြို့နယ်လုပ်ငန်းကော်မတီ အဖွဲ့ဝင်များပါဝင်သည့် အဖွဲ့များဖြင့် အထက်တန်းဆင့်သင်ကျောင်းအားလုံးသို့ထပ်မံကွင်းဆင်း စစ်ဆေးမည်။

- စစ်ဆေးမည့် Check List မှာ ကျန်းမာရေးဌာနမှ ပြုစုထားသော ပုံစံအသစ်ဖြင့် စစ်ဆေးမည်ဖြစ်ပါတယ်။

- စစ်ဆေးမည့် ကျောင်းများတွင် မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စေတနာရှင် မိဘများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများအား ကျောင်းအုပ်ကြီးမှ ကြိုတင်ဖိတ်ကြား၍ စစ်ဆေးမှုခံယူရန်။
(အစရှိသည်တို့ကို အောက်ပါတွင် ဆက်လက်၍ လေ့လာနိုင်ပါတယ်။)

 

News Tips Latest Post News Tips Read 13735 times