အာဆီယံနိုင်ငံတွေထိ သွားပြီး လူထုအကျိုးပြု အတွေ့အကြုံကို ရယူနိုင်မယ့် အခွင့်အရေး

သင်က လူထုအကျိုးပြုစီမံကိန်းတွေမှာ Volunteer လုပ်ရင်း နိုင်ငံခြား အတွေ့အကြုံကို လိုချင်တယ်ဆိုရင်တော့ eMpowering Youths Across ASEAN (eYAA) ပရိုဂရမ်ကို လျှောက်ထားနိုင်ပါတယ်။ 

eMpowering Youths Across ASEAN (eYAA) ဆိုတာ ASEAN Foundation နဲ့ Maybank Foundation တို့က ပူးပေါင်းစီစဉ်တဲ့ Fully-Funded ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။

eYAA မှာ ရွေးချယ်ခံရရင် လိုအပ်တဲ့ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို တက်ရောက် သင်ယူရမှာပြီး အာဆီယံနိုင်ငံတစ်ခုမှာ ဒေသတွင်း Civil Society Organisations (CSOs) နဲ့ Social Enterprises (SEs) တို့နဲ့ ပူးပေါင်းပြီး တကယ့်လက်တွေ့ ပရောဂျက်မှာ ဝင်ကူရမှာ ဖြစ်ပါတယ်။ 

ပရိုဂရမ်ကြာချိန်

ရွေးချယ်နိုင်တဲ့ ပရောဂျက်ခေါင်းစဉ်များ

  • Community Building/Empowerment   
  • Arts and Culture 
  • Environmental Diversity 
  • Education 

ဘယ်သူတွေ လျှောက်ထားလို့ရလဲ?

  • အသက် (၁၉) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရပါမယ်။
  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • အာဆီယံနိုင်ငံအတွင်း ခရီးထွက်နိုင်သူ ဖြစ်ရပါမယ်။
  • Volunteer လုပ်ဖူးသူ (သို့) လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရပါမယ်။ 
  • အင်္ဂလိပ်စကား ရေးတတ်/ပြောတတ်ရပါမယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲ?

  • အာဆီယံနိုင်ငံတွေကို စရိတ်ငြိမ်း သွားနိုင်မယ်။
  • အတွေ့အကြုံရှိသူတွေဆီက လက်တွေ့ သင်ပြမှုကို ရရှိပါမယ်။
  • အနာဂတ်အတွက် လိုအပ်တဲ့ Skill တွေကို Upgrade လုပ်နိုင်မယ်။ 
  • ဒေသအတွင်း CSOs တွေနဲ့အတူ ရပ်ရွာကျိုးပြု စီမံကိန်းတွေမှာ ပါဝင်ကူညီနိုင်မယ်။
  • ဝါသနာတူ၊ ရည်မှန်းချက်တူတဲ့ အာဆီယံနိုင်ငံက လူငယ်တွေနဲ့ အတွေ့အကြုံ ဖလှယ်ခွင့်ရမယ်။

ဘာတွေ ထောက်ပံ့ပေးမှာလဲ?

  • ခရီးအသွားအပြန်စရိတ်
  • ပရိုဂရမ်အတွင်း သွားလာရေးစရိတ်
  • တည်းခိုစရိတ်
  • စားသောက်စရိတ်
  • ကျန်းမာရေးအာမခံကြေး

ဘယ်လို လျှောက်ထားရမလဲ?

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက်နေ့၊ နောက်ဆုံးထားပြီး အောက်မှာ ပေးထားတဲ့ အွန်လိုင်းလျှောက်လွှာ ဖြည့်ရပါမယ်။

> https://form.jotform.com/253381995658071

ဘာတွေ တင်ပြရမလဲ?

  • မှတ်ပုံတင် (သို့) ပတ်စ်ပို့
  • ဓာတ်ပုံ
  • ပညာအရည်အချင်း
  • အင်္ဂလိပ်ဘာသာစကားအရည်အချင်း
  • Motivation Essay 

အသေးစိတ် ဖတ်ရှုရန်

> https://aseanfoundation.org/

==================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International International News Latest Post Read 639 times