Sales Hotline : 09448001653       Download App



ရန်ကုန် ပညာရေး တက္ကသိုလ် နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ် ၀င်ခွင့်

ရန်ကုန် ပညာရေး တက္ကသိုလ် နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ် ၀င်ခွင့်

ရန်ကုန် ပညာရေး တက္ကသိုလ်ဝင်ခွင့်

 

ရန်ကုန် ပညာရေး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသည် ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်သူ ဖြစ်ရမည်။
ရန်ကုန် ပညာရေး တက္ကသိုလ်သို့ “တိုက်ရိုက်” လျှောက်လွှာတင်ရမည်။

အနိမ့်ဆုံး စူစုပေါင်းရမှတ် သတ်မှတ်ချက်များမှာ
၁။ သိပံ္ပဘာသာတွဲ ၄၅၅
၂။ဝိဇ္ဇာ+သိပံ္ပ ဘာသာတွဲ ၄၂၅
၃။ဝိဇ္ဇာဘာသာတွဲ ၄၁၀

ကျောင်းသူကျောင်းသား ၄၀၀ ဦး လက်ခံမည်ဖြစ်ရာ၌
(က) အမျိုးသား ၂၀၀ ဦး (၅၀%) နှင့် အမျိုးသမီး ၂၀၀ ဦး (၅၀%) လက်ခံမည်။
(ခ) သိပံ္ပဘာသာတွဲ ဖြင့် အောင်မြင်သူ စုစုပေါင်း ၂၀၀ ဦး (၅၀%)
ဝိဇ္ဇာ+သိပံ္ပ ဘာသာတွဲ ဖြင့် အောင်မြင်သူ စုစုပေါင်း ၁၀၀ ဦး (၂၅%)
ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်သူ စုစုပေါင်း ၁၀၀ ဦး (၂၅%)
လက်ခံမည်။
(ဂ) တိုင်းဒေသကြီး/ပြည်နယ် ခွဲတမ်းအရ ခွင့်ပြုမည်။
(ဃ) နယ်စပ်ဒေသအတွက် ခွဲတမ်းကို ဘာသာတွဲတစ်ခုစီအတွက် ၅% စီ သတ်မှတ်ထားသည်။
စုံစမ်းမေးမြန်းရန် ဖုံးနံပါတ်မှာ ၀၉ ၉၇၉၆၀၂၉၀၆၇
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


စစ်ကိုင်း ပညာရေး တက္ကသိုလ် ၀င်ခွင့်

(က)ကျောင်းသူကျောင်းသား ၄၀၀ ဦးလက်ခံမည်။
(ခ)အမျိုးသားဦးရေ ၂၀၀ (၅၀%) နှင့် အမျိုးသမီးဦးရေ ၂၀၀ (၅၀%) လက်ခံမည်။
(ဂ)သိပံ္ပဘာသာတွဲ ၂၀၀ ဦး
ဝိဇ္ဇာ+သိပံ္ပဘာသာတွဲ ၁၀၀ ဦး
ဝိဇ္ဇာဘာသာတွဲ ၁၀၀ ဦး
(ဃ) ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ကျောင်းသူကျောင်းသားများကို ၀င်ခွင့်ပြုမည်။ ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ၀င်ခွင့် လျှောက်ထားပါက လက်ခံသင်ကြားရန် သတ်မှတ်ထားသောဦးရေ၏ ၁၀% အထိ လက်ခံပေးမည်။
(င) တိုင်းဒေသကြီး၊ ပြည်နယ် ခွဲတမ်းဖြင့် ၀င်ခွင့်ပြုမည်။ နယ်စပ်ဒေသအတွက် ခွဲတမ်းကို ဘာသာတွဲတစ်ခုစီအတွက် ၅% စီ သတ်မှတ်ထားသည်။
(စ)လူတွေ့ စစ်ဆေးခြင်း ခံရမည်။

 

ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ

ပညာရေး ဒီဂရီကောလိပ် ၂၅ ခု ၀င်ခွင့်

Tips Read 6444 times