Sales Hotline : 09448001653       Download App



ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးရန် လူဦးရေစာရင်းဇန်နဝါရီ ၂၅ ရက်တွင်တင်ပြရမည်

တစ်နိုင်ငံလုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အခြေခံပညာဦးစီးဌာနရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးရန် လူဦးရေစာရင်းအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဇန်နဝါရီ ၂၅ ရက်တွင် တင်ပြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၃ ရက်တွင်ပြောသည်။
“ကျွန်တော်တို့ အခြေခံပညာဦးစီးဌာနမှာ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေအားလုံးဆိုရင် လူဦးရေ ၅ သိန်းဝန်းကျင်ရှိပါတယ်။ COVID-19 ရောဂါကာကွယ်ဆေးထိုးဖို့အတွက် စာရင်းတင်ပြရတာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးရင်တော့ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့အတွက် အခြေအနေပိုနီးစပ်လာပြီလို့ ပြောလို့ရပါတယ်’’ ဟု ဦးကိုလေးဝင်းကပြောသည်။
ကာကွယ်ဆေးထိုးခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မည်သည့်ရက်၊ မည်သည့်အချိန်တွင် ထိုးရမည်ဆိုသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုသည်။
Xinhua

ဆက်စပ်ဖတ်ရှုရန် ကြေညာစာခေါင်းစဉ်ကို ထိပါ

COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အသုံးပြုရန် လူဦးရေစာရင်း ကောက်ယူခြင်းကိစ္စ

Latest Post Read 2387 times