မူကြိုဆရာ၊ဆရာမတွေအတွက် ECCD အခမဲ့သင်တန်း

မူကြို (သို့) မူလတန်းကလေးတွေကို စာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမတွေ၊ ကလေးငယ်ရှိတဲ့ မိဘတွေအတွက် ECCD သင်တန်းကို အခမဲ့ တက်ရောက်နိုင်မယ့် အခွင့်အရေးကို မျှဝေပေးသွားပါမယ်။

Stafford E-Garden ကနေ ECCD နဲ့ ပတ်သက်ပြီး အဓိကလိုအပ်တဲ့ Skill တွေ၊ Knowlwdge တွေကို သိရှိပြီး မိမိသင်ကြားရေးအလုပ်မှာ ဝမ်းစာဖြည့်ချင်တဲ့ ဆရာ/ဆရာမတွေနဲ့ ကိုယ့်ရဲ့ကလေးငယ်လေးတွေကို ကိုယ်တိုင်စာပြပေးချင်တဲ့ မိဘတွေအတွက် ရည်ရွယ်ပြီး ပညာဒါနအတန်းလေး ဖွင့်ပေးခဲ့တာ အခုဆိုရင် Batch 14 အထိ ရှိလာပါပြီ။

ECCD ဆိုတာဘာလဲ?

ECCD (Early Childhood Care and Development) ဆိုတာ ကလေးငယ်လေးတွေ (မွေးကင်းစကလေးကနေ အသက် (၇) နှစ်အောက်ကလေးတွေ) အတွက် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့ကို ဂရုတစိုက် ပျိုးထောင်သင်ကြားပေးရတဲ့ ပညာပဲ ဖြစ်ပါတယ်။ 

ဘယ်သူတွေ တက်ရောက်သင့်တာလဲ?

  • ECCD ကို အခြေခံမှ စတင်သိလိုသူတွေ
  • ကိုယ့်ရဲ့ ကလေးငယ်လေးတွေအတွက် ကိုယ်တိုင်စာပြပေးချင်တဲ့ မိဘတွေ
  • ကိုယ်ပိုင်ကျောင်းတည်ထောင်လိုသူတွေ
  • မူကြိုဆရာ/ ဆရာမတွေ
  • Private School နဲ့ International School တွေမှာ အလုပ်ဝင်ချင်သူတွေ

ဘာတွေသင်ကြားပေးမှာလဲ?

  • Introduction to ECCD and Child Development
  • Building Resillience in Early Child Development
  • Fostering Language Development of Early Childhood 
  • Developing Social-Emotional Skills 

ဘယ်သူသင်ကြားပေးမှာလဲ?

Teacher Trainer တစ်ဦးဖြစ်သလို ECCD ပညာရေးနဲ့ပတ်သတ်ပြီး စာတွေ့လက်တွေ့ အတွေ့အကြုံပေါင်းများစွာနဲ့ သင်တန်းသားပေါင်း (၄,၅၀၀) ကျော်ကို သင်ကြားခဲ့ပြီးဖြစ်တဲ့ Tr.Rita ကိုယ်တိုင် Zoom မှတစ်ဆင့် တိုက်ရိုက်ဆွေးနွေးသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

Teacher Profile > https://www.facebook.com/permalink.php?

သင်တန်းကို ဇွန်လ (၂၄) ရက်နေ့ကနေ (၂၇) ရက်နေ့အထိ (၄) ရက် သင်ကြားပေးသွားမှာဖြစ်ပြီး ည (၈) နာရီခွဲကနေ (၉) နာရီခွဲအထိ တက်ရောက်ရပါမယ်။ သင်တန်းပြီးဆုံးရင် ဒစ်ဂျစ်တယ်သင်တန်းဆင်းအောင်လက်မှတ်ကိုလည်း ရရှိမှာပါ။

သင်တန်းကြေးက အခမဲ့ဆိုပေမဲ့ သင်တန်းကြေးအောင်လက်မှတ် (၅,၀၀၀) ကျပ်ကိုတော့ ကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ခွင့်ရဖို့ ဘာတွေ လိုအပ်လဲ?

  • Post ကို သူငယ်ချင်း (၃) ယောက် Tag တွဲပြီး Public Share ရပါမယ်။ 
  • Public Share ထားတဲ့ Screenshot ကို Post အောက်မှာ Comment ပေးရပါမယ်။
  • Stafford Page Messenger မှာ မိမိတက်လိုတဲ့ အတန်းအမည်ကို ECCD လို့ ပြောပြီး Registration Form ကို တောင်းယူပြီး ဖြည့်ရပါမယ်။

***Share ပြီး Comment ပေးရမယ့် Post >> https://www.facebook.com/permalink.php?***

Registration Form ကို ဇွန်လ (၂၃) ရက်၊ ‌ည (၆) နာရီအထိ ဖြည့်သွင်းလို့ရပြီး ည (၉) နာရီမှာ Stafford E-Garden Page မှ တက်ရောက်ခွင့်ရရှိသူစာရင်းကို ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktC

Latest Post Pre-school Primary Vocational Read 326 times