တိုကျိုမူလတန်းကျောင်းအတွင်း ဖောက်ထွင်းဝင်ရောက်မှုကြောင့် ဆရာ (၅) ဦး ဒဏ်ရာရ

မတ်လ (၈) ရက်၊ ကြာသပတေးနေ့တွင် ဂျန်ပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းကို မသမာသူ (၂) ဦး ဖောက်ထွင်းဝင်ရောက်မှုကြောင့် ဆရာ (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲဌာနမှတဆင့် သိရသည်။ 

အဆိုပါ မသမာသူ (၂) ဦးသည် မနက် (၁၁) နာရီ ဝန်းကျင်တွင် ပြတင်းတံခါးများ ချိုးဖျက်၍ တိုကျိုအနောက်ပိုင်း တာချီကာဝါရှိ အစိုးရပိုင် Daisan မူလတန်းကျောင်းက ဒုတိယတန်း စာသင်ခန်းသို့ ဖောက်ထွင်းဝင်ရောက်လာခြင်းဖြစ်သည်။

သိူ့သော် ကျောင်းရှိ ကလေးငယ်များ ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြထားသည်။

အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၂၀) အရွယ် လူငယ်တစ်ဦးအား ကျောင်းတွင်း ကျူးကျော်သူများအဖြစ် သံသယရှိသည့်အတွက် ဖမ်းဆီးထားကြောင်း မြို့တော်ရဲတပ်ဖွဲ့က ပြောသည်။ 

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ကျောင်းသားတစ်ဦး၏ မိခင်သည် နံနက်ပိုင်းတွင် ဆရာများနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ရာ အဆင်မပြေသဖြင့် သံသယရှိသူများအား ကျောင်းသို့ ခေါ်ခဲ့ကြောင်း သိရသည်။

လူနှစ်ဦးက ကျောင်းသို့ ရောက်လာပြီး ဝန်ထမ်းများကို ရိုက်နှက်ကာ ပြတင်းပေါက်ကို ရိုက်ချိုးပြီး အကြမ်းဖက်ခဲ့သည့်အတွက် ဆရာ (၅) ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အမျိုးသား (၂) ဦးအပြင် မိခင်ဖြစ်သူကိုပါ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း ချက်ခြင်း မဖမ်းဆီးနိုင်ခဲ့ပေ။ 

Daisan မူလတန်းကျောင်းတွင် ကျောင်းသားပေါင်း (၅၀၀) ကျော် ရှိပြီး ဆရာများ (၃၀) ကျော် ရှိကြောင်း ကျောင်း၏ ဝက်ဘ်ဆိုက်ဒ်မှတဆင့် သိရသည်။ 

Source - UPI , Kyodo News+

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International News Latest Post Read 135 times