တိရစ္ဆာန်ဆေးကုသိပ္ပံတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ တိရစ္ဆာန်ဆေးကုဒီပလိုမာ - Diploma in Veterinary Science (၁) နှစ်သင်တန်းကို ဖွင့်လှစ်ပို့ချမည်ဖြစ်၍ ဧပြီ (၁၀) ရက်နေ့အထိ လျှောက်ထားနိုင်သည်။
လိုအပ်သော သတ်မှတ်အရည်အချင်းများ
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူ ဖြစ်ရမည်။
- လျှောက်လွှာပိတ်ရက် ဧပြီ (၁၀) ရက်တွင် အသက် (၃၀)ထက် မကျော်လွန်ရ။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်ရ။
- သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်။
- သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်သင်တန်းကြေးများ ပေးသွင်းရမည်။
- သင်တန်းအောင်မြင်ပြီးနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ဒုတိယလက်ထောက်ဦးစီးမှူးရာထူးမှ စတင် ထမ်းဆောင်ရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် (၅) နှစ် ဆက်လက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
- သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီး တက်ရောက်ခွင့်ရ စာရင်း ထုတ်ပြန်ပြီးမှ သင်တန်းသို့ မတက်ရောက်လျှင်ဖြစ်စေ၊ သင်တန်းကို ပြီးဆုံးအောင် မတက်ရောက်လျှင်ဖြစ်စေ သတ်မှတ်ထားသော လျော်ကြေးငွေ ကျပ် (၃) သိန်းကို ပေးဆောင်ရန်နှင့် သင်တန်းအောင်မြင်ပြီးနောက် သတ်မှတ်ထားသည့် ကာလအတိုင်း နိုင်ငံ့တာဝန်ကိုဆက်လက် မထမ်းဆောင်လျှင် သတ်မှတ်ထားသော လျော်ကြေးငွေ ကျပ် (၁၀) သိန်းကို ပေးဆောင်ရန် ကတိခံဝန်စာချုပ် ချုပ်ဆိုနိုင်သူ ဖြစ်ရမည်။
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး၏ ထောက်ခံချက်ဖြင့် လျှောက်ထားရမည်။
လျှောက်လွှာတွင် အောက်ပါအချက်အလက်များ ပြည့်စုံစွာ ဖော်ပြရမည်-
- အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
- အသက်၊ မွေးသက္ကရာဇ်(ရက်၊လ၊နှစ်)
- ပညာအရည်အချင်း
- မိဘအမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
- ဆက်သွယ်ရန် နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်
- ဝန်ထမ်းဖြစ်ပါက လက်ရှိရာထူး/တာဝန်ကျဒေသ
လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲပေးပို့ရမည်-
- ဘွဲ့လက်မှတ် မိတ္တူ (၁) စောင်နှင့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ (၁) စောင်
- နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ (၁) စောင်
- (၆) လအတွင်း ရိုက်ကူးထားသော ရောင်စုံလိုင်စင်ဓာတ်ပုံ (၂)ပုံ (ပုံ၏ကျောဘက်တွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖော်ပြရန်)
- နိုင်ငံရေးနှင့် အကျင့်စာရိတ္တကောင်းမွန်ပြီး ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြို့နယ်ရဲစခန်း၏ ထောက်ခံစာမူရင်း (၁)စောင်
- ကိုယ်ရောစိတ်ပါကျန်းမာကြောင်း သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး၏ ဆေးထောက်ခံစာမူရင်း (၁) စောင်
- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး၏ သင်တန်း တက်ရောက်ရန် ခွင့်ပြုကြောင်းထောက်ခံချက်မူရင်း (၁) စောင်
လျှောက်လွှာပုံစံများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၆)တွင် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးများတွင် လည်းကောင်း အခမဲ့ ရယူနိုင်သည်။
ရေးဖြေ စာမေးပွဲဖြေဆိုရမည့် ခုံအမှတ်စာရင်းနှင့် ဖြေဆိုရမည့်အစီအစဉ် အသေးစိတ်တို့ကို မိမိတို့ လျှောက်လွှာတင်ပို့ခဲ့သည့် ရုံးများမှတစ်ဆင့် အသိပေး ကြေညာသွားမည် ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ ဖုန်း-၀၆၇-၃၄၀၈၄၇၈ နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများတွင် ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
=========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။
> https://shorturl.at/ktCaP