၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၌ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တွင် မဟာဝိဇ္ဇာဘွဲ့ (ဂီတ/သဘင်/ ပန်းချီ/ ပန်းပု/ ရုပ်ရှင်နှင့်ပြဇာတ်) သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်တန်းကာလ (၂) နှစ်ဖြစ်ပြီး အောက်ပါ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည် -
လျှောက်လွှာပုံစံရယူခြင်းနှင့် တင်သွင်းခြင်း
သင်တန်းရေးရာဌာန၌ လျှောက်လွှာပုံစံများကို ဇူလိုင် (၂၇) ရက်နေ့မှ စတင် ရယူလျှောက်ထားနိုင်ပြီး နိုဝင်ဘာ (၁၁) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်။
သင်တန်းဝင်ခွင့်စစ်ဆေးခြင်း
၁၆-၁၁-၂၀၂၆ နံနက် (၉) နာရီမှ (၁၂) နာရီထိ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ၊ နေ့လယ် (၁) နာရီမှ (၄) နာရီအထိ သက်ဆိုင်ရာအနုပညာဘာသာရပ်ရေးဖြေစာမေးပွဲ
၁၇-၁၁ - ၂၀၂၆ နံနက် (၉) နာရီမှ (၄) နာရီထိ သက်ဆိုင်ရာအနုပညာဘာသာရပ် လူတွေ့နှင့်လက်တွေ့စစ်ဆေးခြင်း
သင်တန်းဝင်ခွင့်အောင်စာရင်းအား နိုဝင်ဘာလ (၂၀) ရက်နေ့တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ စွယ်တော်ဆောင်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာသွားမည် ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်၌ သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်သည်။ သင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သင်တန်းရေးရာဌာန၊ မော်ကွန်းထိန်း ၀၉-၇၈၈၁၈၉၁၈၀၊ လက်ထောက်မော်ကွန်းထိန်း(စာမေးပွဲနှင့်ဘွဲ့နှင်းသဘင်) ၀၉ - ၂၅၀၀၈၈၂၆၈ နှင့် လက်ထောက်မော်ကွန်းထိန်း (ကျောင်းသားရေးရာနှင့်ကျောင်းဆောင်) ၀၉-၄၄၈၀၄၁၁၅၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။