မြစ်ကြီးနားတက္ကသိုလ်တွင် နိုင်ငံတကာပညာရေးဖိုရမ် ၂၀၂၆ အား နိုဝင်ဘာလတွင် ကျင်းပမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ နိုဝင်ဘာလအတွင်း နိုင်ငံတကာပညာရေးဖိုရမ်-၂၀၂၆ အား စည်ကားသိုက်မြိုက်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါနိုင်ငံတကာပညာရေးဖိုရမ်-၂၀၂၆ တွင် အာဆီယံ (၁၀) နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် ရုရှားနိုင်ငံတို့၏ ထပ်သီး တက္ကသိုလ်များ၊ ပြည်ပအဖွဲ့အစည်းများမှ ပညာရှင်များ၊ စာတမ်းရှင်များ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဤဖိုရမ်သည် မြစ်ကြီးနားမြို့၏ သမိုင်းတစ်လျှောက်တွင် နိုင်ငံတော်အဆင့် နိုင်ငံတကာပညာရေး ညီလာခံအဖြစ် ပထမဆုံးအကြိမ် ကျင်းပသွားမည့်ပွဲဖြစ်သည်။

သိပ္ပံနှင့် နည်းပညာဆိုင်ရာဆန်းသစ် တီထွင်မှုများ၊ ဘာသာစကားနှင့် ယဉ်‌ကျေးမှုအမွေအနှစ်များ၊ MSME ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ၊ ကမ္ဘာလုံးဆိုင်ရာသင်ကြားပြသမှုစနစ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် အဓိက ကဏ္ဍကြီး (၄) ခု ပါဝင်မည်ဖြစ်သည်။

စာတမ်းဖတ်ပွဲ၊ ဒေသထွက် အဖိုးတန်ထွက်ကုန်များ၊ ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် လူငယ်များ၏ သုတေသန အခြေပြု နည်းပညာနှင့် လူမှုစီးပွားဆိုင်ရာတီထွင်ဆန်းသစ်မှုများကို ချိတ်ဆက်ပြသပေးသွားမည့် ဖိုရမ်ဖြစ်ကြောင်း သိရသည်။

Source - ပြန်ကြားရေးဝန်ကြီးဌာန

Latest Post Local News Read 23 times