**Unicode**
ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇဗေဒဌာနမှ ဖွင့်လှစ်မည့် ဘွဲ့လွန်ဈေးကွက်ဆိုင်ရာစီမံခန့်ခွဲမှုပညာ ဒီပလိုမာဘွဲ့ (Post Graduate Diploma in Marketing Management) သင်တန်းကို ဖွင့်လှစ်ရခြင်းမှာ စီမံခန့်ခွဲမှုပညာ (Management)၊ ဈေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုပညာ (Marketing Management) စသည်များကို ကျွမ်းကျင်ပြီး လက်တွေ့ကျကျကျင့်သုံးနိုင်စေရန်၊ ခေတ်နဲ့အညီ ပြိုင်ဆိုင်လာသော ဈေးကွက်ပတ်ဝန်းကျင်များတွင် ဈေးကွက်စီမံခန့်ခွဲမှုနှင့် ဖြန့်ဖြူးမှု၊ ရောင်းချမှုနည်းပညာ အစရှိသည်များကို ကျွမ်းကျင်၍ လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချနိုင်စေရန်နှင့် အဖွဲ့အစည်းများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ ဈေးကွက်အတွင်းသို့ ချပြပို့ဆောင်နိုင်ရန်အတွက် ဈေးကွက်ဆိုင်ရာ သဘောတရားများကို ကောင်းမွန်စွာ ဖန်တီးပြီး ရလဒ်ကောင်းများဖြစ်ပေါ်လာစေရန်၊ နိုင်ငံတကာနှင့် အဖွဲ့အစည်းများတွင် ဖြစ်ပေါ်လာသော အခြေအနေများကို ပြောင်းလဲခြင်းဆိုင်ရာ စီမံခန့်ခွဲမှု ပြုလုပ်နိုင်စွမ်းရှိလာစေရန်တို့ဖြစ်ပါတယ်။
**သင်တန်းတက်ရောက်လိုသူများအနေဖြင့်....
- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများလျှောက်ထားနိုင်ပါတယ်။
- ဘွဲ့ရရှိပြီးပါက ဘွဲ့လွန်ဒီပလိုမာလက်မှတ်အဖြစ် ဈေးကွက်ဆိုင်ရာ စီမံခန့်ခွဲမှုပညာ ဒီပလိုမာ (Post Graduate Diploma in Marketing Management) ကိုရရှိမှာ ဖြစ်ပါတယ်။
**သင်တန်းအတွက်လိုအပ်သောစာရွက်စာတမ်းများ...
- First Degree အမှတ်စာရင်းမိတ္တူ (မူရင်း) တင်ပြရန်
- ဘွဲ့လက်မှတ်မိတ္တူ (မူရင်း) တင်ပြရန်
- ဓာတ်ပုံ (၃) ပုံ
- လုပ်ငန်းရှင်၏ ထောက်ခံစာ( မိမိလုပ်ကိုင်နေသောအလုပ်အကိုင်မှ)
- အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ (သို့) မြို့နယ်ရဲစခန်းထောက်ခံစာ
**သင်တန်းကာလ (၉) လဖြစ်ပါတယ်...
** စာမေးပွဲကို စာသင်ကာလ သုံးလ(၁) ကြိမ်ဖြေဆိုရမည်ဖြစ်ပါတယ်....
စာတမ်းတင်သွင်းခြင်းအနေဖြင့် သင်တန်းကာလ ပြီးဆုံးချိန်မှာ ဈေးကွက်ရောင်းချဖြန့်ဖြူးမှုနှင့်ပတ်သက်သည့် လက်တွေ့အသုံးချစာတမ်း တစ်စောင်ကို တင်သွင်းရမည်ဖြစ်ပါတယ်...
** သင်ကြားမည့် ဘာသာရပ်များ...
(First Course)
- General Management
- Fundamental of Marketing
- Business and Marketing Communication
(Second Course)
- Service Marketing
- Selling and Sales Management
- Marketing Research
(Third Course)
- Consumer Behaviour
- Customer Relationship Management
- Retail Management
Read More:>>> "** တက္ကသိုလ်ဝင်တန်း ဘောဂဗေဒ ဘာသာရပ် (၁) မှတ်တန်များ **
** သင်တန်းမှာ နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ (၅) နာရီမှ (၇) နာရီခွဲအထိ...
** သင်တန်းဖွင့်လှစ်သင်ကြားမည့်နေရာမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ကမာရွတ်နယ်မြေ...
**Zawgyi**
- ဓာတ်ပုံ (၃) ပုံ
(First Course)
- General Management
(Second Course)
- Service Marketing
- Marketing Research
(Third Course)
- Consumer Behaviour
- Retail Management