စနေ၊ တနင်္ဂနွေ တက်ရောက်နိုင်သည့် ရေသတ္တဝါမွေးမြူရေးဆိုင်ရာဒီပလိုမာသင်တန်း

ရန်ကုန်တက္ကသိုလ်၊ ငါးလုပ်ငန်းပညာမှ ရေသတ္တဝါမွေးမြူရေးဆိုင်ရာဒီပလိုမာသင်တန်းအား ဇွန်လတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါသဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည်။

သင်တန်းကာလမှာ (၉) လနှင့် Project Papaer စာတမ်းပြုစုရမည်ဖြစ်ပြီး သင်တန်းပြီးမြောက်အောင်မြင်ပါက ရေသတ္တဝါမွေးမြူရေးဆိုင်ရာ ဒီပလိုမာဘွဲ့ (Diploma in Aquaculture) ကို ပေးအပ်မည်ဖြစ်သည်။

သင်တန်းသား လူဦးရေ (၅၀) သာ လက်ခံမည်ဖြစ်သောကြောင့် စိတ်ဝင်စားသူများသည် အခန်း (၃၀၇)၊ ငါးလုပ်ငန်းပညာရုံးခန်း၊ University of Yangon Center For Research and Innovation၊ ဘွဲ့နှင်းသဘင်ခန်းမအနီး၊ ရန်ကုန်တက္ကသိုလ်သို့ သွားရောက်၍ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

သင်တန်းကြေးမှာ (၄) သိန်းကျပ်ဖြစ်ပြီး Semester တစ်ခုကို (၂) သိန်းကျပ် ဖြစ်သည်။ သင်တန်းကို ဇွန်လ (၁) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ တက်ရောက်ရပါမည်။

 Subscribe our Bulletin

သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များမှာ -

- Biotechnology in Aquaculture (အဆင့်မြင့်ဇီ၀နည်းပညာသုံး ရေသတ္တဝါမွေးမြူရေး)

- Aquatic Animal Diseases (ရေသတ္တဝါရောဂါများနှင့် ကာကွယ်ကုသမှုများ)

- Fish Nutrition (ငါးအစာအာဟာရ၊ အစာထုတ်လုပ်ခြင်းနည်းပညာ)

- Soil and Water Quality Management (ရေနှင့်မြေအရည်အသွေး ပြုပြင်ထိန်းသိမ်းခြင်းများ)

- Livefood Culture (ငါး၊ ပုစွန်သားပေါက်စာ ထုတ်လုပ်ခြင်းများ)

- Research Design and Methodology (သုတေသနပြုလုပ်ခြင်းနှင့် နည်းစနစ်များ) စသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်ပြီး သင်ကြားရမည်ဖြစ်ပြီး (၃) လ သုတေသနစာတမ်းနှင့် Presentation လည်း လုပ်ဆောင်ရပါမည်။

လက်တွေ့သင်ခန်းစာများ ပြုလုပ်ရာ၌ ရန်ကုန်တက္ကသိုလ်၊ ငါးလုပ်ငန်းပညာရှိ ခေတ်မီဓာတ်ခွဲခန်းများကို အသုံးပြုနိုင်မည့်အပြင် ထိုဘာသာရပ်များကို မိမိ ပုစွန်ကန်၊ ငါးကန်များနှင့် မွေးမြူရေးနေရာ ဒေသများတွင် လက်တွေ့အသုံးချနိုင်စေရန် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ငါးလုပ်ငန်းပညာ၊ ရန်ကုန်တက္ကသိုလ်၊ ဖုန်း-၀၉-၄၂၀၁၇၇၇၅၆၃ နှင့် ၀၉-၄၀၉၃၉၆၉၀၆ တို့ကို ဆက်သွယ်မေးမြန်းနိုင်သည်။

Related Article : ရန်ကုန်တက္ကသိုလ်တွင် ထပ်မံဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (၂) ခု

>> https://www.edge.com.mm/article/yangon-university-6834120f92ca9.html

=====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Vocational Read 1509 times