Sales Hotline : 09448001653       Download App



ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်

** Unicode **

** ရည်ရွယ်ချက် **

- မြန်မာ့ပညာရေးဆိုင်ရာ ဆောင်ရွက်မှုများအားလုံးနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဆန်းစစ်မှု၊ သုံးသပ်မှုဆိုင်ရာ သုတေသနများပြုလုပ်ရေး။
- ပညာရေးသတင်းနှင့် အချက်အလက်များ အချိန်မီပြုစုထုတ်လုပ်ရေး။
- ပညာရေးလုပ်ငန်းများ၊ ပညာရေးသုတေသနလုပ်ငန်းများ၊ စနစ်တကျ စီမံ ဆောင်ရွက်နိုင်ရေး တို့အတွက် လိုအပ်သည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာဆောင်ရွက်ရေး။
 

** လုပ်ငန်းတာဝန် **
- အမျိုးသားပညာရေးဥပဒေနှင့် ဆက်စပ်ဥပဒေများ၊ ပညာရေးမူဝါဒ၊ နှစ်တို နှစ်ရှည်စီမံကိန်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးကို အထောက် အကူပြုမည့် Alternative ပညာရေးလုပ်ငန်းကိစ္စများကို ပညာရေးဝန်ကြီး ဌာနအား တာဝန်ခံ၍ ဆောင်ရွက်ခြင်း။

- နိုင်ငံတော်က ချမှတ်သည့် ကျောင်းပြင်ပညာရေးဆိုင်ရာ မူဝါဒများ၊ ပညာရေး ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ ပေါက်မြောက်အောင်မြင်စေရန် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူ၍ အမျိုးသားအဆင့် ကျောင်းပြင်ပ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

- Alternative ပညာရေးလုပ်ငန်းများ ထိရောက်အောင်မြင်မှုရှိစေရန် အခြားသော ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အဖွဲ့အစည်းများနှင့် လိုအပ်သည့် ဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်း။

Marketing & Sales (83) Marketing & Sales နှင့်ပတ်သက်ပြီး သင်တန်း (၈၃) ခုရှာရန်နှိပ်ပါ။

- ပြည်တွင်း/ပြည်ပ ဆက်သွယ်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်၍ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ရေး အထောက်အကူပြုမည့် Alternative ပညာရေးလုပ်ငန်းများ ကြီးကြပ် ဆောင်ရွက်ခြင်း။

Read More:>>>  ဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ်စာမေးပွဲကျင်းပမည်

- အမျိုးသားပညာရေးအတွက် တစ်မျိုးသားလုံးပါဝင်၍ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို ပညာရေးဆိုင်ရာ သတင်းအချက်အလက်များ ဖော်ပြခြင်း၊ ဆွေးနွေးခြင်း၊ ဆောင်းပါးပြုစုခြင်း၊ ရိုက်ကူးထုတ်လုပ်ခြင်း။
(Ministry of Education)

** Zawgyi **

** ရည်ရွယ်ချက် **

 

** လုပ်ငန်းတာဝန် **



Marketing & Sales (83) Marketing & Sales နှင့်ပတ်သက်ပြီး သင်တန်း (၈၃) ခုရှာရန်နှိပ်ပါ။


Read More:>>>  ဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ်စာမေးပွဲကျင်းပမည်

(Ministry of Education)

Latest Post Read 1975 times