Sales Hotline : 09448001653       Download App



ဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ်စာမေးပွဲကျင်းပမည်

** Unicode **

ပြည်ပနိုင်ငံများရှိ ဆေးတက္ကသိုလ်များမှ အခြေခံဆေးပညာဘွဲ့ MBBS နှင့်အလားတူဘွဲ့ရထားသော မြန်မာနိုင်ငံသားဆရာဝန်များအတွက် အထွေထွေဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ်စာမေးပွဲ (Myanmar Medical Licencing Examination MMLE) ၁/၂၀၂၀ အတွက် လျှောက်လွှာများခေါ်ယူနေပါတယ်။

စာမေးပွဲဝင်ရောက်ဖြေဆိုလိုသူများသည် မြန်မာနိုင်ငံဆေးကောင်စီရုံး အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ မတ် (၃၁) ရက်၊ ညနေ (၄) နာရီနောက်ဆုံးထားလျှောက်ထားနိုင်ပါတယ်။

စာမေးပွဲကို မေ (၅) ရက်မှာရေးဖြေမေးခွန်းလွှာ (၁)၊ မေလ (၇) ရက်မှာ ရေးဖြေမေးခွန်းလွှာ (၂) ကိုနံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ မြန်မာနိုင်ငံဆေးကောင်စီတွင်လည်းကောင်း၊ မေ (၅)ရက်မှာ ဆေးလက်တွေ့ဘာသာရပ် (OSCE) ကိုနံနက် (၉) နာရီမှစတင်ကာ ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မှာလည်းကောင်း ကျင်းပသွားမည်ဖြစ်ပါတယ်။

ဖြေဆိုခွင့်ကတ်ပြားများကို ဧပြီ (၂၈) ရက်မှ မေ (၄) ရက်ထိ မြန်မာနိုင်ငံဆေးကောင်စီရုံးမှာ သက်ဆိုင်ရာဆရာဝန်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုတင်ပြ၍ စနေ၊ တနင်္ဂနွေနေ့များမှအပ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပါတယ်။

Read More:>>>  လေယာဉ်မောင်/ လေယာဉ်မယ် လျှောက်လွှာခေါ်ယူခြင်း

စာမေးပွဲကြေး ကျပ်သုံးသိန်းငါးသောင်းပေးသွင်းရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များသိရှိလိုပါက အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၄၅၆၈၄၄၄၄၅ သို့ဖြစ်စေ၊ Email လိပ်စာ myanmar-medivalcouncil@gmail. သို့ဖြစ်စေ ရုံးချိန်အတွင်းစုံစမ်းမေးမြန်းနိုင်ပါတယ်။

Accountancy (222) စာရင်းကိုင်နှင့်ပက်သက်ပြီး သင်တန်း (၂၁၀) ခု ရှာရန်နှိပ်ပါ။

Credit: Internet

 

** Zawgyi **





Read More:>>>  လေယာဉ်မောင်/ လေယာဉ်မယ် လျှောက်လွှာခေါ်ယူခြင်း


Accountancy (222) စာရင်းကိုင်နှင့်ပက်သက်ပြီး သင်တန်း (၂၁၀) ခု ရှာရန်နှိပ်ပါ။

Credit: Internet

News Tips Latest Post Read 2473 times