Sales Hotline : 09448001653       Download App



ပညာရေးနှင့်ပတ်သက်၍ COVID-19 ကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်မှုများဆိုင်ရာအစည်းအဝေး

** Unicode **

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ယနေ့၊ နံနက် (၁၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ကာကွယ်တားဆီးရေး ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ ဗဟိုအဆင့်ညှိနှိုင်းမှုအစည်းအဝေးသို့ တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အမှာစကားပြောကြားရာတွင် -

• မိမိတို့ မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 ဖြစ်ပွားသူလူနာ (၃၃၆) ဦးရှိပြီး လူနာများ၏ (၇၉) ရာခိုင်နှုန်းဖြစ်သော (၂၆၁) ဦးသည် ရောဂါပိုးကင်းစင်သွားခဲ့ပြီး ယခုလက်ရှိတွင် ဆေးရုံအသီးသီး၌ ကုသမှုခံယူနေသော COVID-19 လူနာများ၏ ကျန်းမာရေးအခြေ အနေမှာကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသမှု ခံယူနေရသူ တစ်ဦးမျှ မရှိပါကြောင်း၊

• ယခုအချိန်၌ COVID-19 ဖြစ်ပွားမှုများကို ဆန်းစစ်ကြည့်ပါက ကူးစက်သူများ၏ (၅၂) ရာခိုင်နှုန်းသည် ပြည်ပမှဝင်ရောက်လာသူများဖြစ်ပါကြောင်း၊

• COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရသူ (၁၉) ဦးရှိပြီး၊ အသက်ရှုစက် (ventilator) အသုံးပြုခဲ့ရသော လူနာမှာ (၅) ဦးသာရှိပါကြောင်း၊

• အခြေခံပညာအထက်တန်းကျောင်းများပြန်လည်ဖွင့်လှစ်ချိန်၌ မိမိတို့သတိပြုရမည်မှာ လူနာအားလုံး၏ (၆၀) ရာခိုင်နှုန်းသည် မည်သည့် ရောဂါလက္ခဏာမျှမပြသဘဲ ရောဂါပိုးရှိနေသည်ဆိုသည့်အချက် ဖြစ်ပါကြောင်း၊

• ဤအချက်ကိုနောက်ခံထား၍ မိမိတို့ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများဖွင့်ရာ၌ ရောဂါကူးစက်မှုမရှိရန်အတွက် ယခုကဲ့သို့ ထပ်မံတွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊

• ထိုသို့ ရောဂါပြန့်ပွားကူးစက်ခြင်းများမရှိစေရန်အတွက် အခြေခံပညာကျောင်းများ ပြန်လည်မဖွင့်လှစ်မီတွင် COVID-19 ကာကွယ်ရေးနည်းလမ်းများကို ဖြန့်ဝေထားရှိမှု၊ ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများ၊ မိဘများနှင့် ကျောင်းသား/သူများက အဆိုပါ လမ်းညွှန်ချက်များကို သိရှိလိုက်နာ ဆောင်ရွက်မှုနှင့် ကျောင်းအလိုက် ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ သည် အဆင်သင့်ဖြစ်နေရန် အရေးကြီးပါကြောင်း၊

• အခြေခံပညာကျောင်းများ၌ ရောဂါကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကျောင်းများ မဖွင့်လှစ်မီတွင် ဝန်ကြီးဌာနနှစ်ခုမှ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်တာဝန်ရှိသူများ ပူးပေါင်းကာ ဆန်းစစ်မှုပုံစံ (checklist) များအသုံးပြု၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် ရမည်ဖြစ်ပါကြောင်း၊

• ထိုသို့စစ်ဆေးရာတွင် ကြိုတင်ပြင်ဆင်မှုများပြည့်စုံရန်အတွက် ပံ့ပိုးရန်လိုအပ်နေသေးသည့် ကျောင်းများအား အမြန်ဆုံးပံ့ပိုးဖြည့်ဆည်းကာ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် တစ်လျှောက်လုံးတွင်လည်း ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် စည်းကမ်းလိုက်နာ ဆောင်ရွက်မှုအခြေအနေများကို ပုံမှန် နှင့် ရှောင်တခင် စစ်ဆေးခြင်းနှင့် စောင့်ကြည့်ဆန်းစစ်အကဲဖြတ်ခြင်း (monitoring) အား ဆန်းစစ်ခြင်းစာရင်းပုံစံ (checklist) များ အသုံးပြု၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီးနောက် COVID-19 သံသယလက္ခဏာများရှိသူတစ်ဦးကို အတန်းတစ်ခုတွင် တွေ့ရှိပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း တာဝန်ရှိသူများ အားလုံးက သိရှိထားရမည်ဖြစ်ပါကြောင်း၊

• ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကာ ရေးဆွဲထားသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ အသီးသီးတို့အတွက် နေအိမ်မှ ကျောင်းသို့လာချိန်၊ ကျောင်းစာသင်ခန်းသို့ သွားချိန်၊ စာသင်ကြားချိန်၊ နားနေချိန်နှင့် ကျောင်းဆင်းချိန် တို့တွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ နှင့် လမ်းညွှန်ချက်များအား အတိအကျလိုက်နာ ဆောင်ရွက်ရန်အတွက် ဆရာ၊ ဆရာမများသာမက မိဘများ၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊

• သက်ဆိုင်ရာ အခြေခံပညာကျောင်းအလိုက် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် မိဘ ဆရာအသင်းဝင်များသည် မြို့နယ် ပညာရေးနှင့် ကျန်းမာရေးတာဝန်ရှိသူများ ပုံမှန်တွေ့ဆုံညှိနှိုင်းပြီး ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက -
• COVID-19 ကပ်ရောဂါကာလတွင် အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် သင်ယူမှုမဆုံးရှုံးရေး၊ ထိတွေ့မှုလျော့ချခြင်း၊ လူအုပ်စု မဖြစ်ပေါ်ရေး အဓိက စီစဉ်ထား ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် အခြေခံပညာအထက်တန်း အဆင့် ကျောင်းစုစုပေါင်း (၅,၆၃၃)ကျောင်း ရှိပါကြောင်း၊ ပုံမှန်ဖွင့်နိုင်မည့် အထက်တန်းကျောင်း(၆၁၇)ကျောင်း၊ တစ်ပတ်ခြား အထက်တန်းကျောင်း (၂,၄၇၁)ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် အထက်တန်းကျောင်း (၂,၄၀၁)ကျောင်း၊ တစ်ပတ်ခြားနှစ်သုတ် (၃)ရက်ခြားတက် အထက်တန်းကျောင်း (၁၄၄)ကျောင်း စီစဉ်ထားရှိပါကြောင်း၊ 
ဘုန်းတော်ကြီးသင်အထက်တန်းကျောင်း(၃)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၁၀၀၀) ကျောင်းရှိပါကြောင်း၊ အထက်တန်းကျောင်းသား စုစုပေါင်း (၁.၂) သန်း ဝန်းကျင်ရှိပါကြောင်း၊

• သို့သော် COVID-19 ကပ်ရောဂါကာလတွင် ကျန်းမာရေးနှင့် ညီညွတ်သော ဝန်းကျင်ဖြစ်ရန်အတွက် စုစုပေါင်း မူ/ လယ်/ ထက် ကျောင်းသားဦးရေနှင့် စာသင်ခန်း၊ စာသင်ခုံ၊ ဆရာဦးရေတို့အရ လည်းကောင်း၊ ကျောင်းသားတစ်ဦးလျှင် (၃၆) စတုရန်းပေအရလည်းကောင်း စာသင်ခန်းတစ်ခန်းတွင် (၂၀)ဦးအတွက်သာ ခုံစီထားပါသဖြင့် အများဆုံးပုံမှန်ဖွင့်သောကျောင်းများ၊ တစ်ပတ်ခြားကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်းများ၊ တစ်ပတ်ခြား နှစ်သုတ် (၃) ရက်တက်ကျောင်းများ စီစဉ်ထားရှိပါကြောင်း၊

• မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမများ အားလုံး (၄၀၀,၄၄၄)ဦးရှိ၍ သင်ရိုးသစ် သင်ကြားသင်ယူမှုနည်းလမ်းသင်တန်းများတွင် အွန်လိုင်းသင်တန်း၊ ကာလတို အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ တက်ရောက်ခဲ့ကြသလို ကျန်းမာရေးအသိပညာပေး သင်တန်းများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာ ဆရာမများ၊ မိဘများနှင့် ကျောင်းသားကျောင်းသူများ လိုက်နာရမည့်အချက်များ၊ ကျောင်းအပ်နှံရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေး စီမံချက်တို့ကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်ရန်အတွက် ဖြန့်ဝေခြင်း၊ အင်တာနက်ဝက်ဆိုက်ဒ်တွင် အသိပေးထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ထားရှိပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသော အကြံပြုချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ခွဲဝေဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်၍ နည်းပညာပိုင်းဆိုင်ရာ SOP/Guideline များ ထုတ်ပြန်ခြင်းနှင့် အဆင့်ဆင့်လမ်းညွှန်ခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျောင်းကျန်းမာ)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်လည်း စီစဉ် ထားရှိပါကြောင်း၊ ကျောင်းသား၊ ဆရာများအားလုံးတို့ကိုလည်း ပြန်လည်အသုံးပြု၍ရသည့် အဝတ်ဖြင့် ပြုလုပ်ထားသော ပါးစပ်နှင့်နှာခေါင်းစည်း (၂)ခုနှင့် မျက်နှာကာ(၁)ခုစီ အခမဲ့ဖြန့်ဝေပေးရန် စီစဉ် ထားရှိပါကြောင်း၊

• အသက်ကြီးသူများ ကျောင်းပို့ကြိုမပြုလုပ်ရန်၊ ကျောင်းပို့ကြိုသူတစ်ဦးသာသတ်မှတ်၍ ကျောင်းပို့ ကြိုသူ၊ ကျောင်းကြိုပို့ယာဉ် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်သူ တို့၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များ မှတ်တမ်းတင်ထားရှိရန်၊ ကျောင်းသို့ရောက်ရှိပါက (၆)ပေခြား တန်းစီ၍ ကိုယ်ပူချိန် တိုင်းတာရန် စီစဉ်ထားရှိပါကြောင်း၊ ကိုယ်ပူချိန်မြင့်သူ ရှိပါကလည်း အရန်ခန်းတွင် ခေတ္တထားရှိ၍ ကိုယ်ပူချိန်ပြန်လည်တိုင်းမည် ဖြစ်ပါကြောင်း၊ ကိုယ်ပူချိန်မြင့်မားသူ၊ ဖျားနာသူများကိုလည်း ခွင့်တိုင်ကြားရန် နှင့် ဆေးရုံတွင် ဆေးကုမှုခံယူရန်လည်း စီစဉ်ထား ရှိပါကြောင်း၊ ဆေးရုံ၊ ဆရာဝန်၊ သူနာပြုများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များလည်း စီစဉ်ထားရှိမည်ဖြစ်ပါကြောင်း၊

• တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ ရေနှင့်ဆပ်ပြာဖြင့် လက်ဆေးခြင်း သို့မဟုတ် လက်ဆေးဂျယ်ဖြင့် လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေစီခြား၍ စာသင်ခန်းအတွင်းသို့ ဝင်ရောက်၍ သတ်မှတ်နေရာယူခြင်းတို့ကိုလည်း စီစဉ်ထားရှိပါကြောင်း၊ ကျောင်းမုန့်ဆိုင်ခန်းများ ဖွင့်ခွင့်မပြုထားပါကြောင်း၊ ကျောင်းတွင် ခဲတံ၊ ပေတံ၊ ခဲဖျက်၊ စာအုပ် စသည့် ပစ္စည်းများ လဲလှယ်ခွင့်မပြုပါကြောင်း၊

• တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှု စိစစ်ခဲ့သော်လည်း ကျောင်းအလိုက် အသေးစိတ် ပြန်လည် သုံးသပ်ခြင်းတို့ကို စိစစ်မှုမရှိသေးသော်လည်း ပူးပေါင်းဆောင်ရွက်သွား လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကျန်းမာရေးကဏ္ဍမှ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုတင်ပြခဲ့ပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းတို့က COVID-19 အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က COVID-19 အန္တရာယ်ကင်းရှင်းစွာဖြင့် စာသင်ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်၊
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် COVID-19 ရောဂါကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီဝင်များက အထွေထွေဆွေးနွေးခြင်းနှင့် အကြံပြုခြင်း များကို ဆောင်ရွက်ခဲ့ကြပါတယ်။

Ministry of Health and Sports, Myanmar 

** Zawgyi **

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးသည္ ပညာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးႏွင့္အတူ ယေန႔၊ နံနက္ (၁၀) နာရီတြင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ႐ုံးအမွတ္ (၄)၊ ေနျပည္ေတာ္၌ ျပဳလုပ္ခဲ့သည့္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ COVID-19 ကာကြယ္တားဆီးေရး ႀကိဳတင္ျပင္ဆင္မႈမ်ားဆိုင္ရာ ဗဟိုအဆင့္ညႇိႏႈိင္းမႈအစည္းအေဝးသို႔ တက္ေရာက္ခဲ့ပါတယ္။

အစည္းအေဝး၌ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က အမွာစကားေျပာၾကားရာတြင္ -

• မိမိတို႔ ျမန္မာႏိုင္ငံတြင္ ယေန႔အထိ COVID-19 ျဖစ္ပြားသူလူနာ (၃၃၆) ဦးရွိၿပီး လူနာမ်ား၏ (၇၉) ရာခိုင္ႏႈန္းျဖစ္ေသာ (၂၆၁) ဦးသည္ ေရာဂါပိုးကင္းစင္သြားခဲ့ၿပီး ယခုလက္ရွိတြင္ ေဆး႐ုံအသီးသီး၌ ကုသမႈခံယူေနေသာ COVID-19 လူနာမ်ား၏ က်န္းမာေရးအေျခ အေနမွာေကာင္းမြန္လ်က္ရွိၿပီး အထူးၾကပ္မတ္ကုသမႈ ခံယူေနရသူ တစ္ဦးမွ် မရွိပါေၾကာင္း၊

• ယခုအခ်ိန္၌ COVID-19 ျဖစ္ပြားမႈမ်ားကို ဆန္းစစ္ၾကည့္ပါက ကူးစက္သူမ်ား၏ (၅၂) ရာခိုင္ႏႈန္းသည္ ျပည္ပမွဝင္ေရာက္လာသူမ်ားျဖစ္ပါေၾကာင္း၊

• COVID-19 စတင္ျဖစ္ပြားခ်ိန္မွစ၍ အထူးၾကပ္မတ္ကုသမႈခံယူခဲ့ရသူ (၁၉) ဦးရွိၿပီး၊ အသက္ရႈစက္ (ventilator) အသုံးျပဳခဲ့ရေသာ လူနာမွာ (၅) ဦးသာရွိပါေၾကာင္း၊

• အေျခခံပညာအထက္တန္းေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ခ်ိန္၌ မိမိတို႔သတိျပဳရမည္မွာ လူနာအားလုံး၏ (၆၀) ရာခိုင္ႏႈန္းသည္ မည္သည့္ ေရာဂါလကၡဏာမွ်မျပသဘဲ ေရာဂါပိုးရွိေနသည္ဆိုသည့္အခ်က္ ျဖစ္ပါေၾကာင္း၊

• ဤအခ်က္ကိုေနာက္ခံထား၍ မိမိတို႔ဝန္ႀကီးဌာနႏွင့္ ပညာေရးဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ အေျခခံပညာေက်ာင္းမ်ားဖြင့္ရာ၌ ေရာဂါကူးစက္မႈမရွိရန္အတြက္ ယခုကဲ့သို႔ ထပ္မံေတြ႕ဆုံေဆြးေႏြးျခင္း ျဖစ္ပါေၾကာင္း၊

• ထိုသို႔ ေရာဂါျပန႔္ပြားကူးစက္ျခင္းမ်ားမရွိေစရန္အတြက္ အေျခခံပညာေက်ာင္းမ်ား ျပန္လည္မဖြင့္လွစ္မီတြင္ COVID-19 ကာကြယ္ေရးနည္းလမ္းမ်ားကို ျဖန႔္ေဝထားရွိမႈ၊ ေက်ာင္းအုပ္ႀကီး၊ ဆရာ/ ဆရာမမ်ား၊ မိဘမ်ားႏွင့္ ေက်ာင္းသား/သူမ်ားက အဆိုပါ လမ္းၫႊန္ခ်က္မ်ားကို သိရွိလိုက္နာ ေဆာင္႐ြက္မႈႏွင့္ ေက်ာင္းအလိုက္ ေရာဂါကာကြယ္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ ထားရွိမႈမ်ား သည္ အဆင္သင့္ျဖစ္ေနရန္ အေရးႀကီးပါေၾကာင္း၊

• အေျခခံပညာေက်ာင္းမ်ား၌ ေရာဂါကာကြယ္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားရွိမႈ အေျခအေနမ်ားအား ေက်ာင္းမ်ား မဖြင့္လွစ္မီတြင္ ဝန္ႀကီးဌာနႏွစ္ခုမွ တိုင္းေဒသႀကီး/ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ အဆင့္တာဝန္ရွိသူမ်ား ပူးေပါင္းကာ ဆန္းစစ္မႈပုံစံ (checklist) မ်ားအသုံးျပဳ၍ ကြင္းဆင္းစစ္ေဆးမႈမ်ား ျပဳလုပ္ ရမည္ျဖစ္ပါေၾကာင္း၊

• ထိုသို႔စစ္ေဆးရာတြင္ ႀကိဳတင္ျပင္ဆင္မႈမ်ားျပည့္စုံရန္အတြက္ ပံ့ပိုးရန္လိုအပ္ေနေသးသည့္ ေက်ာင္းမ်ားအား အျမန္ဆုံးပံ့ပိုးျဖည့္ဆည္းကာ ေက်ာင္းျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္ရမည္ျဖစ္ပါေၾကာင္း၊

• အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္ တစ္ေလွ်ာက္လုံးတြင္လည္း ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္ စည္းကမ္းလိုက္နာ ေဆာင္႐ြက္မႈအေျခအေနမ်ားကို ပုံမွန္ ႏွင့္ ေရွာင္တခင္ စစ္ေဆးျခင္းႏွင့္ ေစာင့္ၾကည့္ဆန္းစစ္အကဲျဖတ္ျခင္း (monitoring) အား ဆန္းစစ္ျခင္းစာရင္းပုံစံ (checklist) မ်ား အသုံးျပဳ၍ ေဆာင္႐ြက္သြားရမည္ျဖစ္ပါေၾကာင္း၊

• ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ၿပီးေနာက္ COVID-19 သံသယလကၡဏာမ်ားရွိသူတစ္ဦးကို အတန္းတစ္ခုတြင္ ေတြ႕ရွိပါက ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္ အဆင့္ဆင့္ကိုလည္း တာဝန္ရွိသူမ်ား အားလုံးက သိရွိထားရမည္ျဖစ္ပါေၾကာင္း၊

• ပညာေရးဝန္ႀကီးဌာနႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနတို႔ ပူးေပါင္းကာ ေရးဆြဲထားသည့္ ေက်ာင္းအုပ္ႀကီးမ်ား၊ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား/သူမ်ား အသီးသီးတို႔အတြက္ ေနအိမ္မွ ေက်ာင္းသို႔လာခ်ိန္၊ ေက်ာင္းစာသင္ခန္းသို႔ သြားခ်ိန္၊ စာသင္ၾကားခ်ိန္၊ နားေနခ်ိန္ႏွင့္ ေက်ာင္းဆင္းခ်ိန္ တို႔တြင္ လိုက္နာေဆာင္႐ြက္ရမည့္ စည္းကမ္းခ်က္မ်ား ႏွင့္ လမ္းၫႊန္ခ်က္မ်ားအား အတိအက်လိုက္နာ ေဆာင္႐ြက္ရန္အတြက္ ဆရာ၊ ဆရာမမ်ားသာမက မိဘမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈအခန္းက႑သည္လည္း အေရးႀကီးပါေၾကာင္း၊

• သက္ဆိုင္ရာ အေျခခံပညာေက်ာင္းအလိုက္ ေက်ာင္းအုပ္၊ ဆရာ၊ ဆရာမမ်ားႏွင့္ မိဘ ဆရာအသင္းဝင္မ်ားသည္ ၿမိဳ႕နယ္ ပညာေရးႏွင့္ က်န္းမာေရးတာဝန္ရွိသူမ်ား ပုံမွန္ေတြ႕ဆုံညႇိႏႈိင္းၿပီး ဆက္လက္ေဆာင္႐ြက္ၾကေစလိုပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

ဆက္လက္၍ ပညာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက -
• COVID-19 ကပ္ေရာဂါကာလတြင္ အေျခခံပညာအထက္တန္းအဆင့္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး အတြက္ သင္ယူမႈမဆုံးရႈံးေရး၊ ထိေတြ႕မႈေလ်ာ့ခ်ျခင္း၊ လူအုပ္စု မျဖစ္ေပၚေရး အဓိက စီစဥ္ထား ပါေၾကာင္း၊

• တိုင္းေဒသႀကီး/ ျပည္နယ္အားလုံးတြင္ အေျခခံပညာအထက္တန္း အဆင့္ ေက်ာင္းစုစုေပါင္း (၅,၆၃၃)ေက်ာင္း ရွိပါေၾကာင္း၊ ပုံမွန္ဖြင့္ႏိုင္မည့္ အထက္တန္းေက်ာင္း(၆၁၇)ေက်ာင္း၊ တစ္ပတ္ျခား အထက္တန္းေက်ာင္း (၂,၄၇၁)ေက်ာင္း၊ တစ္ပတ္ျခား ႏွစ္သုတ္တက္ အထက္တန္းေက်ာင္း (၂,၄၀၁)ေက်ာင္း၊ တစ္ပတ္ျခားႏွစ္သုတ္ (၃)ရက္ျခားတက္ အထက္တန္းေက်ာင္း (၁၄၄)ေက်ာင္း စီစဥ္ထားရွိပါေၾကာင္း၊ 
ဘုန္းေတာ္ႀကီးသင္အထက္တန္းေက်ာင္း(၃)ေက်ာင္း၊ ကိုယ္ပိုင္ အထက္တန္းေက်ာင္း (၁၀၀၀) ေက်ာင္းရွိပါေၾကာင္း၊ အထက္တန္းေက်ာင္းသား စုစုေပါင္း (၁.၂) သန္း ဝန္းက်င္ရွိပါေၾကာင္း၊

• သို႔ေသာ္ COVID-19 ကပ္ေရာဂါကာလတြင္ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ ဝန္းက်င္ျဖစ္ရန္အတြက္ စုစုေပါင္း မူ/ လယ္/ ထက္ ေက်ာင္းသားဦးေရႏွင့္ စာသင္ခန္း၊ စာသင္ခုံ၊ ဆရာဦးေရတို႔အရ လည္းေကာင္း၊ ေက်ာင္းသားတစ္ဦးလွ်င္ (၃၆) စတုရန္းေပအရလည္းေကာင္း စာသင္ခန္းတစ္ခန္းတြင္ (၂၀)ဦးအတြက္သာ ခုံစီထားပါသျဖင့္ အမ်ားဆုံးပုံမွန္ဖြင့္ေသာေက်ာင္းမ်ား၊ တစ္ပတ္ျခားေက်ာင္းမ်ား၊ တစ္ပတ္ျခား ႏွစ္သုတ္တက္ေက်ာင္းမ်ား၊ တစ္ပတ္ျခား ႏွစ္သုတ္ (၃) ရက္တက္ေက်ာင္းမ်ား စီစဥ္ထားရွိပါေၾကာင္း၊

• မူလတန္းျပ၊ အလယ္တန္းျပ၊ အထက္တန္းျပ ဆရာ ဆရာမမ်ား အားလုံး (၄၀၀,၄၄၄)ဦးရွိ၍ သင္႐ိုးသစ္ သင္ၾကားသင္ယူမႈနည္းလမ္းသင္တန္းမ်ားတြင္ အြန္လိုင္းသင္တန္း၊ ကာလတို အရည္အေသြးျမႇင့္ မြမ္းမံသင္တန္းမ်ား တက္ေရာက္ခဲ့ၾကသလို က်န္းမာေရးအသိပညာေပး သင္တန္းမ်ားကိုလည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားႏွင့္ပူးေပါင္းေဆာင္႐ြက္ခဲ့ပါေၾကာင္း၊

• က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနႏွင့္ ပူးေပါင္းျပဳစုထားေသာ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးႏိုင္ေရး ဆရာ ဆရာမမ်ား၊ မိဘမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား လိုက္နာရမည့္အခ်က္မ်ား၊ ေက်ာင္းအပ္ႏွံေရးႏွင့္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ေရး စီမံခ်က္တို႔ကိုလည္း တိက်စြာလိုက္နာ ေဆာင္႐ြက္ရန္အတြက္ ျဖန႔္ေဝျခင္း၊ အင္တာနက္ဝက္ဆိုက္ဒ္တြင္ အသိေပးထုတ္ျပန္ျခင္းတို႔ကို ေဆာင္႐ြက္ထားရွိပါေၾကာင္း၊

• က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ အခ်ိန္ႏွင့္တစ္ေျပးညီ ထုတ္ျပန္ထားရွိေသာ အႀကံျပဳခ်က္မ်ား၊ လမ္းၫႊန္ခ်က္မ်ားႏွင့္အညီ တာဝန္ခြဲေဝေဆာင္႐ြက္ရန္ႏွင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ဦးေဆာင္၍ နည္းပညာပိုင္းဆိုင္ရာ SOP/Guideline မ်ား ထုတ္ျပန္ျခင္းႏွင့္ အဆင့္ဆင့္လမ္းၫႊန္ျခင္း၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန(ေက်ာင္းက်န္းမာ)ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းတို႔အတြက္လည္း စီစဥ္ ထားရွိပါေၾကာင္း၊ ေက်ာင္းသား၊ ဆရာမ်ားအားလုံးတို႔ကိုလည္း ျပန္လည္အသုံးျပဳ၍ရသည့္ အဝတ္ျဖင့္ ျပဳလုပ္ထားေသာ ပါးစပ္ႏွင့္ႏွာေခါင္းစည္း (၂)ခုႏွင့္ မ်က္ႏွာကာ(၁)ခုစီ အခမဲ့ျဖန႔္ေဝေပးရန္ စီစဥ္ ထားရွိပါေၾကာင္း၊

• အသက္ႀကီးသူမ်ား ေက်ာင္းပို႔ႀကိဳမျပဳလုပ္ရန္၊ ေက်ာင္းပို႔ႀကိဳသူတစ္ဦးသာသတ္မွတ္၍ ေက်ာင္းပို႔ ႀကိဳသူ၊ ေက်ာင္းႀကိဳပို႔ယာဥ္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္သူ တို႔၏ ေနရပ္လိပ္စာ၊ ဆက္သြယ္ရန္ ဖုန္းနံပါတ္မ်ား မွတ္တမ္းတင္ထားရွိရန္၊ ေက်ာင္းသို႔ေရာက္ရွိပါက (၆)ေပျခား တန္းစီ၍ ကိုယ္ပူခ်ိန္ တိုင္းတာရန္ စီစဥ္ထားရွိပါေၾကာင္း၊ ကိုယ္ပူခ်ိန္ျမင့္သူ ရွိပါကလည္း အရန္ခန္းတြင္ ေခတၱထားရွိ၍ ကိုယ္ပူခ်ိန္ျပန္လည္တိုင္းမည္ ျဖစ္ပါေၾကာင္း၊ ကိုယ္ပူခ်ိန္ျမင့္မားသူ၊ ဖ်ားနာသူမ်ားကိုလည္း ခြင့္တိုင္ၾကားရန္ ႏွင့္ ေဆး႐ုံတြင္ ေဆးကုမႈခံယူရန္လည္း စီစဥ္ထား ရွိပါေၾကာင္း၊ ေဆး႐ုံ၊ ဆရာဝန္၊ သူနာျပဳမ်ား၏ ဆက္သြယ္ရန္ ဖုန္းနံပါတ္မ်ားလည္း စီစဥ္ထားရွိမည္ျဖစ္ပါေၾကာင္း၊

• တစ္ဦးႏွင့္တစ္ဦး (၆)ေပစီျခား၍ စနစ္တက် ေရႏွင့္ဆပ္ျပာျဖင့္ လက္ေဆးျခင္း သို႔မဟုတ္ လက္ေဆးဂ်ယ္ျဖင့္ လက္ေဆးျခင္း၊ တစ္ဦးႏွင့္ တစ္ဦး (၆)ေပစီျခား၍ စာသင္ခန္းအတြင္းသို႔ ဝင္ေရာက္၍ သတ္မွတ္ေနရာယူျခင္းတို႔ကိုလည္း စီစဥ္ထားရွိပါေၾကာင္း၊ ေက်ာင္းမုန႔္ဆိုင္ခန္းမ်ား ဖြင့္ခြင့္မျပဳထားပါေၾကာင္း၊ ေက်ာင္းတြင္ ခဲတံ၊ ေပတံ၊ ခဲဖ်က္၊ စာအုပ္ စသည့္ ပစၥည္းမ်ား လဲလွယ္ခြင့္မျပဳပါေၾကာင္း၊

• တိုင္းေဒသႀကီး၊ ျပည္နယ္အလိုက္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္မႈ စိစစ္ခဲ့ေသာ္လည္း ေက်ာင္းအလိုက္ အေသးစိတ္ ျပန္လည္ သုံးသပ္ျခင္းတို႔ကို စိစစ္မႈမရွိေသးေသာ္လည္း ပူးေပါင္းေဆာင္႐ြက္သြား လိုပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရး မႉးခ်ဳပ္ ေဒါက္တာျမင့္ျမင့္သန္းက စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ က်န္းမာေရးက႑မွ ေဆာင္႐ြက္ထားရွိမႈ အေျခအေနမ်ားကိုတင္ျပခဲ့ပါသည္။

ဆက္လက္၍ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း၊ ေက်ာင္းျပင္ပႏွင့္တစ္သက္တာပညာေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေဇာ္ဝင္းႏွင့္ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းတို႔က COVID-19 အႏၲရာယ္ကင္းရွင္းစြာျဖင့္ စာသင္ေက်ာင္းမ်ားဖြင့္လွစ္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္မႈမ်ားကို ရွင္းလင္းတင္ျပခဲ့ပါသည္။

ဆက္လက္၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ပါေမာကၡေဒါက္တာသက္ခိုင္ဝင္း၊ ျပည္ေထာင္စုဝန္ႀကီး႐ုံး၊ ၫႊန္ၾကားေရးမႉးခ်ဴပ္ ေဒါက္တာသာထြန္းေက်ာ္၊ ျပည္သူ႔က်န္းမာေရးႏွင့္ကုသေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာစိုးဦးတို႔က COVID-19 အႏၲရာယ္ကင္းရွင္းစြာျဖင့္ စာသင္ေက်ာင္းမ်ားဖြင့္လွစ္ႏိုင္ေရးအတြက္ ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ပါသည္၊
ထို႔ေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသည့္ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ COVID-19 ေရာဂါကာကြယ္တားဆီးေရး နည္းပညာပံ့ပိုးမႈေကာ္မတီဝင္မ်ားက အေထြေထြေဆြးေႏြးျခင္းႏွင့္ အႀကံျပဳျခင္း မ်ားကို ေဆာင္႐ြက္ခဲ့ၾကပါတယ္။

Ministry of Health and Sports, Myanmar

Latest Post News Tips Read 1254 times