အလုပ်အကိုင်ဆိုတာ ဘာလဲ?
အသက်မွေးဝမ်းကြောင်းကရော ဘယ်လိုလဲ?
ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်အကိုင်ကနေ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ်ပြောင်းလဲဖို့အတွက် ဘယ်လိုကြိုးစားအားထုတ်ဖို့လိုအပ်မလဲ?
လူငယ်တွေအားလုံးအတွက် အလုပ်လုပ်ကိုင်ရာမှာစိတ်ဓာတ်ခွန်အားဖြစ်စေပြီး အလင်းပြပေးဖို့အတွက် ❝Confidence to Get a Job and Career Seminar & Fair❞ ကို သြဂုတ်လ(၁၀)ရက်နေ့မှာ UMFCCI တွင်ကျင်းပပေးသွားတော့မှာဖြစ်ပါတယ်။
Read More>>> ❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝Finance Industry❞ အတွက်ဟောပြောမည့်သူများ
မြန်မာ့ပညာရေးလမ်းညွှန်(EDGE) ကကြီးမှူးကျင်းပမယ့် ❝Confidence
in Education to Get a Job and Career Seminar & Fair❞ မှာ “Understanding the differences between a job and a career” ခေါင်းစဉ်ဖြင့် ဆရာဦးမိုးကျော်နဲ့ ဆရာဦးသူရိန်ငြိမ်းတို့မှ ဟောပြောပေးသွားမှာပါ။
ဦးမိုးကျော်သည် MMRD Co., Ltd. ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တွင် ဦးမိုးကျော်ဟာ ရန်ကုန်ရဲ့ ပထမဦးဆုံး စီးပွားရေးလုပ်ငန်းများနဲ့သက်ဆိုင်သော ပြည့်စုံတဲ့လမ်းညွှန်စာအုပ်ကို စတင်မိတ်ဆက်ပြီး ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ထို့နောက် ဈေးကွက်နဲ့သုတေသနရှာဖွေရေးနယ်ပယ်မှာ မြန်မာနိုင်ငံရဲ့အကြီးမားဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ MMRD(Myanmar Marketing Research & Development Co., Ltd) ကို တည်ထောင်ခဲ့ပါတယ်။
Read More>>>> ❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝HR Industry❞ အတွက်ဟောပြောမည့်သူများ
ဦးသူရိန်ငြိမ်းသည် Myanmar Resources Network Ltd. ရဲ့ Managing Director ဖြစ်ပါတယ်။ သူဟာဆိုရင် Professional Marketers Association ရဲ့တည်ထောင်သူအဖွဲ့ဝင်ဖြစ်တဲ့အပြင် Myanmar Retailers Association ရဲ့ဥက္ကဌဖြစ်ပြီး MMRD ကုမ္ပဏီတွင်လည်း Managing Director အဖြစ် (၅) နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။
“Understanding the differences between a job and a career” နဲ့ပတ်သက်တဲ့သိလိုသမျှကို Comment မှာမေးထားနိုင်ပြီး ထိုမေးခွန်းများရဲ့အဖြေကို ဟောပြောပွဲမှာ ထည့်သွင်းဖြေကြားပေးသွားမှာဖြစ်သလို EDGE ပရိသတ်များအတွက် ယခုပေ့ခ်ျမှဗ်ီဒီယိုမှတ်တမ်းများပြန်လည်တင်ဆက်ပေးသွားမှာဖြစ်လို့ အနယ်နယ်အရပ်ရပ်မှ “Understanding the differences between a job and a career”ကိုစိတ်ဝင်စားလုပ်ကိုင်နေသူအားလုံး မေးခွန်းများကို အခုပဲမန့်ခဲ့လိုက်တော့နော်။
===================
Read More>>>> ❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝Manufacturing Industry❞ အတွက်ဟောပြောမည့်သူများ
အောက်ကလင့်ခ်လေးကိုဝင်ပြီး Going နှိပ်ထားမယ်ဆိုရင် ပွဲအစီအစဉ်အသေးစိတ်တွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။
EDGE Event: https://www.facebook.com/events/481473212629067/
EDGE Website: https://www.edge.com.mm/
Read More>>>> ❝Confidence to Get a Job and Career Seminar & Fair❞ပွဲကြီးတွင် ❝Marketing Industry❞ အတွက်ဟောပြောမည့်သူများ
Registration လုပ်ချင်တယ်ဆိုရင်တော့… https://www.edge.com.mm/edgeevent/registration.php မှာသွားရောက်ပြီး Registration လုပ်နိုင်မှာဖြစ်ပါတယ်။
#ConfidenceInEducation
#MyanmarEducationDirectory
#EDGE_Seminar
#Job
#Career