ဆရာ၊ ဆရာမတွေအတွက် အသုံးဝင်မယ့် စာသင်ခန်းသုံး အင်္ဂလိပ်စကားပြောများ

ဆရာ/ဆရာမတို့အနေနဲ့ စာသင်ခန်းထဲမှာ အင်္ဂလိပ်စာကို ဘာသာရပ်တစ်ခုအနေနဲ့ မဟုတ်ဘဲ ဘာသာစကားတစ်ခုအနေနဲ့ သင်ပေးချင်တယ်ဆိုရင် ကလေးတွေနဲ့ နေ့စဉ်ပြောနေကျ စကားတွေမှာ အင်္ဂလိပ်လို ပြောဖို့ လိုပါတယ်။

နိုင်ငံတကာကျောင်းက ဆရာ/ဆရာမ မဟုတ်လည်း စာသင်တဲ့အခါ အင်္ဂလိပ်လို ပြောပြီး ကလေးတွေကို အင်္ဂလိပ်စာ မကြောက်အောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ကလေးတွေက အင်္ဂလိပ်စာကို နားရည်၀ပြီး စကားအပြောစွမ်းရည် တိုးတက်လာနိုင်ပါတယ်။

ဒါကြောင့် စာသင်ခန်းထဲမှာ အသုံးများတဲ့ အင်္ဂလိပ်စကားပြောလေးတွေကို ဆရာ၊ ဆရာမတွေအတွက် မျှဝေပေးလိုက်ပါတယ်။ ဒါ့အပြင် ကလေးတွေဘက်ကလည်း စာသင်ခန်းထဲမှာ ဘယ်လိုပြန်ပြောရမလဲဆိုတာပါ ထည့်သွင်း ဖော်ပြပေးထားပါတယ်။ 

Good morning/afternoon/evening everyone!
အားလုံးပဲ မင်္ဂလာနံနက်ခင်း/နေ့လည်ခင်း/ညနေခင်းပါ။

Sit down everyone.
အားလုံးထိုင်နိုင်ပါပြီ။

Stand up please
မတ်တပ်ရပ်ပါ။

Who is absent today?
ဒီနေ့ကျောင်းဘယ်သူပျက်လဲ တပည့်တို့?

Are you ready? Let’s start/ let’s get started.
အဆင်သင့်ဖြစ်ကြပြီလား? ဒါဆိုစလိုက်ကြရအောင်။

Have you all finished
မင်းတို့အားလုံး ပြီးပြီလား?

Listen carefully
သေချာနားထောင်ကြပါ။

Repeat after me.
ဆရာ/မနောက်ကလိုက်ဆိုပါ။

Spell the words.
စာလုံးတွေကို စာလုံးပေါင်းပါ။

Say it louder!
ဒီထက်ပိုကျယ်အောင်စာဆိုကြပါကွယ်။

Be quiet.
တိုးတိုးနေကြပါ။

I won't teach until everyone is quiet.
အားလုံးမတိတ်မချင်း စာမသင်ဘူး။

Please open your book/textbook at page ——.
စာမျက်နှာ---ရှိ စာအုပ်ကို/ ဖတ်စာအုပ်ကိုဖွင့်ပါ။

Look at me/whiteboard/your textbook/picture.
ဆရာ/မကို/whiteboard ကို / ဖတ်စာအုပ်ကို/ပုံကို ကြည့်ပါ။

Write it in your book.
စာအုပ်ထဲမှာချရေးပါ။

Put down your pencil.
ခဲတံတွေချလိုက်တော့။

Open/close the window/door please.
ပြတင်းပေါက်ကို/တံခါးကို ပိတ်ပါ/ဖွင့်ပါ။

Come to the board, please.
အရှေ့ကိုခဏထွက်ခဲ့ပါအုန်း။

Choose the correct answer
အဖြေမှန်ကိုရွေးပါ။ 

Who wants to answer?
ဘယ်သူအဖြေဖြေချင်လဲ?

Can I help you?
ဆရာ/မ ဘာများကူညီရမလဲ?

Do you understand?
မင်းတို့စာတွေနားလည်ရဲ့လား?

Do you have any questions?
မေးစရာရှိလား?

Raise your hands if you have questions!
မေးစရာရှိတယ်ဆိုရင် လက်ထောင်ကြပါ။

You are going to work in pairs/ group of three/ four. Ask your partners.
မင်းတို့ (၂) ယောက်တစ်ဖွဲ့၊ (၃) ယောက်တစ်ဖွဲ့၊ (၄) ယောက်တစ်ဖွဲ့ တိုင်ပင်ပြီး လုပ်ကြရတော့မယ်။

The homework is on page —— lesson ——-.
အိမ်စာက စာမျက်နှာ ---- ရဲ့ သင်ခန်းစာ ---- ဖြစ်တယ်။

Don’t forget to do your homework!
အိမ်စာတွေလုပ်ဖို့မမေ့ခဲ့ကြနဲ့နော်!

Well done/excellent/ good job for today!
ဒီနေ့အရမ်းတော်ကြတယ်ကွယ်။

See you tomorrow everyone! Good bye class.
မနက်ဖြန်မှတွေ့ကြတာပေါ့! အားလုံး ဆရာ/မသွားပြီနော်။

Don’t talk much before the next teacher comes in!
နောက်ဆရာမ မရောက်သေးခင် စကားတွေ အများကြီး ပြောမနေကြနဲ့အုန်း။

Do you understand? 
သမီး/သား နားလည်လား?

Yes, I do. No, I don’t .
ဟုတ်ရပါတယ်။ မရဘူး ဆရာ/မ။

How do you pronounce?
ဒါလေးကိုဘယ်လိုအသံထွက်ရမလဲရှင်/ခင်ဗျာ?

How do you spell?
ဒါလေးကိုဘယ်လိုစာလုံးပေါင်းရမလဲရှင်/ခင်ဗျာ?

Could you repeat, please?
ထပ်ပြောပေးပါလား ဆရာ/မ ရှင့်/ခင်ဗျာ့။

Is it right?
ဒါမှန်လားရှင့်/ခင်ဗျာ့?

May I go to the toilet, please?
Toilet သွားလို့ရမလားရှင်/ခင်ဗျာ?

Can I come in, teacher?
ဝင်ခွင့်ပြုပါရှင့်/ခင်ဗျာ့?

Fold your arms.
လက်ပိုက်ထားပါ။

Don't be sleepy in the class.
အတန်းထဲမှာ အိပ်မငိုက်ပါနဲ့။

Listen to me.
ဆရာပြောတာကို နားထောင်ပါ။

Listen and repeat.
နားထောင်ပြီး လိုက်ပြောပါ။

Read aloud/loudly.
အသံကျယ်ကျယ် ဖတ်ပါ။

Read on./Keep on reading.
စာဆက်ဖတ်ပါ။

Take out your note books.
မှတ်စုစာအုပ်တွေ ထုတ်ကြပါ။

Write them down.
အဲ့ဒါတွေ ချရေးပါ။

Stay in the class.
အတန်းထဲမှာ နေကြပါ။

Talk softly.
တိုးတိုးသက်သာ စကားပြောပါ။

Speak sweetly.
ချိုချိုသာသာ စကားပြောပါ။

Do not litter in the classroom.
စာသင်ခန်းထဲ အမှိုက်မပစ်နဲ့။

Clean your classroom.
အခန်းကိုသန့်ရှင်းရေးလုပ်ပါ။

Open your books.
မင်းတို့ရဲ့ စာအုပ်တွေကို ဖွင့်လိုက်ပါ။

Close your books.
မင်းတို့ရဲ့ စာအုပ်တွေကို ပိတ်လိုက်ပါ။

Finish your classwork.
အတန်းစာတွေ ပြီးအောင်လုပ်ပါ။

Show me your books.
မင်းတို့ရဲ့စာအုပ်တွေကို ပြပါ။

It's time to finish.
အပြီးသတ်ချိန်ရောက်ပါပြီ။

No talking while I'm talking.
ဆရာပြောနေတုန်း စကားမပြောပါနဲ့။

No writing while I'm talking.
ဆရာပြောနေတုန်း မရေးပါနဲ့။

No talking while I'm writing on the blackboard / whiteboard.
ဆရာ သင်ပုန်းမှာစာရေးနေတုန်း စကားမပြောပါနဲ့။

No talking while I'm explaining.
ဆရာရှင်းပြနေတုန်း စကားမပြောပါနဲ့။

Don't move your lips while you're reading.
စာဖတ်ရင် နှုတ်ခမ်းမလှုပ်ပါနဲ့။ (စိတ်နဲ့ စာဖတ်ပါ။)

Whose turn is it now ?
အခု ဘယ်သူ့အလှည့်လဲ။

It's my turn. ( or )  It's me.
ကျွန်တော့်အလှည့်ပါ။

Don't do that!
အဲ့လို မလုပ်ပါနဲ့။

I'm sorry,Teacher. I won't do that again.
တောင်းပန်ပါတယ် ဆရာ။ ကျွန်တော် ဒါမျိုး ထပ်မလုပ်တော့ပါဘူး။

မှတ်ချက်။  ။ လူမှုကွန်ရက်စာမျက်နှာမှ ကောင်းနိုးရာရာ စာသင်ခန်းသုံး အင်္ဂလိပ်စကားပြောများကို ကောက်နုတ်ဖော်ပြထားသည်။ မူရင်းရေးသားသူများကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။ 

===================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post Primary Secondary Read 44 times